Ep-18

501 28 4
                                    



သက်ဦး စာတွေကျက်နေရပင်မဲ့ စိတ်ကစာထဲတွင်မရှိပါ ဒီsem ဖြေပြီးသွားရင် ဆရာနဲ့လဲထပ်တွေ့ရဖို့ကလဲလွယ်တော့မည်မဟုတ်ပါ။ဆရာ့လိုလူနဲ့ မကြာ"တွေ့နိုင်အောင်ဖန်တီးဖို့လဲမလွယ်ပါ။စစကတော့ အနော်တို့နဲ့ပြင်ဦးလွင်သွားတဲ့အချိန် ဆရာ့ကိုဖွင့်ပြောလိုက်ဖို့စဉ်းစားလိုက်ပေမဲ့လဲ ပြင်ဦးလွင်သွားမဲ့plan က အကိုရဲနောင်အလုပ်မအားတော့တာနဲ့မသွားဖြစ်တော့ပေ။သူမဘက်ကမိန်းကလေးတန်မဲ့ဖွင့်ပြောလိုက်ခါမှ ဆရာ့ဘက်ကအထင်သေးပြီး သူမဆရာ့ရဲ့ဝေးရာကိုပိုရောက်သွားမာကိုလဲကြောက်မိသည်။မပြောဘဲနေလိုက်ရင်လဲ ဘာမှတောင်မကြိုးစားလိုက်ရဘဲ ဒီတိုင်းကြီးလဲသူမမနေချင်ပါ။ကျက်နေတဲ့စာကိုလဲ ဆက်ကျက်ဖို့စိတ်မပါတော့တာမို့ သူမထထွက်ခဲ့သည်။

"ဟင် ဆရာအိမ်မာမရှိဖူးလား ခြံတံခါးကလဲသော့ခတ်ထားတယ် ဆိုင်အရင်သွားတုံးကလဲမရှိဖူး"

ရောက်နေပြီးမှတော့လှည့်မပြန်ချင်တာမို့ ခြံရှေ့ရပ်စောင့်ရန်သာတွေးလိုက်သည်။သိပ်မကြာပါ ဆရာ့ရဲ့ဆိုင်ကယ်သံကိုကြားသည်မို့ လှည့်ကြည့်လိုကါတော့ဆရာပင်။

"ဟယ် ဆရာ ဘာဖြစ်လာတာလဲဒဏ်ရာတွေနဲ့"

မျက်ခုံးအထက်နဲ့ မေးရိုးထောင့်မာ သွေးစို့ကာ အနည်းငယ်ညိုမဲနေသည့်အပြင် လက်ချောင်းတွေမာပါ ပွန်းပဲ့နေသည်။

သူမမေးသည်ကိုဆရာက ဘာမှပြန်ပြောဘဲ ခြံတံခါးကိုဆင်းဖွင့်ပြီး မောင်းဝင်သွားသည်မို့ သူမအပြေးကလေးလိုက်ရသည်။

"ဆရာ ဘာဖြစ်လာတာလဲ ရန်ဖြစ်လာတာလားဟင်"

"မင်းဒီကိုဘာလာလုပ်တာလဲ"

"ဆေးပုံးရှိလား အနာတွေဒီတိုင်းထားလို့မရဖူးလေဆရာ"

သူမပြောလဲပြော မျက်စိကဧည့်ခန်းထဲကိုဝေ့ကြည့်လိုက်တော့ tv စင်နားမာ အပြာရောင်ဆေးပုံးတွေ့သည်မို့ ယူကာ ဆရာ့အနားသွားထိုင်လိုက်သည်။

"ဟိုတခါကလိုများ ရန်ဖြစ်လာတာလား..

အရက်ပျံနဲ့ တို့မယ်နော်ဆရာ နည်း"တော့စပ်မယ်.."

ဆရာ့မျက်ခုံးနားကဒဏ်ရာကို အရက်ပျံနဲ့သန့်စင်ပေးနေတုံး ဆရာစပ်မာဆိုးတာကြောင့် သူမနှုတ်ခမ်းနဲ့ဖြည်း"ချင်းစီလေမှုတ်ပေးနေရင်း နီး"ကပ်"ဖြစ်နေသည်ဆိုတဲ့ အသိကြောင့် ရင်တွေခုန်လာကာ လက်တွေပါတုန်ချင်လာသည်။

Fire & water Where stories live. Discover now