Ep1

6.1K 48 2
                                    

ဘဝမာ တခါမှ ရင်ကို ကဆုန်ပေါက်အောင် မခုန်ခဲ့ဖူးဘူး အဲ့ဒီလူကိုမတွေ့ခင်ထိ ဖြစ်စဉ်ကား...

အနော်တက်နေတဲ့ ပန်းချီအခြေခံသင်တန်းကို တက်ဖို့အစီစဉ်မရှိပါပဲ အနော့်ရဲ့လှုံ့ဆော်အားကောင်းမှုကြောင့် တက်ဖြစ်ခဲ့တာမဟုတ်လား သူသာမတက်ခဲ့ရင်လည်း ထိုသူနဲ့ ဆုံကောဆုံပါအုံးမလား ။

ပန်းချီကို အနော်လို ဝါသနာပါလို့တက်တာမဟုတ်သောလည်း တပတ်၃ရက်တိတိ မပျက်မကွက်လာချင်ရတဲ့ အကြောင်းပြချက်က အခန်းရဲ့ အရှေ့ဆုံးပြတင်းပေါက်နားမာ အရိပ်ပုံဆွဲပုံဆွဲနည်းတွေကို သေချာရှင်းပြနေတဲ့ ဆရာကြောင့်ဆိုရင်ပိုမှန်မယ်။

ငေးကောင်း"နဲ့သာငေးနေတာ ပြောသွားတဲ့ facts တွေတော့ကောင်းထဲမရောက်လိုက် ပြီးမှ ဆရာက တစ်ယောက်ချင်းစီလိုက်ကြည့် လိုက်ပြပေးသည့်အချိန်ကျမှ သက်ဦး ခေါင်းခဲရပြီလေ ဘယ်ကဘယ်လိုစရမလဲပင်မသိတော့ အတန်းတစ်တန်းမာလဲ သင်တန်းသားက ၇ယောက်ထဲပဲလက်ခံသင်တာမို့ သေချာကြည့်ပေးစစ်ပေးနိုင်သည် သက်ဦးသူမအလှည့်မြန်"မရောက်ပါစေနဲ့ ဆုတောင်းရင်း ဆွဲမိဆွဲရာ ကုဗတုံးပုံစံကိုကောက်ဆွဲပြီး ဘေးနားတွင် ခဲတဲ့နဲ့မည်း"ဖျော့"လေး ချယ်နေလိုက်တော့တယ် ဗြောင်စာရွက်ထက်စာရင်တော်ပါသေးတယ်။

"ကလေးမ မင်းဟာက ဘာပုံကြီးလဲ" သေပါပြီ သိမ့်သက်ဦးရေ နင်တော့ ဖွန်ကြောင်ကောင်းတာ ခုတော့ ဟိုကမေးပြီ

"ကျွန်တော်ပြန်ပြပေးမယ် အရိပ်ပါတယ့်ပုံဆိုတာ 3D ပုံလိုပဲ ပုံရုပ်ကြွအောင် ကြည့်လိုက်ရင်အသက်ဝင်နေအောင်ဆွဲရတာ ဒါက ပန်းချီရဲ့အခြေခံ အစိတ်ပိုင်းတွေပဲရှိသေးတယ် တကယ့်ပန်းချီဆရာကြီးတွေ ပန်းချီကားတွေဆိုရင် ပိုအသက်ဝင်တယ် " သူ့ကိုယ်သူဆရာလို့သုံးမဲ့အစား ကျွန်တော်လို့သာသုံးပြီး အနီးကပ်လာရှင်းနေပြတဲ့ သူ့ကြောင့် နေရပင်ခက်လာသည် ရေမွှေးနံ့သင်း"လေးနဲ့အတူ သိပ်မရင်းနှီးသည့် အနံ့တမျိူး"ရော နေတဲ့ အနံ့မျိူးလေး ဘယ်လိုအနံ့မျိုးလဲဆိုတာ သူမခန့်မှန်းတတ် အခုတော့ စိတ်တွေက ထပ်ပြီးပုံမာမရှိနေတော့တာတော့သေချာပါသည်။

အတန်းပြီးတော့ သူက အရင်ထွက်သွားပြီး အနော်နဲ့ သက်ဦးက ပစ္စည်းတွေသိမ်းပြီး ဆင်းလာခဲ့သည် ။
နောက်တလှည့်"ကြည့်နေတဲ့ သက်ဦးကို

အနော်က "ဟဲ့ ဘာကြည့်နေတာ ပြန်မယ်လေ နင်ကလဲ"
"အနော် ငါတော့ပါသွားပြီထင်တယ် ပါတာလဲ နင်က အစမရှိအဆုံးမရှိ "

"ငါတို့ကို သင်ပေးတဲ့ဆရာလေ သိတယ်မလား ငါတော့ သဘောကျသွားတယ်ထင်တာပဲဆရာ့ကို "

သူ့အပြောကို အနော်က အံ့ဩပုံတောင်မပြပဲ

"ငါထင်သားပဲ နင်ဒီလောက် အပတ်တိုင်းအတန်းမှန်"တက်နေတာ ပြီးရင် သင်တန်းရောက်ရင် ဆရာမ မဝင်မလာမချင်း ကျီးကန်းမကြီးလို မျက်စိတောင်ရှာမြောက်ရှာလုပ်နေတာ နင့်လျှိုးစရာ ဆရာပဲရှိတယ် နင်ဘယ်ချိန်ထုတ်ပြောမလဲလို့ ငါတမင်မမေးပဲစောင့်နေတာ"

အနော်ပြောတာလဲမှန်ပါသည် သင်တန်းမာက အသက်ကြီး"ဆရာကြီး၂ယောက်ရယ် အသက်လတ်ပိုင်းအရွယ်ဆရာ ၃ယောက်ရယ် သက်ဦးသဘောကျနေတဲ့ ဆရာရယ်ပဲ ရှိသည်ကို ။

"ငါ ဘယ်သူ့ကိုမှတော်ရုံသဘောမကျတာနင်လဲသိသားပဲ အခုလဲငါအများကြီးမတွေးထားပါဖူး ဆရာ့မျက်နှာလေး အသံလေး ကြားနေမြင်နေရရင်ကို ရပါပြီ ငါ့မာအခုထိ ဆရာ့နာမည်ကိုမသိရသေးဖူး။ထိုခါ အနော်ကလဲ ဟုတ်တယ် ဆရာကလဲ စကားနည်းတယ်နော်ကြည့်ရတာ ။
အေးပေါ့ နောက်ရီးစားဖြစ်မှ အဲ့ဒီ ပန်းချီဆွဲဖို့ စုတ်တံကိုင်တဲ့လက်ချောင်းတွေကို ပြေးကိုင်ပစ်အုံးမယ်"

သူမ၏အပြောကို အနော်က ရီကာ "
ဆရာကြားရင် နင့်လန့်နေပါအုံးမယ် ဟိုက ကြည့်ရတာ ရိုး"တည်"ငြိမ်"လေး နင့်လိုစပ်စလူး နတ်ပူးနဲ့ လားလားမှမဆိုင်"

"အေးပေါ့ဟ ဒါမျိူးကမှ ငါ့နဲ့လိုက်တာ green forest ကြီး"သက်ဦး ရယ်ကျဲ"လေးပြောပြီး အိမ်ပြန်ဖို့ လမ်းမဘက်ထွက်ခဲ့သည်"

သက်ဦးတော့ ပြောသလို ဆရာက green forest ကြီးများလား🫢🫢

(အခုမှ ရေးတာမလို့ မကောင်းမကန်းလေးကို ဖတ်ပေးပါဦးနော်🙏)ဒီအပိုင်းလေးက အမြည်းမလို့ နည်း"တော့တိုသွားတာပါနော်

Fire & water Where stories live. Discover now