Ep-2

1.3K 31 0
                                    

နောက်တနေ့ သက်ဦးတို့ အတန်းကို ဆရာ ၁၅မိနစ်လောက်နောက်ကျ​မှ ဝင်လာသည် သက်ဦးတို့ ဒီမာစတက်လာထဲက ဆရာက နောက်ကျဖူးသူမဟုတ် ဒီနေ့မှနောက်ကျတာပင်ဖြစ်သည်။

  color theory စပ်တာတွေ သင်တာသင်နေရတယ် စိတ်ကမပါချင် ဖွန်ကြောင်ချင်လို့သာ ကျောင်းမှန်နေရတာ ကို့ကိုယ်ကိုသာသိသည်။
လေသံအေးအေးလေးဖြင့် color theory အကြောင်းသင်နေတဲ့ ဆရာ့ကို ကြည့်ရင်း မထင်မှတ်ပါပဲ ဆရာ့လက်ဖမိုးက ညိုပြီးယောင်နေသလိုပင် သက်ဦးက အနောက်ဆုံးက ထောင့်မာထိုင်တာဆိုတော့ ရှေ့လူကွယ်နေတော့ သေချာမမြင်ရ သို့သော် ယောင်နေတာတော့ အသိသာပင်ဖြစ်သည်။

နေဇင်ထွဠ် color theory အကြောင်း သင်နေရင်းမှ နောက်ဆုံးခုံက ဘယ်လောက်သင်" ပုံမလာပန်းမလာတွေဆွဲတတ်တဲ့ ငတိမက ဒဏ်ရာရထားတဲ့ သူ့လက်ကို လိုက်ကြည့်နေတာ သတိထားမိတော့သည် ဒီကလေးမ အတန်းစထဲက ပန်းချီအကြောင်းကလွဲရင် အကုန်စိတ်ဝင်စားနေသလိုပင် ဒါမဲ့များဘာလို့ဒီမာလာနေသေးလဲမသိ။

ဒီနေ့တော့ ဆရာက  အကျီ ကာကီရောင် shirt လက်ရှည် နဲ့ ပုဆိုး အပြာနုနုကို တွဲဝတ်ထားသည် သူမဆရာ့ကိုစတွေ့ထဲက ဆရာဟာ ဒီလိုလက်ရှည်နဲ့အရောင်ငြိမ်"လေးတွေသာ ရွေးဝတ်တတ်ပြီး ဆရာသူမအနားကဖြတ်လျှောက်သွားတိုင်း ဆရာ့ဆီကရေမွေးနံ့နဲ့အတူ တခြားအနံ့တခုခုရောနေသလို အနံ့မျိူးလဲ ဆရာဖြတ်သွားတိုင်းရနေကြပင်ဖြစ်သည်။

Landscape ပုံဆွဲနည်း သင်တဲ့ရက်က ဆရာရဲ့ စုတ်တံကိုင်တဲ့ လက်ချောင်းသွယ်"လေးတွေကို ကြည့်ကာ ပြုံး"ကြီးပင် စိတ်ကူးလို့ကောင်းနေတော့သည် ဆရာ့နာမည်ကိုမေးချင်ပေမဲ့ အခွင့်မရ တခြားဆရာတွေအားလဲ မမေးချင် ဆရာက သူ့ကိူသူလဲ ဆရာလို့မသုံးနှုန်းဘဲ ကျွန်တော်လို့သာ အမြဲသုံးနှုန်းတတ်သည်။

"အဟွန့် တော်"ရိုးအေးတဲ့ ယောကျာ်း ငါနဲ့ရမှအေးမယ် အတန်းပြီးလို့ အခန်းထဲက ထွက်သွားတဲ့ ဆရာ့ကျောပြင်ကိုကြည့်ပြီး သူမ ကြုံးဝါးလိုက်သည်။

Art class က တပတ်၃ရက် ကြာသပတေး၊သောကြာ၊စနေ ထိပဲရှိတာမို့လို့ ဆရာ့ကိုထပ်တွေ့ရဖို့ နောက်၃ရက်စောင့်ရပေအုံးမယ်။ ကျောင်းမဖွင့်ခင်လေး အနော်မနဲ့ တူတူလိုက်လာမိတာ ဒီတချက်တော့ တော်"တန်ပါတယ်။

Fire & water Where stories live. Discover now