ဒီနေ့ကျောင်းမာ နေ့လည်စာစားချိန် အနော်ရဲ့ ဘာလိုလိုညာလိုလို အကိုရဲနောင်ရောက်လာသည်မို့ သူမပါကျောင်းနားက မာလာရှမ်းကောဆိုင်မာ ဖရီးကုန်းဆင်းရပါတော့သည်။ ဒီလိုချိန်ကျတော့လဲ ဘေးထိုင်ဘုပြောတတ်တဲ့အနော်လို သူငယ်ချင်းရထားတာကျေးဇူးတင်မိသည်။
အကိုရဲနောင်ပါမှတော့ အကိုတေဇကလဲမပါမဖြစ်ခင် တအောင့်ကြာတော့ရောက်လာသည်။"ဟာ ညီမလေးတို့ ဆွဲနေပြီလား"
"ရဲနောင်ငါလဲအားမနာတော့ဖူး မှာလိုက်မယ်နော်"
"မင်းက မင်းစရိတ်နဲ့မင်းရှင်း"
"ဟ မင်းကအချင်း"ကို ဘက်လိုက်လှချီလား"
"ထင်ချင်သလိုထင် ညီမလေးတို့ဗိုက်ဝဖို့လိုတယ်နော့်"
အကိုရဲနောင်က တမင်စပြီးပြောလျှင် သူမနဲ့အနော် ပြိုင်တူရီမိသည်။"အကိုတေဇ စားချင်တာမှာလေ ညီမပြန်ဝယ်ကြွေးမယ်"
"ဟာ ညီမလေးကလဲ တကယ်လား အားနာစရာကြီး"
"ဟိတ်ကောင်တေဇ ကို့စီးပွါးရေးကိုလဲအားနာပါအုံး ကလေးနားက ဝှိုက်ချင်နေတာ"
ရဲနောင်က ဝင်ဟန့်မှ တေဇလဲအားရပါးရရီသည်။"အကိုတေဇက ဘာလုပ်တာလဲဟင်"
"အာ့ကောင်က Apple studio ဆိုင်ခွဲတွေမှမနည်းဖူး ပြင်ဦးလွင်မာလဲ အဖွားဝိုင်ခြံတွေကရှိသေးတယ် ဒါတောင်ကပ်စီးက နည်းနေသေးတယ်"
"ရဲနောင်မင်းကလဲတော်ရုံဖဲ့ပါကွာ ညီမလေးသက်ဦး အကို့ကိုတခုခုမေးစရာရှိလို့လား မုန့်ဝယ်ကြွေးမယ်ဆိုတော့"
"ဟို ဆရာ့အချစ်ဦးဆိုတာ မြတ်ဖူးမေဆိုတဲ့တစ်ယောက်လားဟင်"
တေဇကောရဲနောင်ပါ အံ့ဩမိသည် သူမကဘယ်လိုလုပ် မြတ်ဖူးမေကိုသိနေရတာပါလိမ့်။
"ဟိုဟာ ဆရာ့အမနဲ့ စျေးချိုမာတွေ့တုံးက ဆရာ့အချစ်ဦးဆိုတဲ့အမပါ ဆရာ့အမဘေးမာပါလာလို့"
"သူက နေကြီးအချစ်ဦးပါလို့ နေကြီးအမက မိတ်ဆက်ပေးတာလား"
"ဟင့်အင် ဆရာ့အမထွက်သွားတော့ အဲ့အမကြီးက ညီမကိုပြောပြတာသူကဆရာ့ရဲ့အချစ်ဦးတဲ့ ပြီးတော့ ဆရာက ၆နှစ်ရှိပြီသူ့ကိုမမေ့သေးဖူးတဲ့ ဟို ပြီးတော့ ဆရာ့အိမ်အပေါ်ထပ်ကပန်းချီခန်းမာလဲ အဲ့အမကြီးရဲ့ပုံတူဆေးပန်းချီ ညီမအရင်မြင်ဖူးခဲ့တာ နောက်မှ အဲ့အမက ဆရာ့အချစ်ဦးမှန်းသိတာ"
YOU ARE READING
Fire & water
Romanceအကို့ရဲ့ ပန်းချီဆွဲတဲ့ လက်သွယ်"လေးတွေကို သဘောကျမိခြင်းလား အဲ့ဒီမျက်ခုံးထူ"မျက်ဝန်းနက်"ဆီမာ သဘောကျအရူံးပေးမိခြင်းလား ကိုယ်တိုင်ပင် မသိလိုက်ခင်မာ ချောက်နက်ထဲကို ခုန်ဆင်းမိတော့တာပဲ