ထိုလူသားကြောင့် part 11

2.7K 44 0
                                        

      စမ်းရေ သားလေးကို လွမ်းနေရပါပြီ သူ့အဖွားက အကြာကြီးခေါ်ထားတာ သားကလဲ သူ့ဖွားဖွားမှ ဖွားဖွား သူမ အိမ်ရှေ့က ဒန်းလေးပေါ်ထိုင်ပြီး သူမ ရှေ့က ပန်းလေးကို ကြည့်မိသည် 'တကယ်ကို လှတဲ့ ပန်းလေးပဲ'
"ဘယ်လောက်ပဲလှလှ တနေ့ကျ ညှိုးနွမ်းသွားမှာပဲ"
"ဥယျာဥ်မှူးက သေချာ ဂရုစိုက်ရင်တော့ ပန်းလေးက လန်းနေမှာပေါ့"
    သူမ အသံလာရာလှည့်ကြည့်လိုက်တော့
"မင်းက စမ်းရေကြည်မလား"
     လာပြန်ပြီ သူမက မသိပဲ သူမကို သိတဲ့သူတွေများနေသလိုခံစားနေရတယ် ထို အမျိုးသမီးက သူမ ဆီ လျှောက်လာပြီးတော့
"ဒီရေ နား ကပ်တွယ်ဖို့ နည်းလမ်း အဲ့လောက်ရှားလား"
"ဘာကို ရှင်က ဘယ်သူလဲ"
"ငါကလား ငါက ဒီရေ ရည်းစားပဲ"
     သူမ ကြောင်သွားတယ် ဒီရေလှိုင်းမှာ အဲ့လိုတွေရှိတာသူမ မကြားဖူးပါဘူး
"တနည်းပြောရရင် သူ့အချစ်ဦးပေါ့"
"အော်"
"အော် ပဲလား"
"အဲ့တော့ ကျမက ဘာပြောရ"
"မင်းဆီက ဒီရေ ကို ပြန်လာယူမှာလေ"
"အဲ့တော့"
"ငါက မင်းပြိုင်ဘက်လေ မင်း နည်းနည်းမှ မကြောက်ဘူးလား"
"ဘာကို ကြောက်ရမှာ"
"မင်း ဆီက ဒီရေကို ပြန်ယူမှာကိုလေ"
"ကျပ်ပြည့်လား"
"မင်း ဘာပြောလိုက်တယ်"
"မကြားဘူးလား မကြားရင် မကြားသလိုနေ ခလေးမ"
"နင့်ကို ကိုကို ပြန်လာမှ ပြောပစ်မယ်"
"နင့်ကိစ္စ"
      သူမ အဲ့လိုပြောပြီး အိမ်ထဲ ဝင်သွားသည် ရင် ထဲမှာတော့ နာကျင်နေတာပေါ့ 'အော် နောက်ဆုံးတော့လဲ သက်ဆိုင်သူပေါ်လာတာပဲ' သူမ ဖြေးဖြေးလေး ပြုံးလိုက်သည်
   သူမ အိမ်ဖော် တွေဆီက ကြားတာတော့ သူမ က ဒီရေ ရဲ့အချစ်ဦးဆိုတာ အမှန်ပဲ သူမ က ဒီရေကို ရေနစ်တုန်းက အသက်စွန့်ကယ်ပေးထားတာတဲ့ အဲ့ကတည်းက သံယောဇဥ် ပိုလာတာပဲ။သူမ လိုချင်တာကို အကုန်ဖြည့်ဆည်း ပေးတယ်တဲ့ အဲ့ကောင်မလေးက နိုင်ငံခြားကို ကျောင်းသွားတက်တာတဲ့ အခုပြန်လာတယ်ဆိုပဲ။'ရှင် ပျော်နေတော့မှာပဲ'
............................................................................
    ဒီရေ သူမ ပြန်လာတာ သိတော့ အိမ်ကို အပြေးပြန်လာခဲ့သည် သူ ဧည့်ခန်းထဲကိုကြည့်လိုက်တော့
"ကိုကို"
     သူ့ကို ပြုံးပြ နှုတ်ဆတ်နေတဲ့ ကောင်မလေး
ဒီရေ ပြုံးလိုက်သည်
"ခေတ် ပြန်ရောက်ပြီလား"
"အင်း ကိုကို ကိုလွမ်းနာ"
      သူမ က သူ့ကို ချွဲသလိုလေး လာဖက်သည် ဒီရေ မတုံ့ပြန်မိပါ
"ဒီရေလှိုင်း"
    ဒီရေ ကြည့်လိုက်တော့ သူမ မဝတ်စဖူး ဂါဝန်လေးနဲ့ ငေးကြည့်မိ သွားသည် ချစ်စရာကောင်းတာမဟုပဲ ဆွဲဆောင်မှု တစ်မျိုးပဲ
   ခေတ်လဲ ကြည့်လိုက်တယ် လှပါတယ်လို့ပဲတွေးမိသည်
"မင်း ဘယ်သွားမို့လဲ"
"ကျမ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ပျော်ပွဲစား ထွက်မို့"
"ဘယ်လောက်ကြာမှာလဲ"
"နှစ်ရက်လောက်ပါပဲ"
"မင်း ဘာလို့ ကြိုမပြောတာလဲ"
"ကျမ မေ့နေလို့"
"မင်း တစ်ယောက်တည်းသွားမှာလား"
"မဟုဘူး နှိုင်းတို့ လာခေါ်မှာ"
"အော်"
"အင်း"
"မင်းကို မိတ်ဆတ်ပေးရအုံးမယ် ဒါက ခေတ်သစ်
တဲ့ ခေတ် သူကတော့ စမ်းရေကြည်"
"သိပါတယ် စောနက ခြံရှေ့မှာ တွေ့ပြီးသွားပြီ"
    ခေတ် က မြန်မြန်ပင်ဖြေလိုက်ခြင်းဖြစ်သည်
"ကိုကို သူက ခေတ်ကို မာမာထန်ထန်ပြောတယ်"
     ဒီရေ စမ်းရေကိုကြည့်လိုက်တော့ ဘာမှမပြော
"မင်း ဘာပြောလိုက်တာလဲ"
"သူ့မေးလေ သူတိုင်တာမဟုဘူး ကျမကတော့ အာညောင်းခံပြီး မရှင်းပြချင်"
     ခေတ် စိတ်ထဲ တွေးမိလိုက်သည် 'ဒီမိန်းမ ကိုကို ကိုမကြောက်ဘူးပဲ'
"စမ်းရေ ရေ"
"ငါတို့လာပြီ"
    သူမလဲ နှိုင်းနဲ့ ဂျူလီကိုပြုံးပြုံးကြီးစောင့်နေတယ် နှိုင်းက အရင် စ ပြီး
"အမယ် ဒီနေ့ တယ်လှပါ့လား"
"သူ့ အချစ်ဦး နဲ့ ပြန်တွေ့ရမှာမို့ နေမှာပေါ့"
    စမ်းရေ မျက်နှာရှုံ့သွားသည်
"ဟုမယ် ဟဲ့ နင့်အချစ်ဦးကြီးကလေ နင့်ကိုမမေ့နိုင်ဘူး သိလား"
"တော်တော့ လာ သွားမယ်"
     သူမ သူငယ်ချင်းတွေကို ဆွဲခေါ်သွားသည်
ဒီရေ ကတော့ လက်သီးတွေ ဆုပ်နေမိသည်
"ခေတ် ကိုကို ရေချိုးလိုက်အုံးမယ် ခေတ်နားတော့နော်"
    ခေတ်လဲ ခေါင်းငြိမ့်ပြပြီး အခန်းထဲ ဝင်သွားတယ် ဒီရေ ကတော့ အပေါ်တက်ကို မြန်မြန်တက်ပြီး တံခါးကို အသံမြည်အောင် ဆွဲပိတ်လိုက်သည် နောက်က လိုက်လာတဲ့ လင်းသန့် ပင်လန့်သွားသည်
"စမ်းရေကြည် မင်း အချစ်ဦးနဲ့ တွေ့မှာမို့ အဲ့လိုပြင်တာကို"
    ဒီရေ ပါးစပ်က ကြိမ်းဝါးနေသည် သူမ အချစ်ဦး အကြောင်းပြောတာကို ပြန်စဥ်းစားမိသည်
"ဟားး ငါ့ထက် ချစ်စရာကောင်းတယ်တဲ့ အဲ့လိုကောင်က ငါ့ထက် သာစရာလား"
    လင်းသန့်ကတော့ လန့်နေသည် ဘော့စ် ဘာအကြောင်းပြောနေမှန်း သူသေချာမသိ
"လင်းသန့်"
"ဗျာ ဘော့စ်"
"ကားထုတ်"
"ဗျာ ရေချိုးမှာဆို"
"လျှာမရှည်နဲ့ ထုတ်စရာရှိတာထုတ် စမ်းရေကြည် နောက်လိုက်မယ်"
"ဗျာ"
"အခု ချက်ချင်း မလုပ်သေးဘူးလား"
"ဟု..ဟု ကဲ့"
     လင်းသန့် ချက်ချင်းပင် ကားထုတ်လိုက်သည်
သူမ နောက်ကို လိုက်ချောင်းခဲ့သည် သူတို့ အမှောင်ရိပ်ကျတဲ့ သစ်ပင်မှာ ကားထိုးလိုက်သည် စမ်းရေ တို့ကတော့ မျက်ခင်းပေါ်မှာ အစားအသောက်တွေခင်းနေကြသည် လူက ၁၀ ယောက်လောက်ရှိသည် နှိုင်းက အသီးအရွက်တွေ ဆေးနေချိန် စမ်းရေ နားကို ကောင်လေး တစ်ယောက်ရောက်လာသည် အဲ့ကောင်လေးက စမ်းရေ ကို နှစ်လိုဖွယ် အပြုံးနဲ့ ပြုံးပြသည် ဒီရေ သိလိုက်ပါပြီ အဲ့ကောင်က စမ်းရေ အချစ်ဦးပဲ စမ်းရေကလဲ အဲ့ကောင်လေးကို ပြန်ပြုံးလိုက်တော့

ထိုလူသားကြောင့် s(1)Where stories live. Discover now