အဲ့နေ့က ကျောင်းကို လိုက်ပို့ပေးပြီးနောက်ပိုင်း သူမ ဆရာ့ကို ထပ်မတွေ့ရတော့ပေ ။"အနည်းဆုံး ငါနာမည်လေး ဖြစ်" မေးခဲ့ရရင်ကောင်းမာကို အခုတော့ နာမည်ပါမသိဖူး"
သက်ဦးညည်း"ညူ"လေးဆိုရင်း
ကျောင်းပြတင်းပေါက်နေ အပြင်ဘက်ကို လှမ်းကြည့်လိုက်သည့် အခါတွင်တော့ မိုးရာသီလဲ ဖြစ်တာမို့ မိုးက အရမ်းမသည်းသော်လည်း
မိုးဖွဲလေးတွေတော့ ကျနေသည် နောက်အချိန်အတန်းလဲ မစသေးတာမို့ စိတ်ညစ်"နဲ့ အနော်ကို ကြည့်လိုက်တော့လဲ ခဲပန်းချီဆွဲနေတာမို့လို့ သူမအကြံရသွားရင်း"အနော့် နင်ငါ့ကိုလေ ဆရာ့ပုံကို ခဲပန်းချီဆွဲပေးပါလား "
"ဟာ ခဲပန်းချီက ငါကအဲ့လောက်ထိလဲကျွမ်းသေးတာမဟုတ်ဖူး မကျွမ်းသေးပဲဆွဲရင် နင့်ဆရာ့ပုံ ပျက်ပန်းပျက်ထွက်လာမာနော် "
အနော့်အပြောကို သူမနှာခေါင်းရူံ့လိုက်ကာ အနော်မဆွဲပေးလို့ သူကိုယ်တိုင်ဆွဲရအောင်လဲ ပါရမီကော ဝါသနာကော မပါလာတာ သူ့ကိုသူသာသိသည်။
ဆရာက သင်တန်းက သူ့ဦးလေးအစား ဝင်ပေးတာလို့ပြောတာမလို့ သင်တန်းမာ နာမည်လေးဘာလေးသွားစုံစမ်းရအောင်လဲ ကိုယ်တွေက ကျောင်းဖွင့်ခါနီးထဲက အတန်းလဲဆက်မသွားဖြစ် ခုမှသွားမေးရင်လဲ ကိုယ်ဖွန်ကြောင်ချင်တာ သိသာနေအုံးမယ်။
"သက်ဦး ဒီနေ့တော့ နင်တစ်ယောက်ထဲ ပြန်လို့ရတယ်မလား ငါဒီနေ့ ညနေ အတန်းမပြီးခင် ချိန်းထားတာရှိလို့စောပြန်မို့"
"ရတယ်လေ အနော် မဟုတ်တောင် ငါနဲ့လိုက်ပြန်ရင် နင့်လမ်းကအဝေးကြီးကွေ့ပြန်ရလို့ငါအားနာနေတာ"
အနော်မ သူမ ပြောတာကိုပင်မစောင့် ပစ္စည်းတွေထိုးသိပ်ထည့်ကာ အပြေးလေး အခန်းပြင်ကို ရောက်နေပြီးနှင့်ပြီဖြစ်သည်။
"ဖြောက် ဖြောက် ဖြောက်"
တနေကုန် နေပူနေပြီး သက်ဦး အိမ်ပြန်တဲ့ အချိန်မှ တမင် အကျင့်ယုတ်ပြီး မိုးက စောင့်ရွာသလားမှတ်ရတယ် ။ မထူးတော့ပြီ ထီးလဲမပါတာမို့ မိုးရေထဲပြေးဖို့သာ တွေးလိုက်သည်။
YOU ARE READING
Fire & water
Romanceအကို့ရဲ့ ပန်းချီဆွဲတဲ့ လက်သွယ်"လေးတွေကို သဘောကျမိခြင်းလား အဲ့ဒီမျက်ခုံးထူ"မျက်ဝန်းနက်"ဆီမာ သဘောကျအရူံးပေးမိခြင်းလား ကိုယ်တိုင်ပင် မသိလိုက်ခင်မာ ချောက်နက်ထဲကို ခုန်ဆင်းမိတော့တာပဲ