"သက်ဦး နင်ကလဲ ဘယ်လိုလုပ် ငိုင်သွားရတာလဲ"
အနော်က အိမ်ပြန်လမ်းတစ်လျှောက်လုံး ကားပေါ်မာငြိမ်သက်ပြီး ပါလာတဲ့ သက်ဦးကိုစကားစလိုက်သည်။"ဆရာက ငါ့ကို ဒီတိုင်း တမင်Friလက်မခံချင်လို့လားမသိဖူး"
"ဒါဖြင့် နင့်ကိုဆရာ ကျောင်းလိုက်ပို့တဲ့နေ့ကျရင် မေးပြီး လက်ခံဖို့ပြောလိုက်ပေါ့"
အနော်ကပြောမှ သက်ဦးလဲ ကျောင်းလိုက်ပို့တဲ့နေ့ကျမှ သူမAcc ကို လက်ခံပေးဖို့ပြောရန်တွေးမိသည်။
"နင် အကိုတေဇပြောတာ ကြားလား ဆရာ့မာ ချစ်သူကတစ်ယောက်ဘဲရှိခဲ့ဖူးတာ အဲ့တစ်ယောက်ကလဲ ဆရာ့အချစ်ဦးတဲ့"
"အင်းပေါ့ ဆရာလဲအချစ်ဦးဆိုတာရှိခဲ့ဖူးမာပေါ့ အဓိကက ခုလက်ရှိမာ နင်က ဆရာ့ရဲ့နေရာပေးမူကိုနင့်နည်းနင့်ဟန်နဲ့ ရအောင်ယူတတ်ဖို့ဘဲ"
အနော်ပြောတဲ့စကားတွေကို သူမသေချာစဉ်းစားနေလိုက်သည်။
သက်ဦး မနက်ဖြန် ဆရာနှင့်တွေ့ရမည်ဖြစ်သော်လည်း စိတ်တို့ကမငြိမ်သက် ဆရာ့ဖုန်းနံပါတ်ကိုကြည့်ကာ ခေါ်ရကောင်းလား မကောင်းလား ချိတုံချတုံဖြစ်နေသည်။
နောက်ဆုံး မစဉ်းစားနေတော့ဘဲ ဆရာ့နံပါတ်လေးကို ခေါ်ရန်နှိပ်လိုက်သည်။ဖုန်းကတန်းဝင်ပြီး ဆရာက လဲ ချက်ချင်းကိုင်လိုက်တာမို့ ရုတ်တရက် ဘာပြောရမယ်မှန်းသူမ မသိသေး။
"ဟယ်လို"
တဖက်က ဆရာ့အသံကြားသော်လည်း သူမဘာပြောရမယ်မှန်းမစဉ်းစားမိသေး။"သိမ့်သက်ဦး ဖုန်းခေါ်ပြီးရင်လဲ တခုခုပြောလေ"
သူမ နာမည်ကိုအပြည့်စုံခေါ်လိုက်သည်မို့ ကြက်သီးပါထသွားရသည်။"ဟို ဟိုလေ ဆရာမနက်ဖြန် သမီးကိုလာကြိုဖို့အားမအား သိရအောင် သမီးဖုန်းဆက်လိုက်တာပါ"
မထူးတော့ဖူး သူမ ပါးစပ်ထဲရှိရာ လျှောက်ပြောလိုက်သည်။"အင်း ငါမင်းကို အကြိုပို့လုပ်ဖို့ အားပါတယ်"
"အော်ဟုတ်ဟုတ်"
"ဒါဘဲမလား ငါချလိုက်တော့မယ်"
"ဟိုဆရာ ဆရာ ခနလေးနေပါအုံး သမီးလေ ဆရာ့ကို fb မာအပ်ထားတာ အာ့တာသမီးကို လက််ခံပေးပါအုံး"
YOU ARE READING
Fire & water
Romanceအကို့ရဲ့ ပန်းချီဆွဲတဲ့ လက်သွယ်"လေးတွေကို သဘောကျမိခြင်းလား အဲ့ဒီမျက်ခုံးထူ"မျက်ဝန်းနက်"ဆီမာ သဘောကျအရူံးပေးမိခြင်းလား ကိုယ်တိုင်ပင် မသိလိုက်ခင်မာ ချောက်နက်ထဲကို ခုန်ဆင်းမိတော့တာပဲ