ထိုလူသားကြောင့်part 9

2.9K 43 0
                                        

     သူမ ဘေးနားက ဖုန်းကရုတ်တရက်မြည်လာတယ် သူမ အိပ်ယာက ထပြီး ဖုန်းကိုကိုင်လိုက်သည်
"စမ်းရေ"
    တည်တည်ငြိမ်ငြိမ်နဲ့ထွက်ပေါ်လာတဲ့အသံ သူမ ထိုအသံကြားတော့ မျက်လုံးပြူးမိသည်
"ရှင်ဘာကိစ္စရှိလို့လဲ"
    သူမ လေသံမာမာနဲ့ပြောလိုက်သည်
"ကိုယ် မင်းကို သတိရလို့ပါ"
     သူမ မျက်မှောင်ကြုတ်သွားသည်
"လဲသေလိုက်"
      သူမ အဲ့လိုပြောပြီး ဖုန်းချလိုက်သည် သူမ ဖုန်းနံပါတ်ကိုပါ bl လိုက်သည်
"ဘယ်သူလဲ"
     ဒီရေ က မေးလိုက်သည်သူမတို့ အခုဆို နေ့တိုင်းအတူတူအိပ်ဖြစ်သည် သားလေးနဲ့အတူတူပေါ့
"အရေးမကြီးတဲ့သူပါ"
"အဲ့ အရေးမကြီးတဲ့သူက ဘယ်သူလဲ"
     သူမ သူ့ကို စိတ်မရှည်နဲ့ မျက်နှာဘေးနဲ့ကြည့်လိုက်သည် မနက်စောစော စိတ်မကြည်အောင်လုပ်နေသည်
"မင်း အကြည့်ရုပ်သိမ်းသင့်တယ် စမ်းရေကြည်"
      ဒီရေ နှုတ်ခမ်းကို လက်နဲ့သပ်လိုက်ရင်းပြောတော့
    သူမ ပိုပင် စိတ်တိုလာသည်
"ဒီမှာ မနက်စောစော အကုသိုလ်မများချင်ဘူး ဖုန်းဆက်တဲ့အကောင်က တစ်မျိုး ရှင်က တစ်မျိုး အာရုံကိုနောက်တယ်"
"အဲ့ဆို မင်းကို ဖုန်းဆက်တာယောက်ျားလေးပေါ့"
    သူမ သက်ပြင်းရှည်ကြီး ချပြီး
"ဟုတယ် ကျမရဲ့ အချစ်ဦးလေ"
      သူမ စကားကို ဆွဲပြီးပြောလိုက်သည်
"မင်း အချစ်ဦးနဲ့ မင်းနဲ့အဆက်အသွယ်ရှိသေးတာလား"
"ကျမ ကိစ္စပါ"
     သူမ အဲ့လိုပြောပြီး ကုတင်ပေါ်က ဆင်းသွားတယ် ရေချိုးခန်းထဲကို ဝင်သွားတယ် သူမ ရေချိူးခန်းကိုလော့ချပြီး ရေချိုးဖို့ပြင်လိုက်တယ် သူမ အဝတ်အစားတွေချွတ်ပြီး ရေချိုးဖို့ ရေပန်းဖွင့်လိုက်ချိန် ရေချိုးခန်း တံခါးက ပွင့်လာသည်
သူမ မျက်လုံးတွေပြူးကျယ်သွားကာ
ဘေးနားက တဘတ်ကို ဆွဲယူပြီး ပတ်လိုက်သည်
"ဒီရေလှိုင်း"
"ဘာလဲ"
"ရှင်ဘာလာလုပ်တာလဲ"
"စကားပြီးအောင်မပြောပဲ မင်းထွက်သွားလို့ လိုက်လာတာ"
"ရှင် အကျင့်မကောင်းတာပဲ ကျမ ရေချိုးနေတယ်လေ"
     ဒီရေ သူမကိုကြည့်လိုက်တော့ ရေဗန်းအောက်မှာ ရပ်နေတဲ့ သူမ တဘတ်က ရင်ဘတ်ကနေ ပေါင်လယ်လောက်ပဲဖုံးတယ် ရေဗန်းက ရေတွေကြောင့် သူမ ဆံပင်ရယ် တဘတ်ရယ်က စိုနေတော့
"ရှင်ဘာကြည့်တာလဲ"
     သူမ ကိုယ့်ကိုယ်ကို လက်နဲ့ယှက်ပြီး ဖုံးလိုက်သည်
"မင်း ခန္ဓာကိုယ်မှာ ငါမမြင်ဖူးတာမရှိဘူး"
"ရှင်.."
"မင်းခန္ဓာကိုယ်မှ မှည့်ဘယ်နှလုံးရှိတယ်ဆိုတာက အစ ငါသိတယ်"
"ရှင်ထွက်သွားတော့"
     ဒီရေ သူမ ရှေ့ကိုတိုးပြီး ရေဗန်းအောက် တိုးဝင်လိုက်သည်
"ဒီရေလှိုင်း"
"လိုချင်တယ်"
      သူမ မျက်လုံးတွေ ပြူးကျယ်သွားသည် သူ့ရဲ့ခိုင်မာလှတဲ့ လက်ကြီးတွေနဲ့ သူမ ခါးကို ဆွဲယူပြီး ကြာရှည်လှစွာတော့ အနမ်းကို စ တင်တော့သည်
သူမကိုလွှတ်ပေးလိုက်တော့
"ဒီရေ..အွန့်"
      သူမကို ဆုံးအောင်ပင် ပြောခွင့်မပေး သူမနှုတ်ခမ်းကို အတင်းနမ်းရှိုက်နေသည် သူမ လဲ သူ့ဒူးခေါင်းနဲ့ ဒီရေ အရာကို ပိတ်ကန်လိုက်တယ်
ဒီရေ အီသွားတယ်
"မင်း "
"ဘာလဲ"
"မင်းက ငါ့ကိုစမ်းတာလား"
"ရှင် အရင် စတာလေ"
"ငါမင်းကို ပြောပြီးမှ စ တာလေ"
"ကျမ ခွင့်ပြုလို့လား"
"မင်း လိုက်နမ်းတယ်လေ"
"ရှင် အတင်းချုပ်ပြီး နမ်းနေတာမဟုဘူးလား"
       သူမ သူ့ကို မျက်စောင်းထိုးလိုက်သည်
"ဖယ် ကျမ သားကို သွားနှိုးတော့မယ်"
"သား အိပ်ပါစေ"
"ကျောင်းသွားရမယ်"
      သူမ ဒီရေကို တွန်းဖယ်ပြီး သားဆီ သွားလိုက််သည်သူမ အရင်ဆုံး သူထွက်မလာခင် မြန်မြန် အဝတ်အစားလဲလိုက်သည် ဒီရေ ပြန်ထွက်လာတော့ သားလဲ သွားဖို့ အဆင်သင့်ဖြစ်နေပြီ သူမကိုကြည့်တော့ သူ့ကို မျက်စောင်းတစ်ချီချီနှင့်ပင်
သူမ အောက်ကို ဆင်းသွားတော့ သူ နှုတ်ခမ်းကို ကိုင်လိုက်ပြီး
"ဟွန့်..ကောင်းသားပဲ"
............................................................................
"စမ်းရေ" 
      သူမ နေ့လည်ပိုင်း ခြံထဲ ဆင်းပြီး အပင်တွေရေလောင်းနေတုန်း ဂျူလီက ငိုကြီးချက်မနဲ့ လှမ်းခေါ်တယ် နှိုင်းက နောက်ကလိုက်လာသည်
"စမ်းရေရယ် ကယ်ပါအုံး"
     သူမ ကိုဖက်ပြီး ငိုတော့ နှိုင်း ရုတ်တရက်ကြောင်သွားသည်
"ဟယ် ဘာဖြစ်လို့တုန်း"
    သူမ နှိုင်းကို မျက်ခုံးပင့်ပြပြီးမေးတော့ နှိုင်းက မေးငေါ့ပြီး ဂျူလီိကို မေးခိုင်းသည်
"လာ..လာ.. အိမ်ထဲသွားရအောင်"
     သူမ ရေပိုက်ကို ပိတ်ပြီး သူတို့ကို အိမ်ထဲခေါ်လိုက််သည်
"ကဲ ဘာဖြစ်တာတုန်း"
"ကိုကိုကလေ"
"အင်း"
"နောက်တစ်ယောက်ရှိနေတယ် ငါဘာလုပ်ရမလဲ"
"ဘာပြောတယ်"
"ဟုတယ်ဟ ငါ့ကိုကျ ယူမှာတဲ့ နောက်တစ်ယောက်က အပျော်တွဲတာတဲ့ သူ့ကိုတကယ်ချစ်ရင် နားလည်ပေးတဲ့"
"ဘယ်လို"
"နှိုင်း နင်မသိဘူးလား"
"ငါမသိဘူးဟ နင်နဲ့ကျမှပြောမယ်ဆိုပြီး ငါ့ကိုဒီခေါ်လာတာ"
"စမ်းရေရယ် ငါဘာလုပ်ရမလဲ"
"ဖြတ်လိုက်"
"နှိုင်းက ခတ်ပြတ်ပြတ်ပြောလိုက်တယ်"
"ငါက ကိုကို ကိုတကယ်ချစ်တာဟ"
"ဟိုက နင့်ကို ​ကြိုးရှည်ရှည်နဲ့ လှန်ထားတာလေ"
"ဒါပေမဲ့ ငါ.."
"အပိုတွေ မပြောနဲ့ ပြတ်လိုက်"
"မပြတ်ချင်ပါဘူးဆို အဲ့ပြတ်ဖို့ပဲပြောနေတယ် စမ်းရေ လုပ်ပါအုံး"
      နှိုင်းနဲ့ဂျူလီတို့ အပြန်အလှန်စကားများပြီး သူမဘက်ကိုလှည့်လာသည်
"ဂျူလီ ငါပြောတာနားထောင်"
"နင်ဘာလို့ ငိုတာလဲ"
"ကိုကိုက နောက်တစ်ယောက်ရှိနေလို့လေ နင်ကလဲ ဟာ သိပြီသား ဘာလို့ မေးနေတာလဲ"
"နင့်အဲ့ကောင်ကို အဲ့လောက်တောင်ချစ်လား"
"အင်းချစ်တယ် ငါကိုကို ကိုပဲယူမယ်လို့ဆုံးဖြတ်ချက်ချထားတာ"
"တန်လို့လား"
"ဘာကို.."
"အဲ့လို သစ္စာမရှိတဲ့ အကောင်အတွက် တန်လို့လားလို့"
   ဂျူလီ အနည်းငယ်တွေဝေသွားသည်
"ဒါပေမဲ့"
"ဂျူလီ အသိစိတ်ဝင်စမ်း နင့်မိဘက နင့်ကို ဘာမှဟုတ်တဲ့ကောင်အတွက် အဲ့လိုခံစားနေရအောင် ဒီအရွယ်အထိ ပြုစုပျိုးထောင်လာတာလား
နင်လဲ လူပဲ သူလဲ လူပဲ ဘာကများ ထူးဆန်းနေလို့လဲ သူက နင့်ကို တောင် ပြတ်နိုင်တာ နင်က ဘာလို့မပြတ်နိုင်တာလဲ"
"ငါက သူ့ကိုချစ်.."
"တော်စမ်း ဂျူလီ အရင်ဆုံး နင့်အချစ်နဲ့ အဲ့ကောင်တန်လို့လား စဥ်းစားစမ်းပါ အဲ့ကောင်အတွက် ငိုနေရတာ တန်လို့လား အဲ့ကောင်အတွက် အချိန်ဖြုန်းနေရတာ တန်လို့လား ဂျူလီ ယောက်ျားမရှားဘူး"
      စမ်းရေ အဲ့လိုပြောလိုက်တော့ ဂျူလီ ငိုတာ တိတ်သွားသည်
"ငါဘာလုပ်ရမလဲ"
"ဖြတ်လိုက်"
"သူနဲ့ငါကမပြတ်သေးဘူးလေ"
"အေးလေ အဲ့တာကြောင့်ဖြတ်လိုက်လို့"
"ငါ့ဘက်ကလား"
"ဂျူလီ နင် မိန်းမ မာန ထားစမ်းပါနင်အဲ့ကောင်အတွက် နင့် မာနတွေ မြောင်းထဲ ရောက်ခဲ့ရတယ် နင့်မာနတွေ ကုန်းကောက်စရာမရှိအောင် နင်ချစ်ခဲ့တာ နောက်ဆုံးအချိန်မှ နင် မာနထားလိုက်စမ်းပါ"
    ဂျူလီ အခုမှ အသိစိတ်ဝင်လာတဲ့သူ ပုံစံနဲ့
"ဟုတယ် ငါ မာန ထားရမယ် သူ့အပေါင်းအသင်းတွေရှေ့မှာ ငါက လှောင်ပြောင်စရာဖြစ်ခဲ့တာ"
"ဟုတယ် ဂျူလီ အဲ့ကောင်ကိုဖုန်းဆက်လိုက်"
"နေအုံး ဂျူလီ ဒီအတိုင်းလွှတ်ပေးလိုက်ရတာ အရမ်းကို သက်ညှာသလိုမျိုး ဖြစ်နေမလားလို့"
    နှိုင်းက ကြောက်ဖို့ကောင်းတဲ့ အပြုံးမျိုးနဲ့ပြောလိုက်သည် စမ်းရေ နားလည်လိုက်တယ် နှိုင်းမှာ အကြံဥာဏ်ရှိတာကို ရိပ်မိသွားသည်
    ဒီရေ လှေကားပေါ်ကနေ သူတို့ပြောတာကို နားထောင်နေမိသည်'တကယ်ကို အတွဲညီတဲ့ သူငယ်ချင်းတွေပဲ' သွားစမ်းလို့တော့မရပေ
............................................................................
"ကိုကို"
"ဘာတုန်း ဂျူလီရာ"
"ဒီနေ့ ကိုကို မွေးနေ့လေ ဂျူလီ မွေးနေ့ လက်ဆောင် ပြင်ထားတယ်"
"ဘာလဲ"
"ဟိုဘက်ကို ကြည့်လိုက်"
"ကို မင်းကို"
"သဲ.."
"ရှင် ဒါက ဘာလဲ"
"မမ က ဘယ်သူလဲ"
"ငါက သူလက်ထပ်ဖို့ရည်ရွယ်ထားတဲ့သူ"
"ကိုကို ကိုကိုပြောတော့ ခလေးကို လက်ထပ်မှာစို"
      သူတို့ အသံတွေက ကျယ်နေတော့ တစ်ဆိုင်လုံးက သူတို့ကို အာရုံစိုက်လာသည်
"ဘာပြောတယ် သူက ငါ့ကိုလက်ထပ်မှာ ငါ့မှာ သူနဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီ"
"သဲ မင်းဘာတွေပြောနေတာလဲ"
"ရှင်စားပြီး နားမလည်မလုပ်နဲ့"
"ကိုကို  ကိုကိုပြောတော့ ခလေးကို တာဝန်ယူမှာစို အဲ့မိန်းမ ကိုအပျော်ကြံတာဆို"
"ဘာပြောတယ် ကို မင်းကို"
"ကိုကို ဒီကိစ္စရှင်းလေ"
     ပြဿနာက ပိုကြီးလာသည်
"ကို မင်းကို ရှင် ကျမကို သွေးတိုးစမ်းနေတာလား"
"မဟုပါဘူး သဲ ရယ်"
       မင်းကို ဇွဲချွေးပြန်လာသည် သူ သဲကို လွှတ်ပေးလို့မရ သူတို့ကုမ္ပဏီ အတွက် အရင်းအနှီးလို သည် သူမ က စီးပွားရေးလုပ်ငန်းရှင်ကြီး ရဲ့ သမီး
"သဲ ကိုယ် တောင်းပန်ပါတယ် သူ့ကို ကိုယ် တကယ်မချစ်ပါကွာ"
"ကိုကို ရှင်ပြောတော့ ကျမကို တာဝန်ယူမှာဆို"
"ဘာပြောတယ် မင်းနဲ့ငါ ဘာမှားခဲ့လို့လဲ"
"ရှင်က တစ်ယောက်ထဲနဲ့ မလုံလောက်တဲ့သူပဲ"
      သူမ မင်းကို ကို ပါးရိုက်လိုက်သည်
"ဂျူလီ မင်း.."
"ရှင် နေအုံး ရှင့် ဒီတစ်သက် စီးပွားရေးနယ်ပယ်မှာ ခြေချ ဖို့မတွေးနဲ့"
       သူမ အဲ့လိုပြောပြီး ထွက်သွားသည် မင်းကို ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူ့ကိုရွံရှာနေတဲ့ အကြည့်တွေ
    ................................................................
"ရိုက်လိုက်ပါအုံး"
"နှိုင်း နင် ဒီအကြံကို ဘယ်က ရတာတုန်း"
"ငါပဲလေ"
"နေပါအုံး နင်က မင်းကို ရဲ့နောက်ကောင်မလေးကိုဘယ်လိုသိတာတုန်း"
"ငါ စုံစမ်းတာပေါ့ ငါမသိတာက အဲ့ကောင်မလေးမှာ ကိုယ်ဝန်ရှိနေတာပဲ"
"အေးနော် ဟဲ့ သူက စီးပွားရေးလုပ်ငန်းရှင်လား"
"ဘယ်ကသာ သူ မဟုဘူး သူ့အဖေ သူ့အဖေက အဲ့နယ်ပယ်မှာ နာမည်ကြီးနေတဲ့သူပဲ"
"အော် ဟဲ့ ဂျူလီ ငြိမ်လှချည်းလား"
"ကိုကို က ငါ့ကို ပိုက်ဆံအတွက် ထားသွားတာပဲ"
      စမ်းရေနဲ့ နှိုင်း မျက်နှာ မဲ့ရွဲ့သွားသည်
"မိန်းမတွေ တင် ငွေမက်တာမဟုဘူးဟ ယောက်ျားတွေကော"
"ငွေမက်တာ ယောက်ျားမိန်းမ မဆိုင်ပါဘူးဟာ မက်တဲ့သူကတော့ မက်တာပေါ့"
"ကိုကို!"
     သူမ အသံပြဲ ကြီးနဲ့ အော်ငိုတော့ သူတို့နှစ်ယောက် ပါးစပ်ပေါက်ကို ပိတ်လိုက်သည်
"ဂျူလီ နင့်ပါးစပ်ပေါက်ပိတ်စမ်း"
"ငါ ထ ထိုးမိမယ်နော်"
     ဂျူလီ မျက်ရည်တွေနဲ့ ခေါင်းငြိမ့်ပြတော့မှ သူမ ကိုလွှတ်ပေးလိုက်ကြသည်

ထိုလူသားကြောင့် s(1)Where stories live. Discover now