ခေတ်သစ် သူမ သိပါသည် သူမ စမ်းရေကြည်ကို အရှုံးကြီးရှုံးနေပြီ သူမ ထက် စမ်းရေကြည်က ဘာတွေများ သာနေလဲ ဆိုတာ သူမ သိချင်မိသည် သူမထက် ဘာလို့ ကိုကိုက စမ်းရေကြည်ကို အရေးပေးနေတာလဲ သူမ မေးခွန်းများစွာရှိနေသည် ငါနဲ့စမ်းရေကြည် နှစ်ယောက်ထဲကတစ်ယောက်ကိုရွေးရမယ် ဆိုရင်ကော သူမ ထိုအဖြေကို ကိုကိုမဖြေလဲ သိနေပါသည် ကိုကို ရဲ့အမူအရာတေွက ဖြေနေစရာမလိုပင်။ ကိုကို စမ်းရေကြည်ကို ပဲ ရွေးချယ်မှာပါ တကယ်လို့ သူမကို ရွေးခဲ့တယ်ဆိုရင်တောင် အဲ့တာက သူငယ်ချင်းနှစ်ယောက်ကြားက ကတိပဲ သူမ ခပ်မဲ့မဲ့ပြုံးလိုက်သည် အပြုံးနဲ့အတူ မျက်ရည်တွေ စီးကျလာသည် 'ငါထင်တယ် ငါက ကိုကိုရဲ့ အချစ်ဦး မဟုဘူးပဲ ငါ့ဘက်က တစ်ဖက်သက်အတွေးတစ်ခုပဲ'
သူမ ဆုံးဖြတ်ချက်တစ်ခုကိုပြတ်သားစွာချလိုက်သည်
"တီတီခေတ်"
အပြင်က အခန်းတံခါးခေါက်သံကိုကြားလိုက်သည် သူမ အခန်းတံခါးကိုဖွင့်လိုက်တော့ သူမ အံ့သြသွားသည်
"သားသား ဘာလာလုပ်တာတုန်း"
"တီတီဆီလာတာ"
"တီတီဆီ ဘာလို့လာတာ"
"တီတီ ကို ထမင်းစားဖို့လာခေါ်တာ"
"တီတီ ကို လာခေါ်ရအောင် တီတီနဲ့သားသားက သိလို့လား"
နေရောင်က ခနစဥ်းစားနေတဲ့ပုံလေးလုပ်နေသည် သူမ ပြုံးမိသည် ခလေးက တကယ်ကို ကိုကိုနဲ့တူတာပဲ မျက်နှာချိုးတွေကအစ မျက်လုံးအကြည့်တွေကတော့ စမ်းရေကြည်နဲ့တူနေသည်
"သားသား"
"ဗျာ"
"တီတီ ကိုချစ်လား"
နေရောင် က ရှက်တဲ့ပုံလေး ဖြစ်သွားသည် ပါးလေး နီလာသည် တကယ်ကို ချစ်မွှေးပါတဲ့ခလေးလေးပဲ
"ဟိဟိ"
"ဘာရီတာတုန်း တီတီ ကိုချစ်ဘူးလား"
နေရောင် ပြေးထွက်သွားသွားသည်
သူမ တံခါးဝမှာ ပြုံးပြီးကျန်ခဲ့တယ် 'အပြုံးလေးက ခေတ်အကိုနဲ့ သိပ်တူတာပဲ'
သူမ မျက်ရည်က ပေါက်ခနဲ ကျလာသည် ရုတ်တရက် သူမ အကိုကို သွားသတိရမိသွားသည် သူမ မျက်ရည်ကို သုတ်ပြီး ထမင်းစားပွဲဆီ ထွက်လာလိုက်သည် ခေတ် ထမင်းစားပွဲကိုကြည့်တော့ တိတ်ဆိတ်နေသည် စမ်းရေကြည် ကတော့ ခလေးကို ထမင်းခွံရင်း ချော့မြှူနေသည် ကိုကို ဘက်ကို တစ်ချက်မကြည့် ကိုကို ကတော့ စားလိုက် စမ်းရေကြည်ကို ကြည့်လိုက်လုပ်နေသည်
"ကိုကို"
"ပြောလေ"
"ခေတ် နိုင်ငံခြားမှာ အခြေချချင်တယ်"
"ကောင်းသားပဲ ခေတ်ဘဝ တက်လမ်းအတွက်ကောင်းတာပေါ့"
"ဟုကဲ့ ကိုကို ခေတ် နောက်လလောက် သွားဖြစ်မယ်ထင်တယ်"
"ခေတ် မစောလွန်းဘူးလား ဒီကိုရောက်တာ သိပ်မကြာသေးဘူးလေ"
"မစောပါဘူး ကိုကိုရဲ့ ခေတ် က နောက်အပတ်လောက်သွားချင်တာ ကိုကို နဲ့ ခနလောက် နေချင်သေးလို့ နောက်လမှ သွားမှာ"
"ခေတ်သဘောပါ"
ဒီရေ ခေတ်နဲ့သာ စကားပြောနေတာ သူ့အကြည့်တွေက စမ်းရေကြည်ဆီက မခွာ စမ်းရေကြည် ထ မယ်လုပ်တော့ ဘေးက အိမ်ဖော်တွေက တွဲကူပေးဖို့လုပ်သည်
"နေနေ ငါလုပ်လိုက်မယ်"
ဒီရေ စားနေရာကနေ ပြာပြာသလဲ ထ လာကာ သူမ နားကို သွားလိုက်သည် သူမ လက်ကိုတွဲကူမယ်လုပ်တော့
"မလိုပါဘူး"
သူမ ပြောတာကို ဒီရေ နားမထောင်ပေ။
သူမကို စွေ့ခနဲ ပွေ့ချီလိုက်သည်
"အခု ဘယ်သွားမှာလဲပြော"
"ရှင်အောက်ချလိုက် ဘေးမှာ ခလေးနဲ့"
"မင်း တစ်နေရာရာ သွားမို့မလား"
"ကျမက တွဲကူ ခိုင်းတာလေ ချီခိုင်းတာ မဟုဘူး အောက်ချ"
"ငါ က မင်းအတွက် အားစိုက်စရာမလိုအောင်လုပ်ပေးနေတာလေ"
တကယ်ကို ကို့ယို့ကားယား အခြေအနေပါ ခေတ်လဲ သည်းမခံနိုင်တော့ဘဲ
"ကိုကို ခေတ် အပြင်သွားအုံးမယ်နော်"
ခေတ် သွားခါနီးတော့ နေရောင်လေးက
"တီတီ သားသားလဲလိုက်မယ်"
"သားသားက ဘယ်ကိုလိုက်မှာတုန်း"
"တီတီနဲ့လိုက်မှာ"
စမ်းရေ စဥ်းစားနေမိသည် သားလေးက ခေတ်နဲ့ ဘယ်တုန်းက ရင်းနှီသွားတာပါလိမ့်။
"သားသားလိုက်မယ်ဆို အဝတ်အစားလဲလေ"
"ဟုကဲ့ တီတီခေတ်"
"ကိုကို ခလေးကို ခေါ်သွားမယ်နော်"
"အင်းအင်း မုန့်ဖိုးထည့်ပေးလိုက်မယ်"
"ခေတ်မှာ ရှိပါသေးတယ်"
"ရှိလဲ ယူထားလိုက်"
"ကိုကို တို့နှစ်ယောက် ဒီတိုင်းပဲ နေတော့မှာလား"
"သူ့သဘောလေ"
စမ်းရေကြည် မျက်လုံးပြူးကြီးနဲ့ ဒီရေကိုကြည့်လိုက်သည်
"အဲ့ဆို အောက်ချ"
"မချပေးပါဘူး"
"ရှင်ပဲ ကျမသဘောဆို"
"ငါက မင်းဘယ်သွားမလဲ မေးနေတာလေ မင်း သွားချင်တဲ့နေရာ ရောက်မှ ချပေးမှာ"
"ဟ ဒီရေလှိုင်း"
"ဘာလဲ"
"ရှင် နော်.."
"ဘယ်သွားမှာလဲ"
"ဧည့်ခန်းထဲသွားမှာ"
"ဧည့်ခန်း ထဲ ဘာသွားလုပ်မှာ"
"ရှင် လျှာရှည်လှချည်းလား"
"ဟ မင်း"
"ဘာဖြစ်လဲ ဧည့်ခန်းထဲပဲ ပို့ပေး"
သူမ ကိုဧည့်ခန်းထဲခေါ်သွားသည် ဆိုဖာတစ်ခုပေါ် ချပေးလိုက်သည် သူမကလဲ ဘေးနားက ဖုန်းကို ဆွဲယူလိုက်တော့ ဖုန်းထိုင်သုံးနေသည် ဒီရေကတော့ အဲ့နားမှာ ရပ်နေမိသည် သူမကတော့ သူမရှိသလိုပင်
"စမ်းရေကြည်"
"ဘာလဲ"
"မင်း စိတ်ဆိုးနေတုန်းလား"
"ရှင့်ကို စိတ်ဆိုးရအောင် ရှင်နဲ့ကျမ က ဘာမို့လို့လဲ"
ဒီရေ တွေဝေ မိသွားပြန်ပြီ
"ရှင် သားကို နိုင်ငံခြားမှာ ကျောင်းထားမှာမလား"
"အင်း"
"အဲ့ကျရင် ကျမ အိမ်ကျမပြန်မယ်"
"ဘာလို့ပြန်မှာလဲ"
"သားမှ မရှိတာ"
"ငါရှိတယ်လေ"
"ဟမ်..ရှင်ရှိတာ ဘာလုပ်ရမှာတုန်း"
"ငါရှိတာ မင်း..မင်း.အတွက် အားကိုးရတယ်လေ"
"မလိုပါဘူး တစ်သက်လုံးလဲ ဒီလိုပဲ နေလာတာ"
"အခုက မတူတော့ဘူး မင်းက ဒီရေလှိုင်းရဲ့အားနည်း ချက်ဖြစ်နေပြီ"
"ဘာပြောတယ်"
"ငါပြောတာက မင်းက သားရဲ့အမေလေ မင်းတစ်ခုခုဖြစ်ရင် သားက ဘယ်လိုနေရမှာတုန်း အဲ့တော့ မင်းက သားရဲ့အားနည်းချက်လေ အဲ့တော့ သားရဲ့အားနည်းချက်က ငါ့အားနည်းချက်လေ"
"ကျပ်ပြည့်လား"
"မင်း ဘာပြောတယ်"
"ဟုတယ်လေ ရှင် ဘာတွေပြောနေမှန်းလဲမသိဘူး"
အဲ့အချိန် လင်းသန့်ရောက်လာတော့ ဒီရေ သူမကို နှုတ်ဆက်ကာ ထွက်သွားသည် အိမ်မှာ သူမရယ် အိမ်စေ တွေရယ်ပဲကျန်တော့သည် ကြီးမေခ က ဒီရေ အမေ နဲ့ခနလိုက်သွားငည် သူမလဲ နေ့လည်ဘက် ခနအိပ်မယ်ဆိုပြီး အခန်းထဲ တံခါးပိတ်ပြီး အိပ်နေလိုက်သည်
ဒီရေ အစည်းအဝေးလုပ်နေတုန်း လင်းသန့် အပြေးဝင်လာသည်
"ဘော့စ် စံအိမ် မီးလောင်လို့တဲ့"
"ဘာ"
"ခေတ် တို့ကော"
"ရောင်နီနဲ့ ခေတ်က အပြင်မှာပဲ အိမ်မှာက....."
ဒီရေ သိလိုက်ပြီ အလောတကြီး အခန်းထဲက ထွက်သွားလိုက်သည် သူ အိမ်ကို ရောက်တော့ အိမ်နားမှာ ကားမဲ တစ်စီး
"လင်းသန့် အဲ့ကားနောက်ကို ခြေရာခံ"
ဒီရေကတော့ အိမ်ကို တန်းပြန်လာသည် မီးအသည်းအသန်ငြှိမ်းနေကြတဲ့ အိမ်ကလူတွေ သူမ ဘယ်မှာလဲ သူမကို မတွေ့သေးပေ
"အကိုလေး"
"နင် တို့ မမလေးကော"
"မမလေး နေ့လည်က အခန်းထဲ တံခါးပိတ်ပြီး ဝင်အိပ်နေတယ် အဲ့တာ မီးလောင်တော့ အကုန်ပြေးကြရင်း မမလေးကို မနှိိုးမိဘူး"
"ဟာ တောက်စ် မင်းတို့တွေ အပြစ်ပေးခံဖို့ ပြင်ထား"
"ဝုန်း"
ထိုအချိန် စမ်းရေကြည် အခန်းက ထ ပေါက်ကွဲသွားတယ်
"စမ်းရေ"
ဒီရေ အတင်း အိမ်ထဲ ဝင်ဖို့လုပ်တော့
"ဘော့စ် မရပါဘူး"
"မင်းတို့ ငါ့ကို လွှတ်စမ်း"
ဒီရေ စိတ်က တင်းမထားနိုင် မီးက တဖြည်းဖြည်း ငြှိမ်းသွားသည် မီး ထဲ မှာ မိန်းခလေး အလောင်း နှစ်လောင်းတွေ့သည်
ဒီရေ ရင်တွေပူနေတယ် သူမ မဟုတ်ပါစေနဲ့
"ဘော့စ် အဲ့တာ အိမ်စေ တွေမဟုဘူး"
"ဘာပြောတယ်"
"အိမ်စေ ထဲ က တစ်ယောက်ကတော့ ပျောက်နေတယ်တဲ့ နောက်တစ်ယောက်က...."
"မင်း တော်လိုက်တော့"
ဒီရေ စိတ်တွေ မတည်ငြိမ်တော့ပါ
ထိုအချိန် အိမ်ရှေ့ကို ကားတစ်စီးထိုးရပ်လာတယ် ဒီရေ ဂရုမစိုက်အား သူ့စိတ်မှာ မိုးမီးလောင်နေသည် ကားပေါ်က ဆင်းလာတဲ့ အမျိုးသမီး နှစ်ဦး
"ဘာဖြစ်ကြတာလဲ"
ဒီရေ နောက်လိုက် တစ်ယောက်က ဒီရေကို ခေါ်လိုက်တယ်
"ဘော့စ် မမလေး"
ဒီရေလှည့်ကြည့်လိုက်တော့ သူမ ဘေးမှာ အိမ်စေ ကောင်မလေး တစ်ယောက် ဒီရေ သူမ ဆီ မြန်မြန် လျှောက်သွားလိုက်သည်
"မင်း ဘယ်တွေ လျှောက်သွားနေတာလဲ"
"ကျမဘာသာကျမ...."
သူမ ပြောလို့ မပြီးခင်မှ ပဲ သူမကို ဆွဲဖက်လိုက််သည်
"တော်သေးတာပေါ့ ဘာမှမဖြစ်လို့ တော်သေးတာပေါ့ စိတ်ပူနေခဲ့တာ သေမတတ် ကြောက်နေခဲ့တာ"
စမ်းရေ ကြောင်သွားတယ် ဘေးကလူတွေကလည်း မမြင်ချင်ယောင်ဆောင် နေကြသညိ
စမ်းရေ သူ့ကျောကုန်းလေးကို လက်နဲ့ပြန်ပုတ်ပေးလိုက်သည် နေရောင် တို့လဲ ပြန်ရောက်လာသည် နေရောင်လေးက သူတို့ကို မြင်တော့ သူတို့ကိုလာဖက်သည် မိသားစု သုံးယောက် မြင်ကွင်းလေး။ ခေတ်သစ် ပြုံးလိုက်တယ် 'ငါက ဘာလို့ သူတို့သုံးယောက်ကြား ဝင်နှောင့်ယှက်ရမှာလဲ'
စမ်းရေ သားလာဖက်တာကို သိတော့ သားကို ဖက်မလိူ့လုပ်ချင်ပေမဲ့ ဒီရေ က သူမကိုမလွှတ်ပေးပေ သူမ ရုတ်တရက် သူမ ပခုံးက စိုလာတယ် 'သူ ငိုနေတာလား' သူမ သူ့ကို လက်နဲ့မပုတ်ပေးတော့ပဲ သူ့ကို ပြန်ဖက်လိုက်သည်
"မငိုနဲ့တော့နော်"
သူမ နှစ်ကိုယ်ကြား ပဲ ကြားနိုင်အောင်ပြောလိုက််သည် ဒီရေ နွေးထွေးမှုလေးကို ခံစားရသည် သူ့နှလုံးသားကို အပူလှိုင်းလေး ဖြတ်သွားသလိုပဲ
"ငိုတာက ငိုပါ ဖက်တာကိုလျှော့လို့ ရမလား အသက်ရှူကြပ်လို့"
သူ ပိုလို့ပင် တိုးပြီး ဖက်လိုက်သည် သူမ ဆံနွယ်ကြားကိုလဲ ခေါင်းတိုးဝင်လိုက်သည်
"ချစ်တယ်"
သူမ မျက်လုံးပြူးသွားသည် ကြားရတဲ့သူမနားကိုပင်မယုံနိုင် 'တကယ်ကြီးလား ဒီရေလှိုင်းက ငါ့ကို ချစ်တယ်လို့ ပြောလိုက်တာလား ငါနားကြားမှားတာလား'
သူတို့သုံးယောက်ကြည့်ရတာ အခုအခြေအနေကို ပင် မေ့သွားပုံပဲ
"ဒီရေ ဘာဖြစ်တာလဲ အိမ်က"
"ကိုယ့်ရန်သူတွေ မင်းနဲ့သားအကြောင်းသိသွားပြီ စံအိမ်ထဲကိုလဲ သူစိမ်းတွေ ဖောက် ဝင်လာပြီ ကိုယ်တို့ နေရာ ပြောင်းသင့်ပြီ"
"ဘယ်ကိုလဲ"
"လာပါ ကားထဲ သွားရအောင်"
သူတို့ ကားထဲဝင်လိုက်တယ်
"အခုလောလောဆယ် အမေ့ အိမ်မှာနေ"
"ရှင့် အမေ အိမ်မှာလား"
"အင်း ငါ အခုလုပ်ကြံတဲ့ သူအကြောင်းစုံစမ်းရအုံးမယ်"
"ရှင် အဆင်ပြေရဲ့လား"
"ငါလား ပြောပါတယ်"
"ရှင် ဘာလို့ ငိုတာလဲ"
"နောက်ကျ မင်းသိမှာပါ အခု အမေ့ အိမ်သွားကြတာပေါ့"
ဒေါ်စိန်ရတီ က အကုန်လုံးကို သိထားပုံပဲ အခန်းတွေ အသင့်ပြင်ထားသည် သားအတွက် တစ်ခန်း သူမနဲ့ဒီရေ အတွက် တစ်ခန်း
"အန်တီ ကျမ အတွက် အခန်းသပ်သပ်မရှိဘူးလား"
ဒီရေ လက်တော့ပ်ကိုကြည့်နေရင်း သူမကို မကြည်တဲ့ အကြည့်နဲ့ကြည့်တယ်
"လင်နဲ့မယား ဆိုတာ ခွဲမအိပ်ရဘူး"
"မဟုဘူးလေ သမီးတို့က လင်မယားမဟုတ်..."
ဒေါ်စိန်ရတီ နေရောင်ကို မေးမော့ပြလိုက််သည်
"မဟုဘူးလေ"
"စမ်းရေကြည် မင်းနဲ့အတူတူအိပ်မှာ အဲ့တာ ငါ အမေကို ကြိုပြောထားတာ"
"ဒါပေမဲ့...."
ဒီရေ မတ်တပ်ရပ်လိုက်ပြီ
"ငါ အပြင်သွားလိုက်အုံးမယ်"
"ရှင် အခုမှ ရောက်တာ အပြင်သွားမို့လား"
"ငါရှင်းစရာရှိတယ်"
ဒီရေ အကြည့်တော့ မာကျောလာသည် သွေးဆာနေတဲ့ ကျားရဲတစ်ကောင်ရဲ့အကြည့် ။
သူမ သူနဲ့ စတွေ့တုန်းကလိုပုံစံပဲ။သူမ သိလိုက်ပါပြီ သူဘာလုပ်မလဲ ဆိုတာ။
YOU ARE READING
ထိုလူသားကြောင့် s(1)
Romance"ငါမှန်နေသရွေ့ ဘယ်ပတ်ဝန်းကျင်ကိုမှ ဂရုမစိုက်တတ်ဘူး" စမ်းရေကြည် "ငါ့ကို သစ္စာဖောက်ရင် ရှင်လမ်း ဆိုတာမရှိဘူးနော် စမ်းရေကြည်" ဒီရေလှိုင်း စာလုံးပေါင်းသတ်ပုံမှားရင် တောင်းပန်ပါတယ် နည်းနည်းရှမ်းတတ်လို့ပါ😁😁 လိုအပ်ချက်လေးတွေရှိလည်း ထောက်ပြပေးပါ🤔🤔...
