"တကယ်ကြီးဆရာက နင့်ကိုအဲ့လိုပြောလိုက်တာလား""တကယ်ပါဆိုနင်ကလဲ"
"အာ့လိုဆိုရင်ငါကြည့်ရသလောက်က နင့်ကိုဆရာလဲ သဘောမကျတောင် စိတ်ထဲနေရာရှိမယ်လို့ထင်တယ်"
"ဟမ် ဟဲ့ ဒီမာ ဒီမာကြည့်အုံး အကိုတေဇတို့က ငါဆရာ့ကိုဖွင့်ပြောလိုက်တာ ဘယ်လိုလုပ်သိသွားရတာလဲ ဆရာများပြောပြလိုက်တာလားမသိဖူး"
မနေ့ထဲကဖုန်းမကြည့်ဖြစ်လို့ သက်ဦးဒီနေ့ဖုန်းဖွင့်ကြည့်လိုက်ချိန် အကိုတေဇနဲ့ရဲနောင်က messenger မာ fighting ညီမလေးဆိုပြီး ပို့ထားသည်။
"အော်အဲ့တာလား ငါပြောပြလိုက်တာ ကိုရဲနောင်ကို ကိုရဲနောင်ကတဆင့် အကိုတေဇလဲသိသွားတာနေမယ် ငါတို့က we stand with Theint thet Oo လေဟာ နင်ကလဲ ဆရာ့ကိုတောင်ဖွင့်ပြောပြီးမှတော့ ခုမှဘာတွေရှက်သွားတာ"
"နည်း"ပါး"တော့ရှက်တာပေါ့ဟငါလဲ တော်ပြီ"ကျန်တာနောက်မှတွေးမယ် စာအရင်ကျက်ရအောင်"
..............................................................................
"ဟျောင့် နေဇင်ထွဠ် မင်းကလျှိုတယ်ကွာ"
ဆိုင်မာရှိနေတုံး ဟို၂ကောင် ဒီချိန်မလာစဖူးရောက်ချလာသည်။
"မင်းကမပြောပြပေမဲ့ ငါတို့ကသိပြီးသားပါ ဟိုကလေးမက မင်းကိုဖွင့်ပြောလိုက်တယ်ဆိုတာ"
"ဒီတိုင်းသူကကလေးဆိုတော့ စိတ်ကစားတာပါကွာ"
"ဟာ မင်းကလဲအသည်းကမာလှချည်လား လုပ်ပါ ဖွင့်ပြောခံရတော့ feeling လေးဘာလေး"
"ဘာကိုfeeling လေးဘာလေးလဲ ငါသူ့ကိုအစထဲက ညီမလေးလိုဘဲမြင်တယ် မင်းတို့ကောင်တွေလဲသိနေတာဘဲ ငါညီမလေးလိုချင်တာ"
"အခုဟာကမတူဖူးလေမင်းကလဲ"
"ရဲနောင်အာ့ကောင်ကိုပြောမနေနဲ့ သူညီမလေးဆိုလဲညီမလေးပေါ့ဟ"
တေဇက ရဲနောင်ပြောနေတာကိုဖြတ်ပြောပြီး နေဇင်ထွဠ်ဆီ စူးစိုက်ကြည့်လိုက်သည်။
တကယ်ဘဲ နေဇင်ထွဠ်ဟာ သူ့အချစ်ဦးကိုခုထိမေ့မရသေးဖူးလားဆိုတာ သူတို့သိချင်သည်။
"ငါပြောတာ မှားနေလို့လား သူ့အသက်ရွယ်က ခုချိန်စိတ်မငြိမ် စိတ်ကစားတတ်တဲ့အရွယ် အာ့တာကိုကလေးပြောသမျှ လိုက်ကနေလို့မှမရ ငါ့အသက်ရွယ်နဲ့ ပြီးတော့ရှေ့ကပြောသလိုဘဲ ညီမလေးလိုပဲမြင်တယ်ဒါကပြောင်းသွားမာမဟုတ်ဖူး"

YOU ARE READING
Fire & water
Romantikaအကို့ရဲ့ ပန်းချီဆွဲတဲ့ လက်သွယ်"လေးတွေကို သဘောကျမိခြင်းလား အဲ့ဒီမျက်ခုံးထူ"မျက်ဝန်းနက်"ဆီမာ သဘောကျအရူံးပေးမိခြင်းလား ကိုယ်တိုင်ပင် မသိလိုက်ခင်မာ ချောက်နက်ထဲကို ခုန်ဆင်းမိတော့တာပဲ