Part -14

3.6K 44 1
                                    

💕 နတ်စည်းစိမ်နှင့်မလဲပါ 💕
=====================
Part-14
======

စေ..အိမ်ကို ရောက်လာတော့..ကားက အိမ်ရှေ့တွင် ဗရုတ်သုတ်ခ ပိတ်ရပ်ထားသည်။စေ အိမ်ထဲ ဝင်ပြီး အပေါ်ထပ်ထိ ထပ်လာခဲ့သည်။

အခန်းတံခါး ဖွင့်လိုက်တော့..စေ မျက်နှာတင်းသွားရသည်။

"ဘုံ..မင်း..ဘာလုပ်နေတာလဲ.."

ဘုံက..ခရီးဆောင်အိတ်ထဲကို အဝတ်တွေကို ထိုးထည့်ရင်း...

"အိမ်ပေါ်က ဆင်းမလို့"

"မဆင်းရဘူး..မင်း ဆင်းစရာမလိုဘူး"

"ရှင်က..မိန်းမနှစ်ယောက်တောင် အိမ်ပေါ်တင်ထားမလို့လား.."

"ကိုယ့်မိန်းမက မင်းလေ"

"ဒါဆို ဟိုတစ်ယောက်က ဘာလို့ဗိုက်ကြီးနေရတာလဲ ရှင်ကြီးရဲ့မဟုတ်ဘူးမငြင်းနဲ့ ဘုံ မယုံဘူး"

"မငြင်းပါဘူး"

"ဘာ"

ဘုံ ခေါင်းချာချာလည်သွားရသည်။ဦးစေ ခေါင်းညိတ်တယ်ပေါ့၊ငြင်းပါစေလို့ ဘုံ ဆုတောင်းခဲ့ပေမယ့်...

"ရှင့်ကို မုန်းတယ် ရှင် သူ့ကိုချစ်ရင် ဘုံကို ဘာလို့လက်ထပ်နေသေးလဲ.."

"မာယာကို ငါချစ်ရင်..အစကတည်းကလက်ထပ်မှာပေါ့..."

"ဒါဆိုရင် ရှင်က မချစ်ပဲနဲ့မိန်းကလေးတိုင်းကို...အတူတူနေတယ်ပေါ့"

"ပါးစပ်ပိတ်ထားစမ်း ဘုံ မင်း ငါ့ကို ဘယ်လိုယောက်ျားမျိုးမှတ်နေတာလဲ..."

"ရှင့်ကိုယ်ရှင့် သိမှာပေါ့..."

ဘုံက အိတ်ဆွဲပြီး အခန်းထဲကနေ လှည့်ထွတ်သည်။စေ ဘုံလက်လေးကို လှမ်းဆွဲထားလိုက်ပြီး...

"ထွတ်မသွားပါနဲ့"

"ဘုံကို မထိနဲ့"

မထိနဲ့ဆိုမှ စေက ဘုံတကိုယ်လုံးကို သိုင်းဖက်ထားလိုက်သည်။

"လွှတ်နော် ဦးစေ"

"ထွတ်မသွားဘူးလို့ ကတိပေး.."

"ထွတ်သွားမှာ..ရှင်လိုချင်တဲ့ကလေးလဲ မွေးပေးမယ့်သူလာလိမ့်မယ်"

"ဘယ်သူ လာလာ မင်းမသွားပါနဲ့ မင်းမရှိပဲကိုယ်နေနိုင်မှာ မဟုတ်ဘူး"

နတ်စည်းစိမ်နှင့်မလဲပါWhere stories live. Discover now