ထိုလူသားကြောင့် (part-26)

2K 37 0
                                        

  ရဲဇေ ဒီရေ တို့ပါလာမလား သေချာစောင့်ကြည့်နေတယ် သူ့လူတွေကိုလဲ နေရာအသင့်ပြင်ခိုင်းထားတယ် သိပ်မကြာဘူး ကားတစ်စီးရောက်လာတယ် ရဲဇေ အဲ့ကားကို သေသေချာချာကြည့်လိုက်တယ် အဓိက လူနှစ်​ယောက်ပါလာတာပဲ သူတစ်ချက်ပြုံးလိုက်တယ် သူပြုံးလိုက်တဲ့ အချိန်မှာ ပေါ်လာတဲ့ ပါးချိုင့်လေးက သူ့ကို ပိုပြီး ဆွဲဆောင်မှုရှိအောင်လုပ်လိုက်သလိုပင် တစ်ချိန်က ထိုပါးချိုင့်လေးကို သိပ်သဘောကျတဲ့သူတစ်ယောက်ရှိခဲ့တယ် သူမကတော့ သူပြုံးရင် အမြဲသဘောကျနေတဲ့သူတစ်ယောက်ပေါ့
     နှိုင်းတို့သုံးယောက် ကားပေါ်က လိုတာတွေ ချနေတယ် ဂျူလီ က လုပ်နေရင်း ပတ်ဝန်းကျင်ကို အနှံ့လိုက်ကြည့်နေတယ်
"ဟဲ့ ဂျူလီ နင်ဘာရှာနေတာလဲ"
"အော် ဘာမှမဟုပါဘူး"
"ဘာမှမဟုရင် လာကူစမ်းပါ"
"နှိုင်း နင်ကလေ ငါ့ကို ခိုင်းဖို့ချည်းပဲ"
"ဟ နင်အားနေတာ မဟုဘူးလား"
"မအားဘူး"
       မအားဘူးပြောပြီး သူမ ကတော့ ဘာမှလုပ်မနေပေ နှိုင်းကြောင်တောင်တောင်ဖြစ်သွားတယ် သူမ တို့ ထိုင်မဲ့နေရာကိုမြက်ခင်းပေါ် ပိုကျယ်အောင်ထပ်ခင်းလိုက်တယ် သူမ တို့စားစရာတွေနေရာချနေတယ် ထိုအချိန် သူမ နောက်ကခြေသံကြားလို့ နှိုင်း လှည့်ကြည့်လိုက်တယ် သူမ ထိုလူကို အတော်အတန်ကြည့်နေတယ် သူမ အံံ့သြစွာ မတ်တပ်ရပ်လိုက်တယ်
     စမ်းရေလဲ ဘာမှမပြောနိုင်
"ရဲဇေ"
    ဂျူလီက အားရဝမ်းသာစွာ ရဲဇေ ဆီပြေးသွားတယ်
"ဘယ်လိုလဲ စပရိုက် ဖြစ်တယ်မလား"
    ဂျူလီက ပြုံးပျော်စွာပြောလိုက်တယ်
"နင် ငါတို့ကို ခေါ်တာ သူနဲ့တွေ့ဖို့လား"
"ဟုတယ်လေ နင်တို့ သူ့ကိုတွေ့ရတာ မပျော်ဘူးလား"
     သူမ တို့ ဘာပြောရမှန်းမသိတော့
"မတွေ့တာကြာပြီနော်"
     ရဲဇေ ကြောက်ဖို့ကောင်းတဲ့အပြုံးတစ်ခုကို ဖန်ဆင်းလိုက်တယ်
"ဂျူလီ နင်တော်တာပဲ သူတို့နှစ်ယောက်ကို ခေါ်ထုတ်နိုင်ခဲ့တယ် နင့်အပေါ် ကျေးဇူး အကြွေးတင်သွားပြီ"
"ဟမ် ဘာကို"
"ဟေ​ျာင့်တွေ"
     ရဲဇေ ပြောလိုက်တာနဲ့ လူတစ်စု ပုန်းနေရာကနေထွက်လာတယ်
"ရဲဇေ အဲ့တာဘယ်သူတွေလဲ"
"ရဲဇေ နင်ဘာလို့ ဂျုလီကို ဆွဲထည့်တာလဲ"
နှိုင်း တိတ်နေရာမှ ဝင်ပြောလိုက်တယ်
"သူ့ကိုမှ ငါအသုံးမချရင် နင်တို့ ထွက်လာမှာ မဟုဘူးလေ"
"ရဲဇေ နင်ဘာပြောတာလဲ"
    ရဲဇေ မဲ့ပြုံးတစ်ခုကို ဖန်တီးလိုက်တယ်
"ငါက သူတို့ကို သိပ်တွေ့ချင်တယ် နင်ထင်နေတာလား"
"ဘာပြောတယ်"
"ငါ မိုး အတွက် လက်စားချေမှာ"
"ရဲဇေ နင်ဘာတွေပြောနေတာလဲ မိုး က မတော်တဆ ဖြစ်တာလေ"
"မတော်တဆ ဟုလား အဲ့နေ့က အဲ့ဂိုဒေါင် ဘာလို့ မီးလောင်တာလဲ နင်တို့သိလား"
    နှိုင်း နဲ့စမ်းရေ အံ့သြ သွားတယ် ဂိုဒေါင် က မတော်တဆ မဟုဘူးလား
"နင်တို့ အဖေကြောင့် နင်တို့နှစ်ယောက်ရဲ့ အဖေတွေကြောင့်ဟ"
"ဘာပြောတယ်"
      နှိုင်းနဲ့စမ်းရေ ခေါင်းတွေပူထူသွားတယ် သူမတို့ထင်တာက အဲ့ဆို
"ဟုတယ် အဲ့နေ့က နင်တို့တွေ မြေအောက်ခန်းမှာ ရှိတာသေချာတော့ အဲ့ဂိုဒေါင်ကို သူတို့ မီးရှို့လိုက်တာပဲ အဲ့ထဲမှာ မိုး ရှိနေမှန်းသိရက်နဲ့ နင်တို့အဖေ တွေ လုပ်ခဲ့တာဟ"
     ရဲဇေ ပေါက်ကွဲထွက်ပြီးပြောနေတယ် သူ့ခံစားချက်တွေက သူမ နဲ့ပက်သက်ရင် အမြဲတမ်း အသစ်အတိုင်းပါပဲ
"နင်တို့ အချစ်ဆုံးဆိုတဲ့ နင်တို့ သူငယ်ချင်း ကို နင်တို့ အဖေတွေ ကိုယ်တိုင် သတ်ခဲ့တာ"
"မဖြစ်နိုင်တာ အဖေ တို့က အဲ့လိုလုပ်မှာ မဟုဘူး"
     စမ်းရေ မျက်ရည်တွေ စီးကျလာတယ်
"ဟုတယ် နင် တို့ကို ကယ်ဖို့အတွက် မိုး ကို စတေးခဲ့တာ ငါလေ အဲ့အကြောင်းကို သိတုန်းက နင့်အဖေကို သေလောက်အောင်သတ်ချင်ခဲ့တာ ဒါပေမဲ့ သူလဲ သူ့စရိတ်နဲ့သူသွားတာပါပဲ အခုနင်တို့အလှည့်ပဲ သူတို့ကိုဖမ်းခဲ့"
      ရဲဇေ သူပြောချင်တာပြောပြီးတော့ သူ့လူတွေကို အမိန့်ပေးလိုက်တယ် သူ့လူတွေ သူမ တို့နား ကပ်လာတယ်
"ရဲဇေ အဲ့တာ သူတို့နဲ့ဘာဆိုင်လို့လဲ"
     ဂျူလီကလှမ်းအော်ပြောလိုက်တယ်
"ဘာဆိုင်လဲ ဟုတ်လား အဲ့တုန်းကကော မိုး နဲ့ ဘာဆိုင်လဲ ပြောပါအုံး သူနဲ့ ဘာဆိုင်လို့ သူက သူ့အသက်တောင်ပေးလိုက်ရတာလဲ"
    ဂျူလီ တိတ်သွားတယ်
"စိတ်ချပါ ဂျူလီ နင့်ကို ငါဘာမှမလုပ်ပါဘူး ခန နှုတ်ပိတ်ထားတဲ့သဘောပဲ"
  ရဲဇေ ကားဆီကို ဦးတည်သွားတော့ သူ့နောက်လိုက်တွေက နှိုင်းတို့ ကို ဖမ်းဖို့ပြင်လိုက်တယ်
"မင်းတို့တွေ သူ့ကို သတိထား"
     ရဲဇေ နှိုင်းကိုလက်ညှိုးထိုးပြလိုက်တယ် ထိုလူတွေကတော့ သူမကို အထင်သေးတဲ့အကြည့်နဲ့ကြည့်လိုက်တယ်
"ကျနော် တို့အတွက် အေးဆေးပါ"
"ငါသတိမပေးဘူးမပြောနဲ့"
      ရဲဇေ အဲ့လိုပြောပြီးပြီးချင်း ထိုလူကို လာမှန်တဲ့ ပန်ကန်တစ်လုံး
"စမ်းရေ ပြေးတော့"
     နှိုင်း စမ်းရေကို အော်ပြောလိုက်တယ် သူမ တို့နေရာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ် နှိုင်း ကတော့ စားစရာတွေနဲ့ ထိုလူတွေကို ပစ်ပေါက်နေတယ်
"နှိုင်းလာလေ"
"နင် တို့ အရင်သွား"
"သူတို့နှစ်ယောက်ကို လွတ်ရင် မင်းတို့အသေပဲ"
      ရဲဇေ သူ့လူတွေကို ပြောလိုက်တာနဲ့ စမ်းရေ နဲ့ဂျူလီ နောက် ကို ပြေးလိုက်ကြတယ်   နှိုင်းကတော့ ကျန်တဲ့လူတစ်စုနဲ့တိုက်ခိုက်ကြတယ် နှိုင်းဘက်က အသာစီး ရခါနီးမှာ နှိုင်းရဲ့လက်မောင်းကို ပစ်လိုက်တဲ့ အပ်တစ်ချောင်း။နှိုင်း သတိမထားလိုက်ပေမဲ့ ခနကြာတဲ့ အချိန်မှာပဲ နှိုင်းခေါင်းတွေ မူးဝေလာတယ် နှိုင်း ကိုယ်လက်တွေ အားနည်းသွားတယ် မျက်လုံးတွေကလည်း အားနည်းလာတယ် သူမ အတင်းမျက်လုံးဖွင့်ဖို့ ကြိုးစားပေမဲ့ သူမ ဆေးဒဏ်ကို မခံနိုင် သူမ ချက်ချင်းလဲ ကျတယ်
"သူ့ကို ကားပေါ်တင်"
      ထိုအချိန် စောနက ဂျူလီ တို့ကို လိုက်နေတဲ့လူတစ်စု ပြန်ရောက်တယ် သူတို့လက်ထဲမှာ မေ့မြောနေတဲ့ စမ်းရေနဲ့ ဂျူလီ
"သွားဖို့ပြင်တော့"
    ရဲဇေ ကားပေါ်ကို တက်သွားတယ် နှိုင်းကို ခေါ်တင်နေတဲ့လူတစ်ယောက်က သက်ပြင်းချလိုက်တယ်
"တော်တော်လက်စ ပြင်းတဲ့ မိန်းမပဲ"
"ဟျောင့် မင်းစကားများမနေနဲ့ တင်"
      ထိုလူလဲ နှိုင်း ကို ကားပေါ် တင်လိုက်တယ်
.............................................................................
"ဟျောင့် မြန်မြန်မောင်း တည်နေရာပြောင်းသွားပြီ"
"မောင်းနေတယ် ခင်ဗျား စိတ်မလောပါနဲ့"
"မလောလို့ မရဘူး အဲ့တာငါ့မိန်းမကွ"
"အဲ့လောက် သည်းသည်းလှုပ် ဖြစ်မနေပါနဲ့"
"မင်းလိုကောင်က နားမလည်ပါဘူးကွာ မြန်မြန်သာမောင်း ငါ့မိန်းမ အသက်မမှီရင် မင်းသေပြီတာမှတ်"
      သူ့ မိန်းမ စိတ်ပူတာ ငါကဘာလို့ အမြဲတမ်း အဖဲ့ခံနေရတာလဲ သက္ကရာဇ် တကယ်ကို စိတ်ညစ်ပါတယ် ဘေးနားက ပါလာတဲ့သူသာ တခြားသူဆို ကန်ထုတ်မိမှာ အခုတော့ အကိုမို့လို့ ကြိတ်မှိတ်သည်းခံနေရတဲ့ ဘဝ
    ဒီရေ စမ်းရေရဲ့ ဆွဲကြိုးမှာ ခြေရာခံစက်ကို တပ်ထားပေးလိုက်တယ် သူသိပ်သိတာပေါ့ အဲ့ကောင် တစ်ခုခု ကြံတော့မယ် ဆိုတာ သူမ ကို အစောင့်အရှောက် မရှိပဲ ဒီတိုင်း လွှတ်ရအောင် သူ အရူးမဟုပါ အခုလို လုပ်မှ အဲ့ကောင်ပုန်းနေရာမှထွက်လာမှာ မဟုရင် စမ်းရေကို စိတ်မချရ အခု ခြေရာခံစက်နောက်လိုက်တာ မြို့နဲ့နည်းနည်းဝေးလာပြီ ဒီရေ သူ့လူတွေကို ဖုန်းဆက်ထားလိုက်တယ် 'စမ်းရေ ကိုယ်လာနေပြီ'
    သက္ကရာဇ် ကားကိို အရှိန်ပိုတင်လိုက်တယ် ကားက နောက်ဆုံးတော့ မြို့ပြင်ရောက်နေပါပြီ
.............................................................................
"ရေနဲ့ ပက်လိုက်"
     ရဲဇေ အမိန့်ရတာနဲ့ သူမ တို့ကို ရေနဲ့ပက်လိုက်တယ်
"အဟွတ်... အဟွတ် "
      စမ်းရေ ရေနည်းနည်းမွန်းသွားတယ်
"စမ်းရေ အဆင်ပြေရဲ့လား"
"အေး ငါရတယ် ဂျူလီကော"
"စမ်းရေ!နှိုင်း!
       ဂျူလီ သူမတို့ကို အော်ခေါ်လိုက်် တယ် ဂျူလီကို ချုပ်ထားတဲ့ လူတစ်ယောက်
"ဂျူလီ"
"သိပ်ကိုချစ်ကြတာပဲ"
      ရဲဇေ ဝင်ပြောလိုက်တယ်
"ရဲဇေ ငါတောင်းပန်ပါတယ်ဟာ တကယ်ကလေ အဲ့ကိစ္စ အရင်းခံက ငါပါဟာ ငါ့ကြောင့် သူ အဲ့လိုဖြစ်ခဲ့တာပါဟာ စမ်းရေ နဲ့ ဘာမှမဆိုင်ပါဘူး"
"ဟွန်းးစိတ်ချပါ နင်တို့နှစ်ယောက်လုံး မိုးနောက်ကို လိုက်ရမှာ"
"ရဲဇေ စမ်းရေ ကို လွှတ်ပေးပါဟာ"
"နှိုင်း နင်ဘာတွေ လျှောက်ပြောနေတာလဲ"
"ရဲဇေ စမ်းရေ မှာ သားလေး ရှိတယ်ဟ စမ်းရေ မရှိရင် နေရောင်လေး က အမေမရှိတဲ့ ဘဝမှာ နေရမှာဟ"
"အဲ့တာ သူ့ကိစ္စ"
"ရဲဇေ!"
     ဂျူလီလှမ်းအော်လိုက်တယ်
"ငါတို့ က သူငယ်ချင်းတွေလေ သူငယ်ချင်းတွေပါဟာ သူတို့ကလဲ နင့်သူငယ်ချင်းတွေလေ ဟာ"
      ရဲဇေ ရင်ထဲ နက်နက်နဲနဲ ခံစားလိုက်ရတယ် လာပြန်ပြီ ဒီခံစားချက် ရဲဇေ စိတ်ကို တင်းထားလိုက်တယ်
"ရဲဇေ မိုး သေဆုံးမှုမှာ နင်တစ်ယောက်ထဲ ခံစားရတယ်ထင်နေလို့လား သူတို့နှစ်ယောက်ကို နင်ကြည့်စမ်းပါ နှိုင်းဆိုရင် တစ်လလောက်အထိ စိတ်နဲ့ကိုယ်မကပ်ဖြစ်နေခဲ့တာ နင်သိလား စမ်းရေဆို သူ့အကြောင်းတွေးမိတိုင်း ရင်တွေကွဲမတတ် ငိုခဲ့တာဟ အဲ့လို တွေ ဖြစ်နေတဲ့ကြားက နင်ပျောက်သွားတယ်ကြားလို့ နင့်ကို လိုက်ရှာခဲ့ကြတဲ့သူတွေဟ"
    ရဲဇေ မျက်ရည်ဝဲလာတယ် သူမျက်ရည်ကျလာတဲ့ အချိန်မှာ မဲ့ပြုံး ပြုံးလိုက်တယ်
"ရဲဇေ ငါတို့ တောင်းပန်ပါတယ်ဟာ ငါတို့ တကယ်တောင်းပန်ပါတယ် ငါတို့ မရည်ရွယ်ခဲ့ပါဘူးဟာ"
     စမ်းရေ မျက်ရည်တွေကြားထဲက တောင်းပန်နေတယ်
"ရဲဇေ နင်ငါတို့ကို သူငယ်ချင်းလို့ သတ်မှတ်ထားတယ်မလား"
"နင်တို့ ဒီလိုစကားတွေပြောလို့ ငါစိတ်ပြောင်းသွားမယ်ထင်နေလား"
"ရဲဇေ ငါတို့ကို သတ်လို့ နင်စိတ်ချမ်းသာမှာလား နင် မိုးကို မေ့နိုင်မှာလား နင့်ရင်ထဲ ပူလောင်တာတွေပျောက်သွားမှာလား အဲ့ဆို နင်ငါတို့ကို သတ်လိုက်လို့ရတယ်"
      ရဲဇေ ဘာဖြေရမှန်းမသိတော့ သူစိတ်ချမ်းသာမှာလား သူ့စိတ်ထဲ အေးချမ်းသွားမှာလား
"နင် တို့ ပါးစပ်ပေါက်တွေ ပိတ်တော့"
"ရဲဇေ နင် ဘာလို့ အဲ့လောက်ထိ ခံစားနေရတာလဲဟာ နင် ဘာလို့ အဲ့လောက်ထိ သူ့အပေါ်ကို ချစ်နိုင်ရတာလဲဟာ"
      စမ်းရေ မျက်ရည်တွေ တောက်လျှောက်စီးကျလာတယ် သူမ သေရမှာကို ကြောက်လို့မဟုပဲ ရဲဇေ ကို သနားလို့တာဖြစ်တယ် 'မိုးရယ် ငါတို့တောင်းပန်ပါတယ်ဟာ'
...........................................................................
    ဒီရေ နဲ့သက္ကရာဇ် အပြင်ကနေ စောင့်ကြည့်နေတယ် သူတို့ ဇွတ် မဝင်သေးပေ
"ဟျောင့် မင်း အပြင်မှာစောင့် ငါအရင်အထဲ ဝင်နှင့်မယ်"
"ခင်ဗျား ဘာဖြစ်နေတာလဲ လူစောင့်အုံးလေ"
"အုပ်စုလိုက် ဝင်လို့မဖြစ်ဘူး တိတ်တဆိတ်ဝင်မှ ရမယ်"
"မင်း စောင့်နေ"
"ဟာ..ဟေ့.."
       ဒီရေ ထွက်သွားတယ် ဒီရေ ရှေ့က တံခါးစောင့်ကို အရိပ်ထဲကနေပြီးလည်လိမ်ချိုးလိုက်တယ် အစောင့်အကြပ်က နည်းနည်း တင်းကြပ်နေတယ် ဒီရေ အတော်ကို သတိထားနေရတယ်
"ဓာတ်ဆီလောင်းလိုက်"
      ဒီရေ အမိန့်ပေးသံကို ကြားလိုက်တယ် သူ ထိုအသံကြားတော့ သူမကို ပိုစိတ်ပူသွားတယ် သူသွားဖို့ပြင်နေတုန်း သူခေါင်းပေါ်ကို ရောက်လာတဲ့သေနတ်တစ်ခု
"မလှုပ်နဲ့"
     အဲ့လူအသံကြားတော့ ဘေးနားက လူအသီးသီးက သူတို့နားရောက်လာတယ် သူ့ကို သေနတ်နဲ့ ဝိုင်းချိန်ထားတယ်
"သူ့ကို ခေါင်းဆောင်ဆီခေါ်သွား"
      ဒီရေ ဘာဆက်လုပ်ရမလဲ စဥ်းစားေနတယ် သူတစ်ဇွတ်ထိုးသွားရင် သူသေမယ် မသွားရင်လဲ တစ်နည်းနည်းနဲ့သ​ူသေမှာပဲ ဒီရေ သူ့လက်ကိုမြှောက်ပြီး သူတို့ခေါ်ရာလိုက်သွားလိုက်တယ်
"ဘော့စ်"
     ရဲဇေ လှည့်ကြည့်လိုက်တော့
"ဟွန်းးး ထင်တော့ ထင်သားပဲ မင်းသူ့ကို တစ်ယောက်ထဲ မလွှတ်လောက်ပါဘူးလို့"
      စမ်းရေ ရဲဇေ အသံကြားလို့ လှည့်ကြည့်လိုက်တော့
"ကို!"
"စမ်းရေ!"
     သူမ ကိုကြည့်ရတာ တော်တော်ငိုထားပုံပဲ သူမ လက်တွေ ကြိုးတုပ်ခံထားရတယ် နှိပ်စက်ထားတဲ့ပုံမရှိပေမဲ့ ဓာတ်ဆီနံ့တွေ သူ ရနေတယ် ဒါဆို အဲ့ကောင်က
"ဟျောင့်!"
     ဒီရေ ဘေးနားက သေနတ်တွေကို ဂရုမစိုက်တော့ပဲ ရဲဇေ ရဲ့ အင်္ကျီလည်ပင်းစ ကိုဆွဲလိုက်တယ်
"ဝိုး..ဝိုးးးစိတ်ထိန်းပါ"
"မင်း ဘာလုပ်ဖို့ ကြံနေတာလဲ"
    ရဲဇေ ကောက်ကျစ်တဲ့အပြုံးပြုံးလိုက်ပြီး သူ့ကို မျက်ခုံးပင့်ပြလိုက်တယ်
"မင်း သူ့ကို ထိလို့ကတော့ ငါမင်းကို အလွတ်ပေးမယ်မထင်နဲ့နော်"
"အရင်ဆုံး ကိုယ်လွတ်အောင်သာ အရင်လုပ်"
      ဒီရေ ကော်လံကို ပိုပြီး ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်တယ်
"ဒီကောင်ကို ပညာ​​​​ပေးလိုက်"
      ဒီရေ ရဲဇေဆီက အတင်းဖယ်ပြီး စတင်ရိုက်နှက်တော့တယ်
     ဒီရေ တတ်နိုင်သလောက် ပြန်ထိုးသတ်တယ် သူရုတ်တရက် ပျော့ခွေသွားတယ် သူ့ခန္ဓာကိုယ်က မလှုပ်နိုင် သူ့လက်တွေ အားပျော့လာတယ်
"ဒါက ဆေးအသစ်လေ မင်း မေ့တော့ မမေ့ဘူး မင်းနာကျင်မှုကို ခံစားရမယ် မင်း ဘာမှပြန်လုပ်နိုင်မှာမဟုဘူး"
"ကို!"
"စမ်းရေ"
      ဒီရေ ကို ထိုးနှက်နေတဲ့လူတစ်စု ဒီရေ မတုန့်ပြန်နိုင်
"ရဲဇေ နင်လက်စားချေချင်ရင် ငါ့ကိုပဲလုပ် သူ့ကိုမထိနဲ့"
"နာတတ်လိုက်တာ နင်တို့ လူတွေထိတော့ နာတတ်လိုက်တာ"
"စမ်းရေ"
     ဒီရေ အသံအားပျော့လာတယ်
"ရပ်လိုက်"
"ကို .."
    သူမ ငိုကြွေးလိုက်တယ် ဒီရေ အသံထွက်မလာ 'မငိုပါနဲ့ စမ်းရေရယ် မင်း ကိုယ့်ကြောင့်မငိုပါနဲ့'
     ဒီရေ မခံမရပ်ဖြစ်လာတယ်
"မီးရှို့လိုက်တော့"
     သူ တို့တွေ ဓာတ်ဆီလောင်းထားတဲ့နေရာကို မီးစထည့်လိုက်တယ် နှိုင်းတို့ ဘေးပတ်လည်မှာ မီးစတွေ ထ တောက်လာတယ်
    ရဲဇေ ဒီတိုင်း ရပ်ကြည့်နေတယ်
"တောက်စ်!"
"မင်း ဘာမှမလုပ်နိုင်ဘူး"
      သူ အဲ့လို​ပြောနေတုန်း သူ့ဘေးနားက လူတစ်ယောက်လဲကျသွားတယ် ဘေးနားက တစ်ယောက်ချင်းဆီ လဲ ကျသွားတယ်
"ဘာဖြစ်တာလဲ"
"ဘယ်သူ ငါ့အကိုကို ထိရဲတာလဲ"
      သက္ကရာဇ် သူ့နောက်လိုက်တွေနဲ့အတူဝင်လာတယ်
"သက္ကရာဇ် "
     ငါသူ့ကို မေ့နေတာပဲ
"သူတို့ကို ကယ်ခဲ့"
    သူ့နောက်လိုက်တွေ မီးကို ငြှိမ်းဖို့ကြိုးစားလိုက်တယ်
"မင်းလား ငါ့အကိုကိုထိတာ"
"မင်းအကိုက ငါ့ကိုလာရှုပ်တာ"
"မင်းက ငါ့မရီးကိုလာရှုပ်တာ"
       ထိုအချိန် စမ်းရေတို့လွတ်လာပြီး
"ကို.. ကို"
    သူ့ကိုပြေးပွေ့လိုက်တယ်
"bae ဘာမှ မဖြစ်ဘူးနော်"
"ဘာတွေပြောနေတာလဲ အခုဖြစ်နေတာ ခင်ဗျား လေ"
"မငိုပါနဲ့ bae ရယ် ကို ဘာမှမဖြစ်ပါဘူး"
"ဘာမှမဖြစ်ဘူးသာပြောနေတာ ကိုယ့်ကိုယ်လဲ ပြန်ကြည့်ပါအုံး"
.     သူမ တောက်လျှောက်ငိုနေမိတယ် သူမ သူ့ကို ဖက်ထားလိုက်တယ်
    ထိုအချိန်
"ရဲဇေ"
"နင် ငါ့နားမလာနဲ့"
"ရဲဇေ နင်လွှတ်ချလိုက်ပါတော့ဟာ"
"နင် တို့ငါ့ကို ဘာမှလာမပြောနဲ့"
"ရဲဇေ ကျေးဇူးပြုပြီး ပြန်လာပါဟာ ငါအရင်တုန်းက သိခဲ့တဲ့ ငါ့သူငယ်ချင်း ပြန်လာပေးပါဟာ နင် နင် ငါတို့ကို နည်းနည်းလေးတောင် သံယောဇဥ် မရှိတော့ဘူးလား"
     ရဲဇေ မျက်ရည်တွေ စီးကျလာတယ်
"ငါ..ငါ့ဘေးနားမှာ သူမရှိတော့ဘူးဟ"
"ငါတို့တွေရှိသေးတယ်လေ ငါတို့တွေ နင့်ဘေးနားမှာရှိတယ်လေဟာ"
"အရင်က ငါ့သူငယ်ချင်း ပြန်လာပေးပါဟာ"
     နှိုင်း သူ့ကို တတ်နိုင်သလောက်နားချနေတယ်
ထိုအချိန်
"ရဲဇေ! သတိထား!"
    နှိုင်းသူ့ဆီပြေးဝင်သွားလိုက်တယ်
"ရဲဇေ!နှိုင်း!"
...........................................................................
(တင်တာနောက်ကျသွားတာ တောင်းပန်ပါတယ် ဒီအပိုင်းက ရေးတာနည်းနည်းညံ့တယ် အရေးအသားလိုသွားလို့တောင်းပန်ပါတယ် ပြန်ဖျက်လိုက် ပြန်ရေးလိုက်လုပ်နေတာနဲ့ကြာသွားတာပါ)

ထိုလူသားကြောင့် s(1)Where stories live. Discover now