💕 နတ်စည်းစိမ်နှင့်မလဲပါ 💕
=====================
Part-10
====="ဝိုး....မွှေးလိုက်တာ..."
ဘုံ အနံ့တရှူရှူနဲ့ ထမင်းခန်းထဲ ပြေးဝင်လိုက်သည်။ထမင်းစားပွဲတွင်..ဟင်းတွေက စားချင်စဖွယ်...
"ဖိုးဖိုးနု..ဒီနေ့ဟင်းတွေက မွှေးလှချည်လား..."
စားဖိုမှူး..ဖိုးနုက ဘုံစကားကြောင့်..ပြုံးလိုက်ပြီး...
"သခင်မလေး..ထမင်းစားတော့မလား.."
"ဟုတ်ကဲ့..ဖိုးဖိုးနု.."
ဖိုးနု..ဘုံအတွတ် ထမင်းပွဲပြင်ပေးရင်း...စေ ဝင်လာတာကို လှည့်ကြည့်သည်။
"သခင်လေး..တစ်ခါတည်း..ဝင်စားတော့မလား.."
"အင်း.."
စေ ထမင်းစားပွဲတွင်..ဝင်ထိုင်လိုက်ပြီးမှ မျက်နှာ ရှုံ့မဲ့သွားရသည်။ထို့နောက်..
"အော့...အဲ အနံ့တွေက ဘယ်လိုကြီးလဲ..."
"အော့..အေ့.."
"ဦးစေ.."
"သခင်လေး..ဘာဖြစ်လို့လဲ..ဆရာဝန်ခေါ်လိုက်ရမလား..."
"မလိုဘူး..ရတယ်..ဒီအနံ့တွေက ဆိုးရွားလိုက်တာ..အကုန်ပြန်သိမ်းလိုက်..."
"ဦးစေ ဘုံကြိုက်တာပဲကို.."
"မင်း..ကြိုက်တယ်လား"
"အင်းလေ ဒီလောက်မွှေးပြီး ဝက်သားပေါင်းဆို ဒီလောက်..နုအိနေတာကို..."
ဘုံက ဝက်သားပေါင်း တစ်တုံးကို ဝါးစားလိုက်ရင်း..စေကို မျက်စောင်းပါလှမ်းထိုး၏။ ဘုံ စားနေတာ စားချင်စရာလေးမို့...စေ ဝက်သားတစ်တုံး..ယူစားလိုက်သည်။
"အော့..."
ဘုံက စားနေရင်းနဲ့..စေ ပျို့အန်နေတာကြည့်ပြီး...
"ဦးစေနော်..."
"ဝေါ့..အဲ."
"ဦးစေ..တကယ့်အန်နေတယ်..နေမကောင်းတာလားဟင်..."
ဘုံက စေ မူမမှန်တာကြည့်ပြီး..စေ နဖူးလေး စမ်းလိုက်သည်။
"ကိုယ်ပူလဲ မရှိပါဘူး.."
"ဘာမှ..မဖြစ်ဘူး..ကိုယ် အလုပ်သွားတော့မယ်.."
စေကပြောပြီး..လှည့်ထွတ်လာခဲ့သည်။အနံ့တွေက ဘာလို့..အဲလောက်စူးရှနေရတာလဲ..