Ep-11

1K 28 11
                                    



"မနက်ဖြန် ကျောင်းပိတ်တယ်မလား မင်း"

"ဟုတ်ပိတ်တယ်ဆရာ"

"ပြီးတာဘဲ ငါသွားတော့မယ်"

ဖြစ်နိုင်ရင် တပတ်လုံးပါ ကျောင်းဖွင့်ရက်ဖြစ်ချင်တော့သည်။ပိတ်ရက်၂ရက်ကိုပါ သူမမလိုချင်တော့ပါ။

ကျောင်းကပြန်လာလာချင်း အဝတ်စားတောင်မလှဲပဲ ဖုန်းကိုထုတ်ကာ ဆရာ့အကောင့်ကိုရှာရန် လှုပ်ရှားရသည်။

နေဇင်ထွဠ် ကို မြန်မာလိုကော Englishလိုကောပါ ရိုက်ရှာပေမဲ့မတွေ့ ။ဆရာက fb မသုံးလို့လား မဖြစ်နိုင်ပါ ဆရာလဲခေတ်လူငယ်ဘဲဟာကို ဒီခေတ်မာ fb မသုံးတဲ့သူမှမရှိတာကို။

သူမ လက်မလျှော့ဘဲ ဆရာ့သူငယ်ချင်း နာမည်နဲ့ရိုက်ရှာကြည်တော့ အကိုတေဇ အကောင့်ကိုထိပ်ဆုံးမာ တွေ့တာမို့ ပျော်သွားကာ အကိုတေဇရဲ့Fri list ထဲ အကိုရဲနောင်ကိုပါတွေ့တာမို့ တခါထဲadd လိုက်သည်။

"အယ် ကြည့်စမ်း အနော်မ ကိုရဲနောင်နဲ့ Fri ရှ်ိတာဘဲ"

အကိုတေဇ ရဲ့ အကောင့်ထဲကိုပြန်ဝင်ကာ ဆရာ့ရဲ့အကောင့်ကို အသည်းသန်ရှာပြီးမှ Nay Zin Htut ဆိုပြီးမှတွေ့သည်။အကောင့်ထဲဝင်ကြည့်ရန်လုပ်တော့ profile lock ချထားသဖြင့် ဝင်ကြည့်လို့မရ ။add သာ add ထားလိုက်သည်။

အကိုတေဇနဲ့အကိုရဲနောင် Acc ထဲက တင်တဲ့ပုံတွေထဲမာ ဆရာ့ပုံတွေပါတာတွေကို crop ကာ သိမ်းထားလိုက်သည်။

နေဇင်ထွဠ် ဆိုင်ကပြန်လာရေမိုးချိူးပြီး ဖုန်းကြည့်လိုက်ချိန်တွင် ဟိုကလေးမ လာadd ထားတာတွေ့ရသည်။

ဒီကလေးမ သူ့Acc ဘယ်လိုသိသွားပါလိမ့်။လာ add ထားတာတွေ့သော်လည်း လက်လဲလက်မခံဖြစ် ဒီတိုင်းသာထားလိုက်သည်။

သက်ဦး ညစာစားပြီး စာလုပ်ပြီးသည်အထိ ဆရာ့က Fri လက်မခံထားသေး အကိုတေဇနဲ့အကိုရဲနောင်နဲ့တောင် Fri ဖြစ်နေပြီးဟာကို။

တင်...

ဖုန်းကnoti တက်လာတာမို့ သက်ဦး ရေချိုးပြီးခေါင်းလေမှုတ်နေရင်း လုပ်လက်စကို ချပြီးချက်ချင်း ဖုန်းကိုယူကာ မျှော်လင့်တကြီးဖွင့်ကြည့်လိုက်သည်။
သူထင်ထားသလိုမဟုတ် အနော့်ဆီက msg ဝင်တာဖြစ်သည်။သူမလဲ စာပြန်မနေတော့ဘဲ ချက်ချင်းဖုန်းခေါ်လိုက်သည်။

Fire & water Where stories live. Discover now