စမ်းရေ သူမကို ဧည့်ခန်းမှာ စောင့်နေသည် ညက နက်နေပြီ သူက ပြန်မလာသေးဘူး လူက ဧည့်ခန်းမှာ ခေါက်တုံ့ ခေါက်ပြန်လျှောက်နေမိတယ် ထိုအချိန် အိမ်ရှေ့က ကားသံကြားလိုက်တယ် သူမ တံခါးဖွင့်ပေးလိုက်သည်
"မင်း မအိပ်သေးဘူးလား"
"အင်း ရှင့်ကို စောင့်နေတာ"
သူမ တံခါးဖွင့်ရင်း ဒီရေ ကိုမကြည့်ပဲ ဖြေလိုက်သည် ဒီရေကတော့ သူမ စကားကြောင့် ပြုံးမိသွားတယ် ဒီရေ အထဲ ဝင်လာပြီး
"ရှင်သိပြီးပြီလား"
"ဘာကို"
"အိမ်ကို ဖောက်ခွဲတဲ့သူတွေလေ"
"အင်းး"
ဒီရေ အသံက သိပ်အားမရှိပေ
"ရှင် ပင်ပန်းနေတာလား"
"နည်းနည်းပါ"
"ရှင်ပင်ပန်းတယ်ဆို အနားယူလိုက်အုံးလေ ရှင် စားပြီးပြီလား"
ဒီရေ လေးပင့်စွာ ခေါင်းကိုရမ်းလိုက်သည်
"အဲ့ဆို ကျမ ရှင့် အတွက် စားဖို့ ပြင်ပေးမယ် ရှင် ရေချိုးနှင့်လေ"
"ရပါတယ် အိမ်စေ တွေ လုပ်ခိုင်းလိုက်မယ်"
"သူတို့တွေ အိပ်နေတယ်လေ ကျမ ရှိတာပဲ ကျမ လုပ်ပေးမယ်"
သူပြုံးလိုက်သည် အိပ်ခါနီး အချိန်မှာတောင် လှနေတယ်
"ဘာရီတာ"
"မရီပါဘူး ပြုံးတာပါ"
"ဘာလို့ ပြုံးတာ"
"လှလို့"
သူမ သူ့ကို မျက်စောင်းထိုးလိုက်ပြီး သူမ နှုတ်ခမ်းကတော့ မသိမသာ ပြုံးမိသည်
"ရေချိုးလိုက်နော် ကျမ ပြင်လိုက်အုံးမယ်"
ဒီရေ ရေချိုးဖို့ အပေါ်ထပ်ကိုတက်သွားသည့ စမ်းရေ စိတ်ထဲ တစ်မျိုးပဲ ဒီရေ တစ်ခုခု ထူးခြားနေသည် သူမ မီးဖိုချောင်ထဲ သွားဖို့ပြင်တော့ သူမ ခြေထောက်က တစ်ခုခုကို တက်နင်းမိသွားသည် သူမ ကြည့်လိုက်တော့ အရည်တွေ သူမ မီးခလုတ်ကို သွားဖွင့်လိုက်တော့
"သွေးတွေ ဒါက.."
သူမ လှေကားတွေပေါ်ကိုကြည့်လိုက်တော့ သွေးတွေ စောနက အမှောင်ထဲမှာမို့ သူမ သတိမထားမိတာပဲ
"သူ ဒဏ်ရာ ရလာတာလား"
သူမ အပေါ်ထပ်ကိုပဲ တက်သွားလိုက်သည် သူမ အခန်းထဲကို ဝင်လိုက်တော့ အိပ်ယာခင်းပေါ်မှာ လှဲနေတဲ့ ဒီရေလှိုင်း သူ့ကြည့်ရတာ ခြေပစ်လက်ပစ်ကို လှဲနေတာ သူမလဲ စိုးရိမ်ပြီး
"ဒီရေလှိုင်း"
သူနိုးမလာပေ။ သူမ သူ့ကို အတင်းလှုပ်နှိုးလိုက်တယ်
"ဒီရေလှိုင်း"
သူ လှုပ်လာသည် သူမကို မျက်လုံးဖွင့်ကြည့်လိုက်တော့
"ရှင် ဒဏ်ရာရလာတာလား"
"နည်းနည်းပါ"
"ဘာကို နည်းနည်းလဲ သွေးတွေဒီလောက် ထွက်နေတာကို ထစမ်းပါ"
သူမ သူ့ကို ဆွဲထူလိုက်သည်
"ဘယ်နား ထိမိတာလဲ"
"ဗိုက်"
"ရှင် ဆေးခန်းမပြဘူးလား"
"ငါက သေနတ်ဒဏ်ရာကို ဆေးခန်းပြရမှာလား"
"အဲ့ဆို ဆရာဝန်ခေါ်လိုက်မယ်"
"ဒီအချိန် ဘယ်က ဆရာဝန် ခေါ်မှာလဲ"
"ဟူးးး ရှင့် အင်္ကျီ ချွတ်လိုက်"
ဒီရေ ချွတ်လိုက်တယ် သူမ သူ့အဝတ်ဗလာကျင်းကို ကြည့်ပြီး တံတွေးပင် မျိုချ မိတယ် ဒီရေကတော့ သူမကို ကြည့်နေတယ်
"ရှင် ကြည့်အုံး ဒဏ်ရာက ကြီးတယ်လေ"
"ရတယ် မနက်ကျ လင်းသန့် ဆရာဝန်ခေါ်လာလိမ့်မယ်"
"ဟ မရဘူးလေ ရှင် အဲ့လို နေလို့ ဘယ်ဖြစ်မှာတုန်း"
"ငါ ကျည်ဆန် ထုတ်ပြီးပြီ"
"အဲ့ဆို ဆေးထည့်မယ်လေ"
သူမ စိတ်ပူနေတဲ့ပုံလေးကလဲ တစ်မျိုးလေး ချစ်ဖို့ကောင်းတာပဲ
"မင်းထည့်တတ်လို့လား"
"ဟို ထည့်ရမဲ့ ဆေးတော့ ကျမ မသိဘူးလေ"
"အဲ့ဆို ဘယ်လို ထည့်"
"ရှင်သိတယ်မလား"
"အင်း"
"ပြောပြလေ ကျမ ဆေးသေတ္တာ သွားယူလိုက်မယ်"
သူမ ပြာပြာသလဲ ထွက်သွားသည် ဒီရေ သူမကို အခန်းထဲမှာပဲ စောင့်နေလိုက်သည် သူ ဒဏ်ရာရတာတောင် ပျော်ရမလိုလို သူမ သိပ်မကြာပြန်ဝင်လာသည်
"ဘယ်ဆေးလဲ"
"ဟိုဘက်စွန်းက ဆေး"
သူမ ထုတ်လိုက်တယ် သူ့ကို ဆေးထည့်ဖို့ ပြင်လိုက်သည် သူမ အနားကို ဆေးပုလငျးကို ဂွမ်းမှာ စွတ်ပြီး အနာပေါ်မှာ ဖွဖွလေး သုတ်ပေးလိုက်သည်
"နာရင်ပြောနော်"
သူမ အဲ့လိုပြောရင်း ထည့်နေသည် သူမ ဆေးထည့်နေရင်း လေမှုတ်ပေးနေသည် သူမ ပတ်တီးစည်းပေးဖို့ ပြင်လိုက်သည် သူမ အနာကနေ ဖွဖွလေး တင်လိုက်သည် သူမ ကျောဘက်ရောက်သွားတဲ့ ပတ်တီးကို ယူရင် သူ့ကို ဖက်သလိုလို ဖြစ်သွားသည် သူမမှာ ရှက်ဖို့ မတွေးမိပါ သူမ ပတ်တီးစည်းတာကို သူမ ကြည့်ပြီး
"ကျမ ပတ်တီး သိပ်မစည်းတတ်ဘူး တော်တော်ဆိုးတာပဲ"
ဒီရေ ပြုံးလိုက်သည်
"ရှင့်ကို အဝတ်အစားဝတ်ပေးမယ်"
"ရတယ် ငါ့ဘာသာလုပ်လိုက်မယ် မင်းခြေထောက်ကလဲ မသက်သာသေးဘူးမလား"
သူမ အခုမှ ကိုယ့်အနာကိုယ် တွေးမိ သူမ သူ့ကို စိတ်ပူရတာနဲ့ ကိုယ့်အနာကိုတောင် သတိမထားမိ ဒီရေ အဝတ်ဗီဒိုက အဝတ်အစားတစ်ထည့် ကောက်ဝတ်လိုက်သည် သူမ က အခန်းထဲက ထွက်သွားဖို့လုပ်နေသည်
"မင်း ဘယ်သွားမို့"
"ရှင့်အတွက် တစ်ခုခုလုပ်ပေးမို့"
"ရတယ် မလုပ်နဲ့တော့ ငါ မဆာဘူး"
"အော် အင်းအင်း"
သူမ က ထွက်သွာဖို့ ပြင်နေတုန်းပဲ
"မင်းကို ငါမဆာဘူး ပြောပြီးပြီလေ"
"ကျမ က သားဆီ သွားမို့"
ဒီရေ မျက်နှာကြီး မဲသွားသည်
"သားက အိပ်နေပြီမလား မင်းက ဘာသွားလုပ်မှာ"
"သွားအိပ်မှာလေ"
"ငါက မင်းနဲ့ အတူ အိပ်မှာလေ မင်းက ဘာလို့ သားနဲ့ သွားအိပ်မှာလဲ"
"ကျမ ရှင့်ဒဏ်ရာ ထိမိမှာစိုးလို့"
"ရတယ် ဘာမှဖြစ်ဘူး ဒီမှာပဲ အိပ်"
"ဒါပေမဲ့"
သူမ ထပ်မပြောခင်ပဲ ဒီရေ အခန်းတံခါး ပိတ်ပြီး မီးပိတ်လိုက်သည်
"အိပ််မယ် လာ"
သူမ ကိုပြောလိုက်တော့ သူမလဲ ကုတင်ပေါ် တက်လိုက်သည် ဒီရေ သူမ ဘေးဘက်ကို လှဲတယ် သူမကိုကြည့်တော့ သူနဲ့ အရမ်းကွာတဲ့ နေရာမှာ အိပ်နေတယ်
"မင်း ဘာလုပ်ပြန်တာလဲ"
"ရှင့် ဒဏ်ရာ ထိမိလိမ့်မယ်"
ဒီရေ မျက်မှောင် ကြုတ်လိုက်တယ် 'ဒဏ်ရာကြောင့်ပဲ ဂရုစိုက်ပေးလို့ ပျော်မလို့ရှိသေး အခုတော့ ကောင်းကော အနားကပ်ပြီးတောင် အိပ်လို့မရ 'ဒီရေ တော်တော်စိတ်ညစ်သွားတယ် မကျေမနပ် အိပ်ယာခင်းကို လက်သီးနဲ့ထိုးလိုက်တယ်
"ဒီရေလှိုင်း"
"အင်း"
"အဲ့ဒဏ်ရာ ဘယ်လိုရလာတာလဲ"
"........."
"ရှင်မပြောချင်ဘူးလား"
"ငါ အိမ်ကို ဖောက်ခွဲတဲ့ လူနောက်လိုက်တာ တကယ်တော့ ထောင်ချောက်ဖြစ်နေတယ် ငါ့ကို မျှားခေါ်တာ"
"ဟိုဘက်က အုပ်စုလိုက်လား"
"အင်းး"
"ရှင်တစ်ယောက်ထဲ တိုက်လာတာလား"
"မဟုဘူး ငါ သေနတ်မှန်ပြီးတော့ ငါ့လူတွေရောက်လာတယ်"
"အော်.."
သူမ တကယ်တော့ ဒီရေကို မေးချင်တာတွေ ရှိသေးတယ် သူမ မေးရင် ကောင်းမလား မမေးရင် ကောင်းမလား စဥ်းစားနေမိသည်
"ဟို ကျမ မေးစရာရှိသေးတယ်"
"ဘာလဲ"
"ရှင်ဘာလို့ ငိုတာလဲ"
ဒီရေ အသံမထွက်လာတော့
"ရှင် မဖြေချင်လဲ မဖြေပါနဲ့"
သူမ အိပ်ဖို့ မျက်လုံးမှိတ်လိုက်သည်
"ကြောက်လို့"
ဒီရေ ဆီက အသံထွက်လာသည်
"ဘာကို ကြောက်တာ"
"မင်းကို ဆုံးရှုံးရမှာ"
"ဟမ်"
"အင်း ဟုတယ် ငါမင်းကိုဆုံးရှုံးရမှာကြောက်တယ်"
"ဘာလို့လဲ"
"မင်း ဘယ်လို ထင်လဲ"
"ကျမ အမြင်က မှန်နိုင်ပါ့မလား"
"ချစ်လို့"
သူမ မျက်လုံးပြူးမိတယ်
"ငါအိပ်တော့မယ်"
ဒီရေ တိတ်သွားတယ် သူမ မှာတော့ ရင်ခုန်သံတွေ မြန်လွန်းလို့ အိပ်လို့ပင်မရ သူမ ရင်ဘတ်ကို ဖိထားရသည် သူမ နှလုံးခုန်သံက အရမ်းကျယ်နေလို့ သူပင် ကြားသွားမှာ သူမကြောက်သည် သူမ အိပ်ပျော်အောင်တော်တော်ကြိုးစားလိုက်ရသည် သူမ အိပ်ပျော်သွားတယ်
ဒီရေ နိုးနိုးချင်း သူ့ဘေးဘက်ကိုကြည့်လိုက်တယ် အိပ်ပျော်နေသော သူမ ညက သူလဲ အိပ်ပျော်အောင် ကြိုးစားလိုက်ရတယ် သူမကို ကြည့်လိုက်တော့ အရမ်းကို လှနေသလိုပင် ခံစားမိတယ် သူကြားဖူးသလိုပဲ 'ချစ်နေရင် အရာရာက လှပနေတယ် တဲ့ အဲ့လိုပဲ ထင်ပါရဲ့'သူ သူမကို တဝကြီး ကြည့်နေမိတယ် သူမ ရုတ်တရက်နိုးလာတယ်
စမ်းရေ မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာ ဒီရေလှိုင်း သူမကို ကြည့်နေတယ်
"ရှင် ဘာကြည့်တာလဲ"
"မင်းကိုလေ"
သူမ မျက်စောင်းထိုးလိုက်တယ်
"ဘယ်လိုလုပ်မလဲ"
"ဘာကိုလဲ"
"မင်းမျက်စောင်းထိုးတာ လှနေတယ်"
"ရှင်နော်"
သူမ အဲ့လိုပြောပြီး ကုတင်ပေါ်က ဆင်းဖို့ ပြင်လိုက်တယ်
"စမ်းရေကြည်"
သူမလှည့်ကြည့်လိုက်တယ်
"မင်း ဘယ်သွားမို့လဲ"
"ရေချိုးမို့"
"ငါေကာချိုးမို့ပဲ အတူတူချိုးမလား"
"ဒီရေလှိုင်း ရှင်ပေါက်တက်ကရတွေ လျှောက်မပြောနဲ့"
"အတည်ပြောနေတာ"
သူမ တကယ်ကို လက်ဖျားခါမိတယ်
"မချိုးဘူး"
သူမ ရေချိုးခန်းထဲ ဝင်ဖို့ ပြင်ပြီး
"ရှင်လိုက်မလာနဲ့နော်"
သူမ အဲ့လိုပြောပြောပြီး တံခါး ပိတ်လိုက်တယ် ဒီရေ သူမ ရှက်သွားတဲ့ မျက်နှာလေးကိုမြင်ယောင်ပြီး ပြုံးမိတယ်။
ဒီရေ အခုတစ်လော အိမ်သိပ်မကပ်ဖြစ်ပါ သူတို့ အိမ်ကို ဖောက်ခွဲတဲ့ကောင်ကို လိုက်စုံစမ်းနေတယ် ဒီတိုင်း လွှတ်ထားရင် သူ့မိသားစုအတွက် အန္တရာယ်ရှိနိုင်တယ် သူ ညနက်မှ ပြန်လာလေ့ ရှိတယ် စမ်းရေကတော့ သူမခြေထောက်က ပြန်ကောင်းလာတော့ အလုပ်ကို ပြန်သွားတယ် သားသားကတော့ သူ့အဖွားရှိနေတော့ သူမ အဲ့လောက် ထိန်းစရာမလိုပေ။ သူမ ဒီရေကို စိတ်ပူမိသည် ညဘက်ဆို တော်တော်ညနက်မှ ပြန်လာတတ်တယ် အရင်လို အိမ်ကို သိပ်မကပ်နိုင် သူမ သူ့ကို သိပ်မမြင်ရသလို ခံစားမိတော့ မနေတတ်။သူမ ခြေထောက်က သက်သာတော့ သူမ အလုပ်ပြန်လုပ်တာ နှစ်ရက်လောက်တော့ရှိပြီ ဒီနေ့ ရှယ်ယာရှင် အစည်းအဝေးတဲ့ သူမ စုံစမ်းကြည့်တော့ သူ ပါလာမယ်တဲ့ သူမလဲ ပြင်ဆင်စရာရှိတာတွေ ပြင်လိုက်တယ် သူမ တို့ပြင်ဆင်ပြီးတော့ ရှယ်ယာရှင်တွေကို ကြိုဆိုဖို့ သူမ တို့ ဟိုတယ်ရှေ့မှာ စောင့်နေတယ် သူမ ခြေထောက်က အရှင်းမပျောက်သေးတော့ ဒေါက်မြင့် စီးရင် နည်းနည်းတော့ နာနေတယ် ထိုအချိန် ရှယ်ယာရှင်တွေ ရောက်လာကြတယ် သူမ သူဋ္ဌေးနဲ့အတူ ပြုံးပြကြိုဆိုနေတယ် သူ့ကိုလဲ လိုက်ရှာရင်းပေါ့ သူမ တွေ့ပါပြီ
ဒီရေ သူမကို ကြည့်လိုက်တယ် သူမက ပြုံးပြနေတယ် သူမကိုကြည့်ရတာ သိပ်အဆင်မပြေသလိုပဲ သူမခြေထောက်ကိုကြည့်တော့ ဒေါက်စီးထားတာပဲ သူနည်းနည်းမျက်နှာပျက်သွားတယ်
"မောင် ဒီရေလှိုင်းအထဲ ကိုကြွပါ"
ဟိုတယ် ပိုင်ရှင်က သူ့ကို အထဲ ဖိတ်လိုက်တယ် နောက်မှာ သူမလဲ ပါတယ် ဝန်ထမ်းတွေအကုန်လုံး ခမ်းနားစွာ ကြိုဆိုကြတယ် ဒီရေ ရှေ့က လျှောက်သွားလိုက်တယ် သူမနဲ့ ဟိုတယ် ပိုင်ရှင်က နောက်ကလိုက်လာတယ် ဟိုတယ်ထဲရောက်တော့
စမ်းရေ ဘေးကို ယိုင်သွားတော့ ဘေးက တံခါးကို ကိုင်ထားလိုက််တယ်
"စမ်းရေ ရလား"
ဝန်ထမ်း အမ တစ်ယောက်က သူမဆီ ရောက်လာပြီးမေးတယ်
"ရတယ် အမ ဘာမှဖြစ်ဘူး"
သူမ ခြေထောက်က တကယ်တော့ နာနေသေးတယ် သူမ သည်းခံပြီးရပ်ဖို့ ပြင်လိုက်တယ်
"အဲ့ဖိနပ်ကို မစီးနဲ့တော့"
သူမ အသံလာရာကိုကြည့်တော့ ဒီရေလှိုင်း။သူမ နားကိုဘယ်အချိန်ကရောက်နေမှန်းမသိ သူမ သူ့ကို အံ့သြစွာ ကြည့်နေမိတယ်။
YOU ARE READING
ထိုလူသားကြောင့် s(1)
Romance"ငါမှန်နေသရွေ့ ဘယ်ပတ်ဝန်းကျင်ကိုမှ ဂရုမစိုက်တတ်ဘူး" စမ်းရေကြည် "ငါ့ကို သစ္စာဖောက်ရင် ရှင်လမ်း ဆိုတာမရှိဘူးနော် စမ်းရေကြည်" ဒီရေလှိုင်း စာလုံးပေါင်းသတ်ပုံမှားရင် တောင်းပန်ပါတယ် နည်းနည်းရှမ်းတတ်လို့ပါ😁😁 လိုအပ်ချက်လေးတွေရှိလည်း ထောက်ပြပေးပါ🤔🤔...
