Ep-16

1.1K 50 11
                                    



"သက်ဦး ငါ့ကို အကိုရဲနောင်က လာမဲ့အပတ်ကျရင် ပြင်ဦးလွင်တက်မယ်လိုက်ခဲ့တဲ့"

"ဟုတ်လား သွားလိုက်ပေါ့ ပျော်စရာကြီး"

"အာ ငါဘဲမဟုတ်ဖူး သူ့သူငယ်ချင်းတွေရောလေ အာ့ကြောင့်ငါကနင့်ပါခေါ်တာ"

သူ့သူငယ်ချင်းတွေကော ဆိုတဲ့စကားကြောင့် သက်ဦးမျက်လုံးလေး လက်လာသည်။

"တကယ်လား ဘယ်တော့လဲ နောက်အပတ် ဘယ်ရက်လဲ"

စော"နက assignment မပြီးသေးဖူးဆိုပြီး သူပြောနေတာတောင် သေချာနားထောင်ဖို့မအားတဲ့သက်ဦးမက ခုကျအသည်းသန်။

"မသိသေးဖူးလေ ဒီတိုင်းငါနဲ့ အကိုရဲနောင်နဲ့စကားစထားကြည့်တာ"

"မြန်"သွားရအောင်အတည်ပြုလိုက်နော် ဒါမှဆရာလဲပါမာ"

"ကောင်မနင်ကလဲ တဆရာထဲဆရာနေတာ"

"ဆရာငါ့ကို နေ့လည်က msg ပို့ထားတယ်ဟ သူဒီနေ့ မလာဖြစ်ဖူးတဲ့ ငါလဲညနေကျ စျေးချိုဘက် အန်တီမေမှာတာလေးတွေသွားကြည့်ရအုံးမယ်"

ဒီနေ့ကျမှအန်တီမေက စျေးချိုက ငါးဖယ်သုပ်စပ်"လေးစားချင်တယ်ဆိုလို့ ကျောင်းကပြန်တာနဲ့ စျေးချိုဘက်ခြေဆန့်ရသည်။

သူမက မန်းလေးသူမဟုတ်သော်လည်း မန်းလေးကအစားစာတွေကိုတော့ သူမတော်"ကြိုက်သည်။
စဉ်းစားနေရင်း မန်းလေးမီးရှည်အသည်လေးတွေ့တာမို့ အသည်နားမြန်"သွားလိုက်သည်။ဒီအသည်က အရသာကောင်းဟန်တူသည် ဆိုင်ကြီးနားကြီးမဟုတ်တာတောင် လူတွေစည်နေသည်။နောက်ဒီ စျေးချိူက အထမ်းမီးရှည်ကို အနော်ကိုပါ ခေါ်လာပြီး ထပ်လာစားရမည်ဟုတွေးနေမိသည်။

"ဟင် ဟိုဟာ ဆရာ့ရဲအမမလား"
အနက်ရောင် စတိုင်ပန့်လေးနဲ့ သခွါးရောင်top လေးကိုဝတ်ထားပြီး ဆံပင်ပခုံးလောက်ကိုခပ်မြင့်"စီးထားတဲ့ ဆရာ့ရဲ့အမပုံစံက သေချာစိုက်ကြည့်လျှင် ပိုးမမှီသာနဲ့တောင်ဆင်သည်။

ဆရာ့အမရဲ့ဘေးက အမကြီးကို ဘာလို့သူမ မြင်ဖူးသဟန်ရှိနေတာပါလိမ့်တခါမှတောင်မဆုံဖူးဘဲနဲ့။

"ညီမလေး"

သက်ဦး စဉ်းစားခန်းဝင်နေခိုက် ဆရာ့ရဲ့အမကပင် ဦးအောင်သူမဆီသို့လာကာနှုတ်ဆက်သည်။

Fire & water Where stories live. Discover now