💕 နတ်စည်းစိမ်နှင့်မလဲပါ 💕
====================
Part-16
======ဘုံ..ခေါင်းငိုတ်စိုက်နဲ့ အိမ်ထဲကို ဝင်လာခဲ့သည်။ဒေါ်နန်းစံ..မြေးဖြစ်သူကိုကြည့်ပြီး..ပျာပျာသလဲ ဖြစ်သွားရကာ...
"မြေး..ဘာဖြစ်လာတာလဲ..ဘွားကိုပြော မျက်နှာလေးမော့စမ်းပါဦးကွယ်.."
ဘုံ ဆိုဖာပေါ် ဝင်ထိုင်လိုက်သည်အထိ..ဒေါ်နန်းသီက ဘုံမျက်နှာလေးကို ဆွဲမော့မတတ်..
"ဘုံ..ဦးစေနဲ့ကွာရှင်းလိုက်ရတော့မလား..ဘွား"
ဒေါ်နန်းစံ ဘုံစကားအဆုံးတွင် မျက်နှာ ပျက်သွားရသည်။
"မြေး..စဉ်းစားပေါ့...ဆုံးဖြတ်တတ်တဲ့အရွယ်ရောက်နေပြီပဲလေ..ဒါပေမယ့် ဘွားက ရှေးရိုးဆန်တယ်ပဲပြောပြော..တစ်လင်တစ်မယားစနစ်ကို..မြတ်နိုးနေဆဲကွယ်"
"ဘွားက..ဘုံကို..ဦးစေနဲ့ အတူနေခိုင်းတာလား..."
"မောင်စေက မြေးကို ပြန်ပေါင်းထုတ်ရအောင်လို့ပြောလား..."
"အင်း အတူနေပေးနိုင်မလား..လို့မေးတယ်.."
"မြေးကရော"
"ဘုံက..."
"မြေး..မြေးယောက်ျားကိုမချစ်ဘူးလား..."
"ဘွားကလဲ ဘာတွေမေးနေတာလဲ..ဘုံ ဦးစေနဲ့အတူသွားနေတော့မယ်.."
"ဟေ့...ဟေ့.."
ဘုံအပေါ်ကိုပြေးတတ်သွားသဖြင့်..ဒေါ်နန်းစံ ရင်တမမ..
"ဖြေးဖြေးတတ်ပါဟေ့ ကျိုးကျကုန်မှာပဲ..."
"မကျိုးရပါဘူး ဦးစေတစ်ယောက်နဲ့တင်လုံလောက်တယ်"
💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕
တစ်ပတ်ခန့်ကြာပြီးနောက်....မနက်ခင်း အချိန်အခါတွင်..လေလေးတသုန်သုန်နဲ့အေးမြလွန်းလှသည်။
ထို့စဉ်...
"ဆရာကတော်"
ဘုံ ပန်းပင်ရေလောင်းနေရင်းက ကျောလေးကော့သွားရသည်။ကြည့်လိုက်တော့ ခြံတံခါးဝကနေ ဟန်လင်းက လက်လေးလှမ်းပြသည်။
"ကျွန်တော် ဆရာဆီလာတာ..."
"အင်း ဝင်လာလေ.."
ဘုံ..လက်လေးဝေ့ယမ်းလိုက်တော့..တံခါးပွင့်သွားတာကြည့်ပြီး ဟန်လင်း ပါးစပ်အဟောင်းသားဖြစ်သွားရသည်။