Part -20

4.2K 48 1
                                    

💕 နတ်စည်းစိမ်နှင့်မလဲပါ 💕
====================
Part-20
======

လွန်ခဲ့သော..၆လခန့်က....

"ဒေါက်...ဒေါက်..."

တံခါးခေါက်သံကြောင့်..စေ ခေါင်းမော့ကြည့်လိုက်သည်။ဟန်လင်းက..ကိုယ်တစ်ပိုင်းဝင်လာပြီး...

"ဆရာ..ဆရာ့အစ်ကို စေညွှန်ရာ...ရောက်နေတယ်..."

"အထဲ ဝင်လာခိုင်းလိုက်"

စေ မျက်ခုံးလေးကုတ်သွားသည်။စေက နတ်စည်းစိမ်ရဲ့သားသုံးယောက် အနက်...အငယ်ဆုံးဖြစ်သော်လည်း အထူးချွန်ဆုံးဖြစ်ကာ..ကိုယ်ပိုင်လုပ်ငန်းကို တစ်သီးတစ်သန့်ခွဲထုတ်သွားနိုင်သည်။

"စေ"

စေညွှန်ရာက..စေရုံးခန်းထဲဝင်လာခဲ့ပြီး..ဆိုဖာပေါ်တွင် ခေါင်းငိုတ်စိုက်နဲ့ဝင်ထိုင်လိုက်သည်။

"အစ်ကို..ကိစ္စအထွေအထူးရှိလို့လား.."

ညွန်...မျက်နှာကိုတစ်ချက်ပွတ်လိုက်ပြီး...

"ငါ ညက အမှားတစ်ခုကျူးလွန်လိုက်တယ် ထင်တယ်.."

"ဘာအမှားလဲ"

"ငါ..ကောင်မလေးတစ်ယောက်နဲ့အိပ်မိသွားတယ်..သူအခန်းထဲကို..ဝင်လာတာကွ ငါလဲ..မူးနေတော့..."

"မလတ်မရှိဘူးလား.."

"မရှိဘူး မနေ့က ငါ မင်းပိုင်တဲ့ ရိုလာဟိုတယ်မှာ အိပ်တယ်..မန်နေဂျာကလဲ ငါ့ကိုသိနေတော့ မင်းနေတဲ့အခန်းမှာပဲ...ပေးနေလိုက်တယ်..."

"အစ်ကို.ကျွန်တော့်ကို..လာပြောနေပုံထောက်ရင် အစ်ကို.နဲ့..မှားသွားတဲ့ကောင်မလေးက ကျွန်တော်နဲ့သိလား"

ညွန်..မျက်နှာမသာမယာနဲ့..ခေါင်းညိတ်သည်။

"ဘယ်သူလဲ..."

"မာယာ..."

"ဟာ..."

"ငါတောင်းပန်ပါတယ်..စေရာ မင်းသူငယ်ချင်းကို ငါအဲလို စိတ်မျိုးလဲမရှိပါဘူး...သူလဲမူးနေတယ်...ငါ့တို့မူးမူးနဲ့ မှားယွင်းကြတာ ခု သူမနိုးခင်ငါထလာခဲ့တာ...."

"ကျွတ်..မဟုတ်သေးပါဘူး..အစ်ကိုရာ"

"ငါ ဒီသတင်းသာပေါက်ကြားသွားရင် အရှက်ကွဲမှာကွ လတ်မှာလဲကိုယ်ဝန်နဲ့ဆိုတော့...သူအရမ်းစိတ်ထိခိုက်သွားနိုင်တယ်..မင်း ကူညီပါ..စေတောင်းဆိုပါတယ်..."

နတ်စည်းစိမ်နှင့်မလဲပါWhere stories live. Discover now