Ep-14

717 38 5
                                    



ရုံးခန်းရှေ့က ခုံတွဲမာထိုင်နေတဲ့ နေဇင်ထွဠ်ကတော့ဖုန်းကြည့်မပျက်။ဆေးစာရွက်ယူပြီး ထွက်သွားတော့ လူကောင်သေးသေး နီညိုရောင်ဆံပင်လှိုင်းကောက်တွေရှိပြီး အသားဝင်း"လေးနဲ့မို့ အတော်တော့ချစ်စရာကောင်းပါသည်။ ကျောင်းတစ်ခုရဲ့uniform နဲ့ ကလေးမျက်နှာလေးက နေဇင်ထွဠ်ထက် အတော်ငယ်မည်ဆိုတာ သက်သေပင်။

"ကဲပြော အဲ့ကလေးမက ဘယ်သူလဲ "

"ကျစ် စပြီ ဒီလိုတွေမေးလာမယ်ဆိုတာသိတယ်"
နေဇင်ထွဠ်က စိတ်ညစ်ဟန် ဆံပင်တွေကို ထိုးဖွလိုက်သည်။

"နင့်ကိုလဲ ဆရာလို့ခေါ်သေးတယ် ကလေးမလေးက တော်"ငယ်အုံးမဲ့ပုံလေး ဒီထိတောင် ငါ့duty ထွက်ခါနီး ဖုန်းဆက်လို့ ဘယ်သူများ ဘာအသည်းသန်ဖြစ်တာလဲလို့ ဒီကလေးမလေးကိုး "

"ငါ့ဦးငယ်သင်တန်းမာ အစားဝင်ပေးဖူးတာလဲ နင်သိနေတာဘဲ အဲ့က ကလေးမလေးပေါ့ဟ"

"အေး အဲ့သင်တန်းက ကလေးမဆိုတာမထူးဆန်းဖူး နင့်ဘေးမာရှိနေတာက ထူးဆန်းတာ"

"ဘာကထူးဆန်းတာလဲ"

နေဇင်ထွဠ်အမေးကို သူမပြန်ဖြေချိန်မရလိုက် အနားကို ခေါင်းငိုက်စိုက်ကာ တို့တိတို့တိနဲ့လျှောက်လာနေတဲ့ဟိုကလေးမ။

"ဆေးပုံမှန်သောက်နော် အစားလဲဆင်ခြင်စားအုံးနော်ညီမလေး"
ရှေ့က ဆရာဝန်မ ကိုသူမ ခေါင်းသာငြိမ့်ပြလိုက်သည်။

"ပြီးပြီမလား သွားမယ်"
နေဇင်ထွဠ်က ရှေ့ကဦးအောင်ထွက်သွားရတာမို့ သူမနောက်ကနေ အပြေးလေး လိုက်ရတော့သည်။

တလမ်းလုံး အလာတုံးကလို ကြည်နူးစိတ်လေးပါ မရှိတော့ ။ပုံမှန်ဆို ဆရာနဲ့ဆိုင်ကယ်တူတူစီးရလျှင် ကိုယ့်ဟာကို စိတ်ကူးတွေယဉ်နေတတ်ပေမဲ့ ဒီတခေါက်တော့ ဆရာဘယ်ကိုဦးတည်မောင်းနေလဲပါအာရုံမရလိုက် ဆရာဆိုင်ကယ်ရပ်တော့မှသာ ဆရာ့ရဲ့ဆိုင်ကို ရောက်လာမှန်းသတိဝင်တော့သည်။

"ငါ့နားနေခန်းထဲ ခနသွားစောင့်နေ ခနနေငါပြန်လာခဲ့မယ်"

ဆရာ့ရဲ့ဆိုင်ကယ်အရောင်းပြခန်းကိုကျော်ပြီးထောင့်တွင် ဆရာ့ပြောတဲ့နားနေခန်းဆိုတာ ရှိသည်မို့ အသာလေး တံခါးကို ဆွဲဖွင့်ပြီးဝင်လာလိုက်သည်။ဆရာက ဆိုင်ကယ်တင်မဟုတ်ဘဲ ပန်းချီချစ်သူမို့ထင်သည် ဆရာ့ရဲ့sign ပါသော ပန်းချီကားချပ် တချို့ကို အခန်းထဲ ချိတ်ဆွဲထားတာ တွေ့ရသည်။

Fire & water Where stories live. Discover now