Part -7

4K 51 1
                                    

💕 နတ်စည်းစိမ်နှင့်မလဲပါ 💕
=====================
Part-7
=====

"ဘုံဘုံ"

"နင် ငါ့လက်ကိုလွှတ်ပြီး ပြောပါ"

"ဆောရီး.."

မြတ်မင်း..ယောင်ပြီးကိုင်ထားမိတဲ့ ဘုံလက်လေးကိုပြန်လွှတ်ပေးလိုက်သည်။

"ငါ့ကို ငြင်းလို့ရပါတယ် ဒါပေမယ့်..နင်က..လက်ထပ်ပြီးသားလို့တော့ မညာပါနဲ့.."

"တကယ်ပြောနေတာ..ဒါလုပ်ပြောလို့ကောင်းတဲ့အရာမှမဟုတ်ပဲ.."

"ဘုံဘုံ.."

"နင်..မယုံရင်..ရွှေစင်နဲ့မူလကို မေးကြည့်လေ.."

"ဒါ တကယ်ကြီးလား.."

မြတ်မင်းဆိုတာ ရွှေစင် မိတ်ဆက်ပေး၍..မူလနဲ့ရောဘုံနဲ့ရော..ခင်သွားကြခြင်းဖြစ်သည်။ဒါပေမယ့်..ကြွေရုပ်လေးလိုလှပတဲ့ ဘုံဘုံကို သူ တဖက်သတ်ချစ်မိသွားရသည်။

ထို့စဉ်..

"ဟေ့ နင်တို့..ဘာရပ်လုပ်နေကြတာလဲ..ကင်တင်း..သွားရအောင်"

ရွှေစင်က အသံနဲ့အတူအဖွဲ့လိုက် ဦးဆောင်ခေါ်သွားခဲ့သည်။

"ဘုံ နင့်ယောက်ျားနဲ့ မိတ်ဆက်ပေးပါလား.."

ဘုံက မူလလက်ကို ချိတ်ထားရင်းက မြတ်မင်းကို လှည့်ကြည့်သည်။

"ဘာလို့လဲ.."

"ဒီလိုပဲပေါ့.."

"ဟိုနေ့က..ငါ့ကို လာကြိုတာ သူပဲ.."

"ဟုတ်လား..သူ့ကို ငါသိနေသလိုပဲ.."

"သိချင်လဲ သိမှာပေါ့..ဘုံဘုံယောက်ျားက..နတ်စည်းစိမ်က စေတမာန်ပဲဟာ..."

မူလ ဝင်ပြောတာကို မြတ်မင်းက တအံတသြနဲ့..

"ဘယ်သူ စေတမာန်.."

"ဟုတ်တယ်..နင်သိလို့လား.."

မြတ်မင်း ခေါင်းခါယမ်းလိုက်ပြီး...

"မသိပါဘူး နာမည်ကြားဖူးနေတာ"

💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕

"ကလင်..ကလင်.."

ညဖက်ကြီး..ထမြည်လာတဲ့ လက်ကိုင်ဖုန်းလေးကို ဘုံ ကောက်ယူလိုက်သည်။

နတ်စည်းစိမ်နှင့်မလဲပါWhere stories live. Discover now