Part -6

4.1K 59 1
                                    

💕 နတ်စည်းစိမ်နှင့်မလဲပါ 💕
=====================
Part-6
=====

"ဘုံဘုံ ငါတို့ ပြန်ပြီနော်.."

"အင်း..ဘိုင်"

လက်ပြနှုတ်ဆက်သွားကြတဲ့ ရွှေစင်နဲ့မူလကို ဘုံခေါင်းညိတ်ပြလိုက်သည်။

ဦးစေ လာကြိုမယ် ပြောထားသဖြင့် စောင့်နေမိသော်လည်း နာရီပင့်ကြည့်သော်လည်း အချိန်က လိုသေးသည်။

ဒီနေ့ အတန်း စောစောပြီးသွားသည်မဟုတ်ပါလား။

ထိုစဉ်...

"ဘုံဘုံ.."

ဘုံ နောက်ကခေါ်သံကြောင့်..လှည့်ကြည့်လိုက်သည်။ထိုအခါ..ဘုံ ဆီကိုလျောက်လာတဲ့..မြတ်မင်း....

"မြတ်မင်း.."

"နင် မပြန်သေးဘူးလား..ငါပြန်ပို့ပေးမယ်လေ..လာ"

"ဟင့်အင်း လာကြိုမယ့်သူရှိတယ်.."

"ဟုတ်လား ဘယ်သူလဲ.."

"အိမ်ကပေါ့..."

မြတ်မင်းက ဒီလိုမျိုး ဘုံကိုလာကြိုမယ့်သူတွေရှိတာကို သိပ်တော့ မအံသြ။သူလ ဲမျက်ဝါးထင်ထင် မြင်ဖူးသည်မလား။

ထို့စဉ်
စေရဲ့တဖိတ်ဖိတ်လက်နေတဲ့ ကားနက်လေးက ဘုံနဲ့မြတ်မင်းရှေ့တွင် ရပ်သွားသည်။

"ဦးစေ.."

စေက ဘုံကါးပေါ်ရေါက်သည့်တိုင် ဘာမှမပြောပဲ..မြတ်မင်းကို စူးစူးရဲရဲ..စိုက်ကြည့်သွားသည်။မြတ်မင်းက ပုခုံးတစ်ချက်တွန့်လိုက်ပြီး...

"ဒီလူကြီးက ဘာလဲဟ"

တကယ့်ဆို..မြတ်မင်းက..ဘုံ လက်ထပ်ပြီးပြီဆိုတာ မသိခြင်းဖြစ်သည်။

💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕

"ဦးစေ.."

"ဦးစေ..တစ်ခုခုပြန်ပြောလေ..လူကြီးဖြစ်ပြီးတော့ စိတ်ကောက်နေတယ်.."

"ငါက ဘာလို့စိတ်ကောက်ရမှာလဲ..."

"မသိဘူးလေ ခုနကတည်းက..မျက်နှာက ပေါက်ထွတ်သွားမလိုတင်းနေပြီးတော့..."

"အဲဒါဆိုလဲ ငြိမ်နေလိုက်ပါလားကွ..ဘာလို့ ခေါ်နေရတာလဲ..."

"ဦးစေမှ မထူးတာ.."

နတ်စည်းစိမ်နှင့်မလဲပါWhere stories live. Discover now