"အနော် ဒီအတန်းပြီးရင် ညနေ အားလား""ငါလား ငါအမေတို့နဲ့ အဘွားလေးဆီသွားမို့ဟ နင်ကဘယ်သွားမို့လဲ"
"အန်တီလေးလဲ ရှေ့အပတ်ကမှဆေးရုံဆင်းတော့ အဲ့ရှေ့အပတ်ကလဲငါပြိုင်ပွဲသွားမကြည့်ရဖူး ငါဒီအပတ်presentation တွေနဲ့အလုပ်ရူပ်နေတာ ဒါပြီးရင်ညနေ သွားကြည့်မို့ရှိလိုရှိငြား"
"ငါကမအားဖူးဟ နောက်အပတ်မှသွားပါလား "
အနော့်အပြောကို သူမဘဝင်မကျချင်တော့ပေ ။
"နောက်အပတ် ပြိုင်ပွဲမရှိဖူးဟ ငါကြည့်ပြီးပြီပေ့ချ်မာ နင်မလိုက်လဲနေငါ့ဘာသာငါသွားတော့မယ်"
"စိတ်မဆိုးပါနဲ့သက်ဦးရယ် ငါလဲအမေနဲ့အဘွားလေးဆီသွားမယ်ပြောထားလို့ပါ"
"ဒါနဲ့လေ ငါနင့်ကိုပြောရအုံးမယ်သိလား ငါနဲ့လိုင်းပေါ်မာ flirt နေတဲ့အကိုကြီးတစ်ယောက်ရှိတယ်သိလား"
"ဘာလဲ အခုလဲမောင်လေးအသစ်လား"
"ဟာ မောင်လေးမဟုတ်ဖူး ကိုကြီးဖြစ်မာ ရဲနောင်တဲ့ငါနောက်မှနင့်ကိုပြမယ် ငါ့ကိုသူက အပြင်မာတွေ့ဖို့ခေါ်နေတာ ငါမူထားနေတာ"
"အေးမူနေ လက်နှေးရင် ခွက်ဆေးရမယ်နော် ငါတော့ခွက်မဆေးချင်လို့ ဒိုးပြီ "
သူမလာတာပဲ စောလို့လား မသိ ကွင်းထဲတွင် လူအနည်းငယ်သာရှိသေးသည်။
"အင်း ငါအနော့်ကို မရမကခေါ်လာရင်ကောင်းသား အခုတော့ ငါတစ်ယောက်ထဲကြောင်တောင်"ဖြစ်နေပြီ"
သူမကွင်းထဲ ဝှေ့ဝှိုက်ကြည့်နေလိုက်သည်။
"ဘုတ်"
"အာ့"
"အော် ဆောတီး" "
"ဟင်ဟိုညီမလေး"
"အယ် ပျော်လိုက်တာ"
ကွင်းထဲပတ်ကြည့်ရင်း လူတစ်ယောက်နဲ့တိုက်မိရာ ဆရာ့သူငယ်ချင်းဖြစ်နေသည်။
"ဒီကိုဘာလာလုပ်တာလဲညီမက"
"ဆရာ့ကိုလာကြည့်တာ ဆရာဒီပွဲပြိုင်မာလားဟင်"
တေဇ သဘောပေါက်သည် ဒီကောင်မ နေဇင်ထွဠ်အပေါ် မရိုးဖူးဆိုတာကို။
YOU ARE READING
Fire & water
Romanceအကို့ရဲ့ ပန်းချီဆွဲတဲ့ လက်သွယ်"လေးတွေကို သဘောကျမိခြင်းလား အဲ့ဒီမျက်ခုံးထူ"မျက်ဝန်းနက်"ဆီမာ သဘောကျအရူံးပေးမိခြင်းလား ကိုယ်တိုင်ပင် မသိလိုက်ခင်မာ ချောက်နက်ထဲကို ခုန်ဆင်းမိတော့တာပဲ