💕 နတ်စည်းစိမ်နှင့်မလဲပါ 💕
====================
Part-4
====="ဟီး..အဟင့်...ဗြဲ.."
ပုခုံး တုန်နေအောင်ထိ ရိူက်ငိုနေတဲ့..ဘုံကြောင့် စေ ဘာလုပ်ရမှန်း မသိတော့ပဲ..ဆံပင်တွေကို ဆွဲဖွလိုက်သည်။
"ဘုံ တိတ်တော့ကွာ "
ဘုံ ငိုနေရင်းမှ..စေကို မျက်စောင်းချီပြီး...
"လူယုတ်မာ..သူများကို..ယုတ်မာတယ်.."
"ဟာ ကိုယ် အဲလိုမဟုတ်ဘူး..မင်းက ကိုယ့်သတို့သမီးမို့.."
"ဘာကိုယ့်သတို့သမီးလဲ ရှင့်ကို ဘယ်သူယူမှာမို့လဲ.."
"မင်းလေ"
"မယူပါဘူး ဘုံ ကျောင်းတောင်မပြီးသေးဘူး.."
"ဒါဆို ဒီကို ဘာလို့လာတာလဲ.."
"ဘွားခိုင်းလို့.."
"မင်းအဘွားယူခိုင်းရင် ယူမှာလား"
"အင်းပေါ့..အဲ မယူပါဘူး.."
စေ ဘုံကို ကြည့်ပြီး..ပြုံးယောင်သမ်းသွားရသည်။ငိုနေပေမယ့် စကားတော့ တစ်ခွန်းမကျန် ပြန်ပြောနိုင်သည်။
"မင်း..ငိုနေတာ မညောင်းသေးဘူးလား.."
"မညောင်းပါဘူး"
"ဒါပေမယ့်..တိတ်တော့"
"မတိတ်ပါဘူး ငိုလို့မှမဝသေးတာ"
"ဟမ်.ငိုဦးမလား.."
"အင်း"
ကလေးလို ခေါင်းညိတ်လိုက်တဲ့ဘုံကိုကြည့်ပြီး...စေ ထရပ်လိုက်သည်။
"အားး ဘာလို့ထရပ်တာလဲ.."
ဘုံ စောင်ကိုခေါင်းထိ ဆွဲခြုံပီး ထအော်၏။
"ဘောင်းဘီ..သွားကောက်တာလေ မဝတ်ရတော့ဘူးလား"
"ဟမ် ဝတ်ပေါ့.."
စေက ဘောင်းဘီဝတ်နေရင်းမှ...
"အဟွန်းး..မင်းက.အဲအတိုင်းနေတော့မှာလား.."
"အင်္ကျီယူပေး.."
"အိုခေ.."
စေ အဝတ်ဗီရိုရှေ့လျောက်လာခဲ့သည်။သူ ဆွဲဖွင့်ပြီး..အဖြူရောင်..ဂါဝန်လေးတစ်ထည် ယူလိုက်သည်။