"တေဇ မင်း ပြင်ဦးလွင် တက်အုံးမလား ဒီလမကုန်ခင်"
ရဲနောင်လဲ နေကြီးငြိမ်ကာငိုင်သွားရသည်မို့ ပါးစပ်ထဲ ရှိရာ စကားစလိုက်သည်။"အေး ငါ့ဦးလေးက မြိတ်ဘက်သွားဖို့ရှိတော့ ငါဘဲသွားကြည့်ရမာပေါ့ဟ"
"အေး ငါတို့လဲ လိုက်သွားရင်ကောင်းမလား"
ရဲနောင်က နေကြီးပခုံးကိုဖက်ကာ ပြောလိုက်သည်။"အနော်လေးကိုပါ ခေါ်ရမယ်"
"ဟျောင့် ရဲနောင် အဲ့တာ ဟိုကလေးမ သူငယ်ချင်းမလား မင်းကအတည်ဆိုမှလုပ်ပါ ဟိုကကလေး ဘာမှသိရှာတာမဟုတ်ဖူး မင်းလိုကောင်နဲ့တွေ့တာ ဆိုးတာဘဲ"
နေဇင်ထွဠ်အပြောကြောင့် ရဲနောင်မျက်နှာရူံ့မဲ့ကုန်တော့သည်။၃ယောက်ထဲမာ ရဲနောင်က ရီးစားရူပ်တာမဟုတ်ပေမဲ့ ရီးစားများတဲ့ထဲတော့ပါသည်။
"အေး အဲ့ကောင်က သွားတွေ့တိုင်း ငါလိုက်ပေးနေရတာ စောက်လုပ်တလုပ် ကျမ်းကြေနေတဲ့ကောင်က ခုလိုချာတိတ်နဲ့ကျတော့လဲ အချစ်ကျောင်းသားလေးပုံစံနဲ့"
တေဇကပါ မကျေနပ်သလိုလေးဝင်ပြောသည်။
ထိုအခါမှ နေဇင်ထွဠ်ပါ စကားထဲဝင်ပါလာပြီး အဖွဲ့ကျသွားရတော့သည်။သူတို့၃ယောက်က တက္ကသိုလ်မာထဲက စပြီး ခင်ခဲ့ကြသည်။နေဇင်ထွဠ်ရဲ့အချစ်ဦးဟောင် မြတ်ဖူးမေကလဲ သူတို့ရဲ့သူငယ်ချင်းဟောင်းပင်ဖြစ်သည်။သူငယ်ချင်းအဆင့်ကနေ ချစ်သူဘဝထိ လျှောက်ခဲ့ကြသည်မို့ သံယောဇဉ်က မနည်း။ဒါကိုတောင်မှ စဖောက်ခဲ့သူက မြတ်ဖူးမေ။အကြောင်းရင်းသေချာမပေး အဆင်မပြေဖူးဆိုတဲ့ စကားနဲ့တင် နေဇင်ထွဠ်အသည်းကို အစိမ်းလိုက်ခွဲသွားတဲ့တော်"အသဲမာတဲ့မိန်းမပါ။အဲ့ချိန်တုံးက နေဇင်ထွဠ် ချစ်သူထပ်မထား ခုထိတိုင် တစ်ယောက်ထဲနေသည်။အရက်တွေအလွန်ကြွံသောက်ကာ အချိန်တော်"ကြာ"ပင် သူ့စိတ်ကောလူကော ဖြစ်သလိုနေခဲ့တာ သူတို့မျက်မြင်ပင်။
Ringg Ringg Ringg
"ဟယ်လို"
"သက်ဦး ငါငါ အနော် သက်သာရဲ့လား"
"အေး သက်သာတယ် ခုတောင်အိမ်ပြန်ရောက်နေပြီ ငါ့ကိုလေ ဆရာက ဆေးရုံခေါ်သွားတာသိလား ပြီးတော့ ဆရာ့အမနဲ့ပါ တွေ့ခဲ့သေးတယ် ငါပြတဲ့ဆရာဝန်က ဆရာ့အမ ငါ့မယ်စစက မသိပါဖူးလျှောက်တွေးနေတာ"
YOU ARE READING
Fire & water
Romanceအကို့ရဲ့ ပန်းချီဆွဲတဲ့ လက်သွယ်"လေးတွေကို သဘောကျမိခြင်းလား အဲ့ဒီမျက်ခုံးထူ"မျက်ဝန်းနက်"ဆီမာ သဘောကျအရူံးပေးမိခြင်းလား ကိုယ်တိုင်ပင် မသိလိုက်ခင်မာ ချောက်နက်ထဲကို ခုန်ဆင်းမိတော့တာပဲ