Ep-9

670 26 0
                                    



မနေ့ညက ဆရာနဲ့အကြောင်းတွေကို တညလုံး အနော်ကိုလဲပြောပြနေသည့်အပြင် မအိပ်ချင် ဆရာဆေးထည့်ပေးနေသည့်ပုံရိပ်တွေကို အကြိမ်"ပြန်မြင်ယောင်ကြည့်နေသည်မို့ မိုးလင်းခါနီးမှသာ အိပ်ပျော်သွားလေသည်။

"ဟာ သွားပြီ ဆရာရောက်နေပြီလားမသိဖူး "
နာရီကြည့်တော့ ၇နာရီ၁၀မိနစ်သာရှိသေးသော်လည်း သူမဆက်မအိပ်တော့ဘဲ မျက်နှာသစ်ရန်ထွက်လာခဲ့သည်။

အဝတ်စားလဲပြီး အိမ်ရှေ့ထွက်ကြည့်လိုက်စရာပင်မလို ဆိုင်ကယ်သံကြားလိုက်သည်မို့ မနက်စာပင် စားချိန်မရတော့ဘဲ လွယ်အိတ်ကလေးဆွဲယူကာ အပြေးလွှား ပြေးထွက်ရသည်။

"ဘာလို့ ဒီလောက် ယမ်းဒယားခတ်နေတာလဲ ဒူးမာလဲဒဏ်ရာကြီးနဲ့ဟာကို

ဝရုန်းသုန်းကားပြေးထွက်လာသည့် သူမကိုကြည့်ပြီး အော်မိလိုက်သည်။

"သမီးက ဆရာစောင့်နေမာဆိုးလို့ သမီး မနက်စာတောင်မစားရသေးဖူး"

မနက်စာပင်မစားလာတာ မဖြစ်နိုင် ခေါင်းပါမဖြီးလာတာဖြစ်မည် နီညိုရောင် ဆံပင်လိုင်းကောက်တို့က ပွယောင်းနေသည်။

"ဒီထက်နောက်ကျရင်လဲ ငါမအားတော့ဖူး"

"မင်းလွယ်အိတ်က ရလား ငါကိုင်ထားလာပေးရမလား မင်းကျောနာနေမာဆိုးလို့"

"ဟင့်အင် ရတယ်ဆရာ သမီး လွယ်အိတ်တော့လွယ်ထားလို့အဆင်ပြေတယ်"

"ကဲ ပြီးတာပဲ အာ့ဆိုလဲတက်"

ဆရာဆိုင်ကယ်အမြင့်ကြီးကို သူမစကပ်နဲ့တက်ရတာအဆင်မပြေပါ ဒါတောင်သူမက ဒူးအထက်လောက်အတိုဝတ်ထားလို့ တက်ရလွယ်သေးသည် ဒူးအောက်ဟာများဝတ်ရင် တက်ခါနီး စကပ်ကို မထားနေရအုံးမည်။

"ဟင်ဆရာ လက်ဖက်ရည်ဆိုင်ဝင်မို့လား"

ကျောင်းကိုသာ တန်းသွားမည်ထင်ထားသော်လည်း ဆရာက လက်ဖက်ရည်ဆိုင်သို့ မောင်းချလာသည်။

"ငါဘာမှမစားရသေးဖူး မင်းလဲမစားရသေးဖူးမလား စကားမများနဲ့ နောက်ကလိုက်ဝင်ခဲ့"

ကျောင်းကို အပို့အကြိုလုပ်ပေးမည့်အပြင် အခုမနက်စာပါ တူတူထပ်စားရမည်ဆိုသောကြောင့် မနက်စော"စီး" သူမကို ဘေ့စ်ဘောတုတ်နဲ့ ရိုက်လိုက်သောသူကို ကျေးဇူးမတင်သင့်ပေမဲ့ ကျေးဇူးတင်လိုက်မိသည်။

Fire & water Where stories live. Discover now