Ep-10

748 21 6
                                    


ဆရာပေးတဲ့ခေါင်းစည်းကြိုးလေးကို သူမ စည်းတောင်မစည်းထားရက်ဘဲ ခနခနထုတ်ကြည့်နေမိသည်။
ဆရာကိုယ်တိုင် သူမကိုခေါင်းစည်းပေးတယ်ဆိုတာဟာ သူမအတွက် ထူးခြားဖြစ်စဉ်ပင်ဖြစ်သည်။တဆက်ထဲ ဆရာက ဆံပင်စည်းတတ်တယ်ဆိုတော့ အရင်ကကောင်မလေးကိုများစည်းပေးဖူးလို့များလား။သက်ဦးတစ်ယောက်ထဲ အတွေးတွေခရီးလွန်နေပါတော့သည်။

"ဒီနေ့မနက်ကျ ဆရာက နောက်ကျလိုက်တာ"

သက်ဦး အိမ်ရှေ့ထွက်ကာ စောင့်နေတာ၁၅မိနစ််ခန့်ကျော်နေပြီဖြစ်သော်လည်း ဆရာ့အရိပ်ယောင်တောင်မတွေ့ရ ။
ဆရာ ငါ့ကိုပို့ပေးမဲ့ဟာ မေ့သွားလို့များလား။မအားလို့များလား။

တော်"နဲ့မပေါ်လာသေးတာမို့ သက်ဦးလဲ ကျောင်းနောက်ကျတော့မာမို့ ပြေးရတော့သည် လမ်းထိပ်ထိပြီးမှအိုးဝေငှါးပြီး ကျောင်းသို့ သုတ်ခြေတင်ရတော့သည်။

"ကြာလိုက်တာ သက်ဦးမရယ် ငါဖြင့်နင့်ဆရာ့ကို ခိုးရာခေါ်သွားပြီထင်နေတာ ပေါ်မလာတော့"အနော်မက ဘေးနားကိုလာကာ နှုတ်ခမ်းနီလေးဆိုးရင်းပြောသည်။

"ဟဲ့ ဆရာကငါ့ကို ခိုးရာခေါ်မာမဟုတ်ဖူးလား"

"မဟုတ်ဖူးလေ ခိုးမဲ့ခိုး နင်ဘဲခိုးမာ ဆရာတော့မခိုးလောက်ဖူး"

"ခွေးမ" သက်ဦးက မျက်စောင်းလေးထိုးပြီးဆဲလိုက်မှ အနော်က သက်ဦးကိုလာပြီးသိုင်းဖက်သည်။

"ပြော ဘာလို့နောက်ကျတာဒါဆို"

"ဆရာ့ ငါ့ကို ဒီမနက်လာမခေါ်ဖူးဟ"

"ဟုတ်လား သူလဲမအားတာနေမာပေါ့ နင့်ကိုဖုန်းမဆက်ဖူးလား"

"ငါ့ဆီမာ ဆရာ့ဖုန်းနံပါတ်မှမရှိတာ"

"သက်ဦးရေ နင်ကြပ်"လက်နှေးနေ ခွက်ဆေးရမယ်သိလား တောင်းလိုက်ပါ့လားအစထဲက အကြောင်းပြချက်တခုခုပေးပြီး"

"ငါမှ မတောင်းရဲတာကို နင်ကလဲ"

"ဒါဖြင့် ဆရာ့fb acc လေးဘာလေးကောရှာကြည့်ပေါ့"

"ဆရာ့နာမည်နေဇင်ထွဠ်ဆိုပြီးရှာရမာလား ဆရာကသူ့နာမည်နဲ့fb မသုံးရင်ကော"

"အေး ဒါတော့ ကိုယ်ရှာမှ ကိုယ်စားရမာဟေ့"အနော်က သူမကိုစိတ်မရှည်တော့ဘဲ စာအုပ်တွေသာထုတ်နေတော့သည်။

Fire & water Where stories live. Discover now