Ep_6

831 33 2
                                    



တေဇ နေဇင်ထွဠ်အိမ်အသွားတွင် ခြံရှေ့မာ ကောင်မလေးငယ်"လေးတစ်ယောက်ကို တွေ့တာမလို့ စူးစမ်းကြည့်လိုက်သည် နေဇင်ထွဠ်လဲ အိမ်မာရှိဟန်မပေါ် ခြံတခါးကို ကြည့်လိုက်တော့ သော့ခတ်ထားသည်မလို့ ။
ထိုကောင်မလေးသည် မပြန်သွားသေးပဲ တံခါးရှေ့တွင်သာ ခြံထဲကို ကြည့်ကွက်ကြည့်ကွက်လုပ်နေသည်မို့ တေဇလဲ အနားမသွားသေးဘဲ အဝေးကတွင်သာ ကြည့်နေလိုက်သည်။

နေဇင်ထွဠ်မာ ညီမတွေဘာတွေလဲရှိတယ်လို့လဲ မကြားဖူးပါ။ ရည်းစားလားလို့ ဆိုရအောင်လဲ သူ့ဘော်ဒါအကြောင်းသူသိသည် ထိုကောင်မလေးငယ်"ဆိုရင်ပင် ပိုလို့ပင်မဖြစ်နိုင်။

သူ့အိမ်သားတွေဆီ လာတာလားလို့ တွေးရအောင်လဲ နေဇင်ထွဠ်က ဒီအိမ်မာတစ်ယောက်ထဲ နေသည့်လူ။ တေဇလဲ အဝေးကနေ အကဲခတ်မနေတော့ဘဲ ထိုကောင်မလေးနားသွားလိုက်သည်။

သက်ဦး ဆရာ့အိမ်လာသော်လည်း ဆရာ့အိမ်က သော့ခတ်ထားသည်မို့ ဆရာအိမ်မာမရှိတာအသေအချာပင်။ ကျောင်းကနေ ဆရာ့ဆီကို တမင်လစ်ပြီး အိုးဝေနဲ့ လာခဲ့ရာ ဆရာက အိမ်မာမရှိသည်မို့ ပြန်ရအောင်လဲ ဆရာ့အိမ်အနီးအနားတွင် အိုးဝေသမားတွေလဲမရှိ ရောက်ပြီးမှ မထူးတာမို့ ဆက်စောင့်ရန်သာ ရည်ရွယ်လိုက်သည်။

ထိုစဉ် အနောက်က ဆိုင်ကယ်သံကြားတာမို့ ဆရာအထင်နဲ့ လှည့်ကြည့်လိုက်သော်လည်း ဆရာမဟုတ်။

"ဘယ်သူ့ဆီလာတာနဲ့ ဒီကညီမက"

သူမကို မေးလာသည်မလို့ သူမလဲ

"ဆရာ့ဆီ"

"ညီမ အိမ်မှားလာတယ်ထင်တယ်ဒါဆို"

ဆရာ့ဆီလာပါတယ်ဆိုနေ ဘယ်ကသူနဲ့ ထပ်လာတိုးမှန်းမသိ တကယ်ပါပဲ သူမတွေးမိလိုက်သည်။

"မမှားပါဖူး ဒါ ဆရာ့အိမ် သက်ဦးရောက်ဖူးတယ်"

တေဇပင် ကြောင်သွားရသည် ဆရာ့အိမ်ဆိုပြီး အသေချာဆိုနေသည့်အပြင် သူမရောက်ဖူးတယ်ဟုပါ အခိုင်အမာပြောနေသောကြောင့်

"ဘယ်ကဆရာလဲ"

"နေဇင်ထွဠ်"

ထိုအခါမှ တေဇ သဘောပေါက်သွားတော့သည် နေဇင်ထွဠ်ကို ပြောမှန်း။ ထူးဆန်းသည်က သူက ဘာလို့ နေဇင်ထွဠ်ကို ဆရာလို့ ခေါ်ရသည်လဲ။

Fire & water Where stories live. Discover now