Ep_3

843 27 2
                                    

သူမ မျက်စိရှေ့တွေရှိနေတာ တခြားသူမဟုတ် သူမတွေ့ချင်နေခဲ့သော်ဆရာပင်ဖြစ်သည်။
သို့ပေမဲ့ ဆရာက သူမသိခဲ့တုံးက ပုံစံနဲ့မအပ်စပ်စွာ မျက်နှာမာလဲအနည်းငယ်ပေါက်ပြဲနေပြီး ညာဘက်လက်မာလဲ သွေးတွေရဲနေတာပင်ဖြစ်သည်။

သူမ ဆရာကော ဟုတ်ရဲ့လား သူမများ ကယောင်ကတန်း အမြင်မှားတာလားလို့ တွေးချိန်ပင်မရလိုက် ဆိုနက ဘာစိတ်နဲ့ ထိုလူ၃ယောက်ကိုလာဖြဲမိမှန်းမသိ ၃ယောက်ထဲက တစ်ယောက်က ပခုံးကိုဆောင့်တွန်းလိုက်တာမို့ အနောက်က နံရံနဲ့ တိုက်မိကာ အတော်ပင်အောင့်သွားရသည်။

"ကောင်မလေး မင်းအတော်သတ္တိရှိနေလား မင်းကဘာသိလို့ဝင်ပါရတာလဲ"

သက်ဦးဒူးတွေပါမခိုင်ချင်တော့ပေ သို့သော်လဲ ကြောက်သည့်ပုံစံ ပြလို့မဖြစ်တာမို့

"ရှင်တို့ ၃ယောက်၁ယောက် ကို မတရားလုပ်နေတာလေ ကို့ဟာကိုရောသိကြရဲ့လား"

"ဘာ ငါတို့က မတရားလုပ်တယ်ဟုတ်လား ကွာ..ငါရိုက်လိုက်ရ "

ဆိုနလူက လက်ရွယ်ကာ သူမကိုရိုက်မယ်လုပ်တော့ နေဇင်ထွဠ်က ထိုလက်ကို ဖြတ်ခနဲဆွဲကာ

"မဆိုင်တဲ့ ကလေးကို ဆွဲမထည့်နဲ့ ငါ့နဲ့ဖြစ်တာငါ့နဲ့ပဲ ရှင်းမယ်"

သေချာပါတယ် ဒါဆရာ့အသံမှဆရာ့အသံအစစ် သူမမြင်နေကျ ပုံစံနဲ့ ဆရာက မထင်ထားလောက်အောင် ကွဲထွက်နေတာက လွဲရင် ဒီအသံကဆရာမှဆရာအစစ် ။

ဆရာက သူမကို ထိုသူတွေရှေ့ကနေ ဆွဲက ဆရာ့ရဲ့ နောက်ဘက်သို့ပို့လိုက်သည်။ ထိုအခါ ဟိုလူသုံးယောက်က

"မင်းသာ အစထဲက လာမစရင် ဒီလိုမဖြစ်ဖူး ငါဠိုးမသားရ ဟု ဆဲကာ ဆရာ့ဆီ ပြေးဝင်ထိုးသည် ဆရာသည် ဟန်ချက်ညီစွာ ထိုလူ့ရဲ့ ဒူးကိုဆောင့်ကန်ကာ ထိုလူကြီး ဒူးအကျတွင် အဲ့လူရဲ့ ရင်ပြင်ကို ကန်ကာ နောက်ထပ် ဆရာ့ဆီဝင်လာရန် ပြင်နေသည့် လူနှစ်ယောက်ကိုပါ အရှိန်နဲ့ ပစ်ကန်လိုက်သည်ကို ကြည့်ခြင်းအားဖြင့် ဆရာသည် ဒီလို ရန်ဖြစ်တိုက်ခိုက်ရတာမျိူးနဲ့  တရင်းတနှီးအကျွမ်းတဝင်ရှိနေတာလားဆိုတဲ့ အတွေးလေး သက်ဦးစိတ်မာ တွေးမိသွားသည်။

Fire & water Where stories live. Discover now