စမ်းရေတို့ ပြင်ဆင်ပြီး ktvသို့သွားကြသည် ဟိုရောက်တော့ သူငယ်ချင်း သုံးယောက်ထဲ စားလိုက် သောက်လိုက်နဲ့ ပျော်မြူးနေသည် ဒီနေ့သားသားက မူကြို စ တက်ရတဲ့နေဆိုတော့ သူမ အရင်လို ပျော်ပျော်ရွှင်ရွှင်ပဲနေသည် သူမသူငယ်ချင်းတွေက သောက်ပေမဲ့ သူမကတော့မသောက်ဖြစ်ပေ အိမ်ကို မူးမူးနဲ့ပြန်တာသိပ်အဆင်မပြေ ဂျူလီက တော့ မူးပြီး ကဲနေပြီ နှိုင်းက အသိစိတ်ရှိသေးတယ် ဂြူလီကတော့ အသိစိတ်မကပ်တော့
"ဂျူလီ ပြန်မယ်"
"မပြန်ဘူး ဆက်ဆိုမယ်"
"လာပါဂျူလီရယ် အချိန်က ညနေစောင်းနေပြီ"
"အဲ့တော့ ဘာဖြစ်လဲ ညအထိ နေမယ်လေ"
သူမ မူးနေပြီ
"နှိုင်း ဘာလုပ်နေတာလဲ လာထိန်းအုန်းလေ"
"သူ့လင်ကို ဖုန်းခေါ်နေတာ"
"ကိုကိုလား"
သူ့လင်အကြောင်းပြောတော့ အဲ့ဟာမက သိနေသည် နှိုင်း မျက်စောင်းသာခဲမိတော့သည်
"ကိုကိုရေ သဲကို လာခေါ်ပါအုံး သဲကို အနိုင်ကျင့်နေကြတယ်"
သူမ အသံပြဲကြီးနဲ့ လှမ်းအော်နေသည် စမ်းရေလဲ စိတ်မရှည်တော့ပဲ
"နင့်ပါးစပ်ပေါက်ကို ပိတ်လိုက်စမ်း"
ဂျူလီ မျက်မှာငယ်ငယ်လေးဖြစ်သွားသည် ငိုတော့မယ့်ရုပ်ပေါ်လာတယ် တဖြည်းဖြည်း မျက်ရည်က စို့လာတယ်
"ဂျူလီ မငိုနဲ့နော် ဂျူလီ"
သူမ တားမရတော့ပေ သူမ အသံပြဲကြီးနဲ့ ထ ငိုတော့တယ် စမ်းရေ သေသာ သေလိုက်ချင်တော့တယ်
"ဟဲ့ ဘာလို့ငိုနေတာတုန်း"
"မသိဘူးဟာ အဲ့မျောက်ကို ငါမနိုင်ဘူး"
"နှိုင်း စမ်းရေကလေ ငါ့ကိုအော်တယ်"
နှိုင်းကို တိုင်သလိုနဲ့ ငိုတယ် သူမ တို့သိသည် ဂျူလီ အရမ်းသောက်ကတည်းက ရစ်မယ်ဆိုတာသိပေမဲ့ တားမရလို့ လွှတ်ထားလိုက်တာ အခုလဲထိန်းမနိုင်
"သူ့လင်က ဘာတဲ့လဲ"
"အလုပ်ကိစ္စရှိတယ်တဲ့"
"အဲ့တော့ ငါတို့ပြန်ပို့ပေးရမှာလား"
"သူ့အိမ်ပြန်ရင် သူ့မိဘတွေနဲ့ တိုးမှာပေါ့"
"ဟူးးး ငါ့အိမ်ပဲပို့လိုက်တော့"
သူမ တို့ဂြူလီကျိုကွညျ့တော့ သူ့ဘေးနားမှာမရှိတော့ပေ
"စမ်းရေ ဂျူလီ ဘယ်မှာတုန်း"
"ဒီမှာ..."
"ပျောက်ပြီ လာလာမြန်မြန်"
သူမတို့လိုက်ရှာတော့ ခုံတစ်ခုံမှာ ထိုင်ငိုက်နေတဲ့ ဂျူလီ
"ဟဲ့ ဂျူလီ ထ အိမ်ပြန်မယ်"
"ပြန်ဘူး ပြန်ဘူး ကိုကို ကိုစောင့်မှာ"
"နင့် ကိုကို က အလုပ်ကိစ္စရှိလို့တဲ့"
"ကိုကို က အဲ့လိုချည်းပဲ ဂျူလီ ကိုမချစ်ဘူး"
သူမ မျက်ရည်ကျလာတယ်
"ချစ်ပါတယ် ဂျူလီရဲ့"
"ဟုလို့လား"
"ဟုတာပေါ့ ဂျူလီ ကိုကို က မချစ်လဲ ငါတို့က နင့်ကိုချစ်တယ်လေ"
သူမ သူတို့ကိုဖက်ငိုလိုက်သည်
"ပြန်မယ်နော်"
"ပြန်ဘူး"
စမ်းရေ ချော့ခေါ်လဲ မရ
"ဂျူလီ"
နှိုင်း စိတ်မရှည်စွာ အော်လိုက်တယ် စောနက စမ်းရေ အော်လို့လုပ်တဲ့ မျက်နှာဘေး လုပ်နေတယ်
"ငိုရဲ ငိုကြည့် ငါ့အဆိုးမဆိုနဲ့"
သူ့ကို မျက်လုံးစိမ်းကြီးတွေနဲ့ စိုက်ကြည့်နေတယ့် နှိုင်း
ဂျူလီ မငိုရဲပေ
"အခုချက်ချင်း ကားပေါ်တက်"
ဂျူလီ ငြိမ်ငြိမ်လေး နေပြီး ကားပေါ်တက်သွားသည်
"နှိုင်း နင် ဟုလှချည်းလား"
"အဲ့ဟာမကို ရိုးနေပြီ"
စမ်းရေပြုံးလိုက်ကာ သူတို့ကြောင့်သူမမှာ အထီးကျန်တယ်ဆိုတာရှားတယ်
သူမ တို့အိမ်ရောက်တော့၇နာရီပင်ထိုးပြီ
သားသားကိူမတွေ့လိူ့မေးတော့ အိပ်နေပြီတဲ့ ဂျူလီအတွက် အခန်းတစ်ခု ပြင်ပေးပြီးတော့ သူမတို့လိုက်ပို့လိုက်သည်
"ဟူးးး"
"နှိုင်း နင် ဂျူလီ နဲ့ ညအိပ်သွားပါ့လား"
"ဟမ်"
"ဂျူလီက နေရာစိမ်းကို တစ်ယောက်တည်းအိပ်နေရတော့ ဘယ်အဆင်ပြေမလဲ"
"အေးပါ ငါ သူ့မိဘတွေကို ဖုန်းဆက်လိုက်အုံးမယ်"
"နင့်မိဘတွေဆီလဲ ဆက်လိုက်အုံး"
"အေးအေး"
နှိုင်းဖုန်းသွားဆက်နေတုန်း သူမ ရေခဲသေတ္တာ ထဲ က ရေဗူးသောက်နေတုန်း ဂျူလီက အခန်းတံခါး အကျယ်ကြီးဖွင့်ပြီး
"ကဲ ကြမယ်ဟေ့"
စမ်းရေ ရေတွေ ပါးစပ် ထဲကပါ ထွက်ကျကုန်ပြီ အိမ်စေ တွေလဲ လန့်ကုန်ပြီ သူမ tv ဆီသွားပြီး စမ်းရေ အရင်မှာတုန်းကလို သုံးယောက်ဖွင့်ပြီး ကဲလေ့ ရှိတဲ့ သီချင်းတွေဖွင့်လိုက်သည် နှိုင်းက ဖုန်းပြောရင်းဝင်လာတော့ နှိုင်းကို ဆွဲခေါ်သွားသည်
"နှိုင်း က လေ"
နှိုင်း တွေတွေလေး ရပ်နေသည် စမ်းရေကို အကူအညီ တောင်းတဲ့ အကြည့်နဲ့ကြည့်တော့ မသိမသာ ဟိုဘက်လှည့်သွားတော့ နှိုင်း လက်ခလယ် ထောင်ပြလိုက်တယ် ဂျူလီက အိမ်စေတွေကိုပါ ဆွဲ က ခိုင်းသည် အိမ်စေ တွေက ကြီးကြီမေခ ကိုကြည့်နေတယ် သူမလဲ ကြီးကြီးမေခကို
"ကြီးကြီးမေခ တောင်းပန်ပါတယ်နော်"
"ရပါတယ် မမလေး"
"အိမ်စေ အလုပ်နားလို့ရပြီလား"
"ဟုကဲ့ မမလေး"
"အဲ့ဆို သူတို့ကိုသွားခိုင်းလို့ရပြီနော် စမ်းရေ တို့ သူငယ်ချင်း သုံးယောက်ပဲ ထားခဲ့ပေးပါ"
အိမ်စေ တွေက အသီးသီးထွက်သွားသည်
"ဂျူလီ အိပ်တော့လေ တော်တော့"
"စမ်းရေ က မယ်လေ နင်ကလဲ ငါတို့ မကဲရတာကြာပြီကို"
သူမ သက်ပြင်းချလိုက်သည့
"အဲ့သီချင်းက သိပ်မမြူးဘူး ငါရွေးမယ်"
နှိုင်းက စ လိုက်ချင်းဖြစ်သည် သူမလဲ မထူးတော့ဘူး ဆိုတဲ့ ပုံစံ နဲ့ ခေါင်းညိမ့်လိုက်သည်
သူမ တို့ က ခုန် နေကြသည် ကုလား သီချင်းကော djကောဖွင့်ပြီး က နေရတာကြာတော့ မောသွားသည်
"မော လိုက်တာ"
"ဂျူလီတော့ အိပ်ပျော်သွားပြီ"
သူမ တို့ ဂျူလီကို လိုက်ပို့လိုက်သည် နှိုင်း လဲ အခန်းထဲမှာပဲ နေခဲ့လိုက်သည်
သူမ ရေခဲသေတ္တာ ထဲက ရေဗူး ရေသောက်လိုက်သည်ရေခဲသေတ္တာ ပိတ်ချိန်မှာ မြင်လိုက်ရတဲ့ မျက်နှာကြောင့် သူမ ရေတွေ မှုတ်ထုတ်မိသွားသည် ထိုလူ မျက်နှာကို စဥ် သွားသည် သူမ ပါးစပ်ထဲက ရေကို မျိုချပြီး
"တောင်းပန်ပါတယ် ကျမ တစ်သျှူးယူပေးမယ်"
သူမ တစ်သျှူး ယူပြီး သူ့မျက်နှာကို ဖွဖွလေး သုပ်ပေးလိုက်သည် ဒီရေ သူမ လက်ကို ဆုပ်ကိုင်လိုက််တယ်
"ရှင်"
"ပျော်ခဲ့ရဲ့လား"
"ဘာကို"
"မင်း သူငယ်ချင်းတွေနဲ့ အပြင်သွားတာလေ"
"အော် အင်း ပျော်ခဲ့တယ်"
ဒီရေ သူမ လက်ကို လွှတ်မပေးပေ သူမ မသိမသာရုန်းလဲ မရ သူမကို စိုက်ကြည့်နေသည်
"ရှင် ဘယ်အချိန်က ပြန်ရောက်တာလဲ"
"မင်းတို့ က နေတဲ့ အချိန်က"
"အဟွတ် အဟွတ် "
သူမ ချောင်းမဆိုးပေမဲ့ချောင်းဆိုးတဲ့ပုံစံလုပ်လိုက်သည်သူမ မျက်နှာပင် နီသွားသည်'သူ အကုန်တွေ့တာပေါ့' သူမ မျက်နှာကို ဟိုဘက်လွှဲလိုက်သည်
"မင်းက မင်းသူငယ်ချင်းတွေနဲ့ကျ ပုံစံ တစ်မျိုးပဲနော်"
"အင်းလေ အလယ်တန်းကတည်းက ပေါင်းလာတဲ့သူတွေလေ"
"အော်"
"ရှင့်မှာကော သူငယ်ချင်းမရှိဘူးလား"
"ရှိဖူးတယ် ငယ်ပေါင်း"
"အော် အခု သူကော"
"မရှိတော့ဘူး"
သူမ လန့်သွားသည် သူမ အဲ့ခံစားချက်ကိုနားလည်ပါသည်ကိုယ်ချစ်တဲ့သူကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက် သူမ ကောင်းကောင်းကြီး နားလည်ပါသည်
"မင်းးးး"
ဒီရေ စကားမဆုံးခင်မှာပဲ သူမ သူ့လက်ကိုပြန်ဆုပ်ကိုင်လိုက်ပြီး
"ကျမ နားလည်ပါတယ်"
"ဘာကို"
"ကိုယ်ချစ်ရတဲ့သူကို ဆုံးရှုံးရတဲ့ ခံစားချက်လေ သိပ်ကို ကြောက်ဖို့ကောင်းတာ"
"အင်း ဟုတယ်"
သူမ ရီလိုက်သည်
"ဘာရီတာလဲ"
"ရှင် နဲ့ကျမ တစ်ခါမှ ဒီလို စကားကောင်းကောင်းမပြောဖူးဘူးလေ"
ဒီရေလဲ ပြုံးလိုက်သည် နွေးထွေးမှုလေးပဲ
"မေမေ ဖေဖေ"
သူမတို့ ကြည့်လိုက်တော့
"သား နိုးနေတာလား"
အိပ်ချင်မူးတူးနဲ့ သူမ တို့သားလေး သူမ ချီလိုက််သည်
"မေမေဖေဖေနဲ့အိပ်ချင်တယ်"
"အိပ်လေ အဲ့ဆို ဖေဖေနဲ့လိုက်သွားလေ"
"မေမေ နဲ့လဲ အိပ်ချင်တယ်"
"ဟမ်"
သူမကော ဒီရေ ကော မျက်လုံးပြူးသွားသည်
"အဲ့တာက သားရယ် မေမေ က"
"မရဘူးလား မေမေ"
သူမ ရင်ခွင်ထဲ ဝင်ပြီး ချွဲသလိုလုပ်ပြနေတော့
သူမ မှာ အရည်ပျော်ရချည်းရဲ့
"ခလေးကပြောနေတာပဲ မင်းငါ့အခန်းထဲ လိုက်အိပ်လိုက်"
ဒီရေ ထိုသို့ပြောပြီး ရှေ့က ဦးဆောင်ပြီးထွက်သွားသည် သူမလဲ ခလေးကို ချီပြီးလိုက်ခဲ့သည်
အခန်းထဲရောက်တော့ သားသားကို ချလိုက်သည်
ဒီရေ တစ်ဖက်က ဝင်အိပ်လိုက်သည် စမ်းရေလဲ နောက်တစ်ဖက်က ဝင်အိပ်လိုက်ပြီး
သူမသားသားကို ဗိုက်ခလေးပုတ်ပြီး သိပ်နေတယ်သားသားက သိပ်မကြာပါဘူး မျက်လုံးလေး စဥ်းပြီး အိပ်ပျော်သွားသည် သူမ သားလေး နဖူးကိူ နမ်းလိုက်သည် သူ့ကိုကြည့်လိုက်တော့ သူမကိုကြည့်နေတယ် သူမလဲ မသိချင်ယောင်ဆောင်ပြီး အိပ်ဖို့ပြင်လိုက်သည်
"ကျမ အိပ်တော့မယ်"
သူမ လှဲမယ်လုပ်တော့ သူမလက်ကို လှမ်းဆွဲလိုက််သည် သူမက ဘာလဲ ဆိုတဲ့အကြည့်နဲ့ ကြည့်လိုက်တော့ သူနဲ့ မျက်လုံးချင်းဆုံမိတော့ ရင်ဘတ်က ထိန်းမရ
"ဘာလဲ"
"ဘာမှမဟုဘူး"
ဒီရေ သူမ လက်ကိုလွှတ်ပေးလိုက်တော့ သူမလဲ သားလေးဘေးမှာ မျက်လုံးပိတ်ပြီး အိပ်ဖို့ကြိုးစားလိုက်သည် အဲ့နေက နှစ်ယောက်လုံးအိပ်မပျော်ပေ မနက်ကျ သူမတို့ မိသားစုသုံးယောက် အိမ်ပေါ်က အတူတူ ဆင်းလာတော့ အံ့ဩနေကြသည်ဂျူလီ နဲ့ နှိုင်းကလဲ ထမင်းစား စားပွဲကနေ မျက်လုံးကြီး ပြူးပြီး ကြည့်နေသည်
သူမ သားသားကိုထိုင်ခိုင်းပြီး သူမလဲ ဝင်ထိုင်လိုက်သည်
"တီတီ တို့ရောက်နေတာလား"
သားသားက သွက်သွက်လက်လက်လေး မေးလိုက်သည်
"ဟုတယ် သားသားရဲ့ သားသားက ဘာလို့ စောရီး အိပ်သွားတာတုန်း"
"သားသားက ကျောင်းမှာ ပင်ပန်းလို့ တီနှိုင်းရဲ့"
"အမယ် သားသားက ကျောင်းမှာ ဘာတွေ လုပ်ခဲ့တာတုန်း"
သားသားက စဥ်စားတဲ့ပုံလုပ်ပြီး
"အရုပ်ဆက်တယ် သီချင်းဆိုတယ် ဝ လုံးရေးတယ် ကစားတယ် ပြီးတော့ မိဘတွေအကြောင်းပြောကြတယ်"
"ဟုလား သားသားက သားမိဘတွေအကြောင်းကိုဘယ်လိုဖြေလိုက်လဲ"
"ဖေဖေနဲ့မေမေက စိတ်ဆိုးနေတာလို့ အတူတူလဲ မအိပ်ဘူးလို့ တစ်ခါတစ်လေ တစ်ယောက်နဲ့တစ်ယောက် ချောင်းကြည့်တယ်လို့.."
စမ်းရေနဲ့ ဒီရေ နေရခက်သွားကာ
"သားသား အစားစားရင်း စကားမပြောနဲ့လေ"
နှိုင်းနဲ့ဂျူလီ ကြိတ်ရယ်နေသည်
"စမ်းရေ ပါးတွေ နီနေတယ်"
ဂျူလီ က လှမ်းစလိုက်တော့ ဒီရေက လှည့်ကြည့်သည် သူမ ကလဲ သူ့ကိုပြန်ကြည့်တော့ အကြည့်ချင်း ဆုံတော့ အကြည့်လွှဲလိုက်သည်
လူစုံတက်စုံနဲ့ တကယ် ကိုပျော်ဖို့ကောင်းတဲ့ ထမင်းဝိုင်းလေးဖြစ်သွားသည် နှစ်ယောက်သော သူတွေကတော့ ရှက်နေလေရဲ့😁😁။
YOU ARE READING
ထိုလူသားကြောင့် s(1)
Romance"ငါမှန်နေသရွေ့ ဘယ်ပတ်ဝန်းကျင်ကိုမှ ဂရုမစိုက်တတ်ဘူး" စမ်းရေကြည် "ငါ့ကို သစ္စာဖောက်ရင် ရှင်လမ်း ဆိုတာမရှိဘူးနော် စမ်းရေကြည်" ဒီရေလှိုင်း စာလုံးပေါင်းသတ်ပုံမှားရင် တောင်းပန်ပါတယ် နည်းနည်းရှမ်းတတ်လို့ပါ😁😁 လိုအပ်ချက်လေးတွေရှိလည်း ထောက်ပြပေးပါ🤔🤔...
