Part -2

5.4K 79 2
                                    

💕 နတ်စည်းစိမ်နှင့် မလဲပါ. 💕
=====================
Part-2
=====

"ဒါ .ရေမွှေးနံ့.."

ဘုံ အိပ်နေရင်းမှ.ရေမွှေးနံ့ကို ရှူသွင်းလိုက်သည်။

"ဟင်..ဒါ ဘုံဆီက ရတဲ့အနံ့ မဟုတ်ဘူးဆိုရင်..."

အတွေးမဆုံးမှီပင်..ဘုံ မျက်လုံးပွင့်သွားရသည်။

ထိုအခါ သူမ မျက်နှာရှေ့တွင် အနီးကပ် ရှိနေပါသော စေမျက်နှာ...

"အမလေး ရှင်ရှင် ဘုံကို ဘာလုပ်လိုက်ပြီလဲဟင်"

ဘုံက ရင်ဖက်ကို လက်နှစ်ဖက်နဲ့ ကန့်လန့်စင်းကာထားလိုက်သည်။

"ကျွတ်..မင်းကို ငါဘာလုပ်ရမလဲ.."

"ဒါဆို ဘာလို့ ဘုံမျက်နှာရှေ့ရောက်နေရတာလဲ"

"မင်း တစ်ခုခုစားမလားလို့..မေးမလို့ပဲ.."

စေက ပြောပြီး တစ်ဖက်ကနေ ကားတံခါးဖွင့်ဆင်းသည်။

"ဂြီဂြီ.."

ဗိုက်ကလဲ မုန့်သံကြားတာနဲ့ အသံပေး၏။ ဘုံလဲ
ကားတစ်ခါးဖွင့်ဆင်းပြီး..ဆိုင်ထဲဝင်လာခဲ့သည်။

ဆိုင်ထဲမှာတောင် မျက်မှန်မချွတ် ပဲများချင်တဲ့ စေ ကို ကြည့်ပြီး..ဘုံနှာခမ်းမဲ့လိုက်သည်။

"အဟွန့်.."

ဘုံ တစ်ခြား စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်ပြီး...

"ကြေးအိုးဆီချက်တစ်ပွဲနဲ့ စပါကလင် တစ်ပုလင်းပေးပါ"

ဘုံ မှာပြီး မကြာမီပင်..ယောက်ျားလေး သုံးယောက် ဝင်လာကြသည်။

ဝင်လာတာ အကြောင်းမဟုတ်ပေမယ့်..သူတို့က ဘုံကို ကွတ်ကြည့် ကွတ်ကြည့်နဲ့...

ပိုဆိုးတာက...

"အချောလေး တစ်ယောက်တည်းလား.."

"ရှင်"

"ဟေ့ကောင်တွေ အချောလေးက အဖော်မဲ့နေရှာတာကွ"

ထိုလူ စကားအဆုံးတွင်...ကျန်တဲ့ အဖော်နှစ်ယောက်ကပါ..ဘုံထိုင်နေတဲ့ ဝိုင်းကို ပြောင်းလာကြသည်။

"ရှင်တို့ ဘာလုပ်ကြတာလဲ တစ်ခြားဝိုင်းမှာ ထိုင်ပါ"

"အချောလေးနဲ့အဖော်လုပ်ပေးမလို့ပါ"

နတ်စည်းစိမ်နှင့်မလဲပါWhere stories live. Discover now