ထိုလူသားကြောင့် part 5

3.3K 52 0
                                        

သူမ ဒီကို ရောက်နေတာ နှစ်ရက်လောက်တော့ရှိပြီ သူမ သိပ်မရင်းနှီးလို့ အခန်းထဲက မထွက်ပဲနေနေတာကြာလာတော့ပျင်းလာသည် သူမ ခြံထဲဆင်းဖို့ တွေးလိုက်ကာ သူမ နည်းနည်း သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်လိုက်သည် သူမ လှေကားနားရောက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်မျက်လုံးပြူးသွားသည် သူမ ဘေးဘက်ကိုကြည့်တော့ အိမ်စေတွေလည်းမရှိဘူး
ခန္ဓာကိုယ်ချင်း ပူးကပ်နေတဲ့ အမျိုးသမီးတစ်ဦးနဲ့အမျိုးသားတစ်ဦး အမျိုးသားက တော့ သူမ သိသည် ဒီရေလှိုင်း ထိုအမျိုးသမီးတော့ သူမ မသိပေ သူမ ဘာလုပ်ရမှန်းပင် မသိတော့ မသိချင်ယောင်ဆောင်ပြီးပဲဆက်သွားရမှာ ဒါမဟုတ်အခန်းထဲဝင်ရမလား ဒီရေနဲ့ ထိုအမျိုးသမီး အခြေအနေက ပိုဆိုးလာပြီး ဒီရေအပေါ်ပိုင်းအင်္ကျီမရှိတော့
ဒီရေ ထိုကောင်မလေးရဲ့ ပခုံးကို ကိုက်လိုက်တယ်
"အ.. ဒီရေ"

ကောင်မလေးက ညည်းသံလေး ထွက်လာသည် သူမ အငွေ့ပင် ပျံချင်သွားသည်
ဒီရေ ဘာရယ် မဟုတ် လှေကားပေါ်ကိုကြည့်လိုက်တော့ သူမ စမ်းရေကြည့် ဒီရေ ထိုမိန်းခလေးရစ်သွယ်ထားတဲ့ လက်တွေဖယ်လိုက်တော့
ထိုအမျိုးသမီးက ဒီရေကိုနားမလည်တဲ့အ​​​ကြည့်နဲ့ကြည့်နေသည်

စမ်းရေကြည်လဲ ဒီရေ သူမကိုမြင်တာရိပ်မိသွားတယ် ဘာလုပ်ရမှန်းမသိတော့ သူမပြုံးရခက် မဲ့ရခက်

"မင်း ဘာလုပ်နေတာလဲ"
ထို အမျိုးသမီးကလဲ ဒီရေကြည့်တဲ့ဘက်ကိုကြည့်လိုက်သည် စမ်းရေကြည်ကိုတွေ့တော့ အံ့ဩသွားသည်
"ဟို ကျမ.."
သူမ လက်တွေ က ဂနာမငြိမ် ဒီရေ သူမ ကိုသေချာကြည့်နေမိသည်
"မင်း ဘာဖြစ်လို့လဲ"
"ဘာ..ဘာမှ မဖြစ်ပါဘူး"
ဒီရေ မျက်မှောင်ကြုတ်လိုက်ကာ
"မင်းလက်နဲ့ အသံတွေ တုန်နေတယ်"
"ဟို အဲ့တာက.."
သူမ ဘာပြောရမှန်းမသိ
"ဒီရေ"
ထို မိန်းခလေးက ဒီရေ နာမည်ကို အဖျားစွတ်ခေါ်ပြီး ဒီရေ နားလာကာ ဖက်တွယ်လိုက်တော့
"ဟို ဆက်လုပ်ကြပါ ကျမ သွားတော့မယ်"
သူမ ချက်ချင်းပင် အခန်းထဲ ဝင်သွားလိုက်တယ် သူမ ကိုယ် သူမ အခန်းထဲ ဘယ်လိုရောက်လဲပင် မသိတော့ သူမ အခန်းတံခါး မပိတ်ထားမိတာ သတိရတော့ အခန်းတံခါးပိတ်ဖို့ တံခါးဆီ သွားတော့ တံခါးရှေ့မှာ မားမားကြီး ရပ်နေတဲ့သူ
"ရှင်.."
"ဘာလဲ"
"ဟို တစ်ယောက်ကော"
"ပြန်လွှတ်လိုက်ပြီ"
"အယ်.. ဆက်မလုပ်တော့ဘူးလား"
"မင်းက ဆက်လုပ်စေချင်လို့လား"
"ဟို မဟုဘူးလေ ဟိုဟာ"
"မင်းက တဟိုဟို နဲ့ ဘာဖြစ်နေတာတုန်း"
"ဟို.."
သူ အခန်းထဲ ဝင်လာလိုက်တော့
သူမလဲ တံခါးပိတ်လိုက်သည်
"ကျမကြောင့်လား"
"ဘာကို"
"ဟိုတစ်ယောက်ကို ပြန်လွှတ်တာလေ"
"မဟုဘူး စိတ်မပါတော့လို့"
"ရှင်ကြည့်ရတာ စိတ်ပါနေပုံပါ"
သူ သူမကို ရုပ်တည်ကြီးနဲ့စိုက်ကြီးနေကာ သူမ ဆီကိုတဖြည်းဖြည်းတိုးလာသည် သူမ ကနောက်ဆုတ်တော့ နံရံကို ကပ်သွားသည်
"အင်း ငါစိတ်ပါနေတယ် သူ့ကိုတော့ မဟုဘူး"
"အော်... "
သူမ သူနဲ့ မျက်လုံးချင်းမဆုံမိအောင်နေမိတယ်
"ဘယ်သူကိုလဲ သိလား"
"ဟင့်အင်း.. မသိချင်ဘူး"
သူမ သူ့ကိုတွန်းပြီး သွားမယ်လုပ်တော့ သူက သွားခွင့်မပေး သူမ ကိုကြည့်နေတဲ့ အကြည့်တွေ။ သူမ လန့်လာသည် သူမ ခေါင်းကို စောင်းပြီး အကြည့်လွှဲလိုက်တယ် ဒီရေက သူမ ကို သူနဲ့ အကြည့်ချင်း ဆုံစေလိုက်ကာ
"ငါ စိတ်ပါနေတာက မင်းပဲ"
သူမ ပို၍ပင်လန့်သွားကာ
"ဒီရေလှိုင်း နင့်ခန္ဓာကိုယ်ကြီး ဖယ်ပေး"
"ဖယ်ပေးမှာပါ ခနလောက်တော့ နေပါအုံး"
"ငါမနေချင်ဘူး"
သူမ ပြောတာပင် နားမထောင် သူတဖြည်းဖြည်းနဲ့ သူမ ရှေ့တိုးလာသည် သူ့နှာတံ က သူမ နှာတံ နဲ့ ထိ လာတော့ သူမ အသက်ရှူပင်မြန်လာသည် သူမ အကြည့်တွေက ဂနာမငြိမ်
'ဒါက ဘာအခြေအနေကြီးလဲ ' သူမ စိတ်ထဲကနေ ပြောလိုက်သည်
ဒီရေ တကယ်စိတ်ပါနေတာပါ သူမ ကိုလှေကားနားမှာ မြင်လိုက်တော့ နည်းနည်းတော့ လန့်သွားမိသည် သူမ ဘာကြောင့် တုန်နေလဲ သူသိသည် ဒါပေမဲ့ သူ မသိချင်ယောင်ဆောင်ပြီး မေးလိုက်တာပါ သူမ ကသူ့အတွက် ပိုပိုစိတ်ဝင်စားစရာကောင်းလာရသည် အခုလဲ သူမ နဲ့နီးကပ်နေပြီး သူမ အသက်ရှူသံကို သူခံစားမိသည် သူမ အကြည့်တွေဂနာမငြိမ်ဘူး သူ သူမနှာတံကို သူ့နှာတံ နဲ့ ပွတ်သပ်နေသည် သူ့အကြည့်တွေက တဖြည်းဖြည်းနဲ့ သူမ နှုတ်ခမ်းဆီ ကျရောက်လာတယ် သူ ခေါင်းကို တဖြည်းဖြည်းနဲ့ နိမ့်ဆင်းသွားတယ်
"အွန့်..."
သူမ တကယ်ပင် မျက်လုံးပြူးရပါပြီ သူမ နှုတ်ခမ်းကို အငမ်းမရ နမ်းရှိုက်နေတဲ့သူ သူမအသက်ရှူပင် ကြပ်လာသည်

ထိုလူသားကြောင့် s(1)Where stories live. Discover now