💕 နတ်စည်းစိမ်နှင့်မလဲပါ 💕
=====================
Part-12မနက်ခင်း အချိန်အခါသည်..နေရောင်နွေးနွေးလေးကြောင့်..နွေးထွေးသာယာနေသည်။
သူ့ လက်မောင်းပေါ်တွင် အိပ်ပျော်နေဆဲဖြစ်သော..ဘုံကိုကြည့်ပြီး စေ..ပြုံးလိုက်သည်။
"ချစ်စရာလေး..."
ရှည်ကော့နေတဲ့..မျက်တောင်ရှည်တွေကို..စေ ငုံ့နမ်းလိုက်ပြီး..ဘုံခေါင်းလေးကို အသာလေးချ..ထရပ်လိုက်သည်။
"အိပ်ပုတ်မလေးရယ် မင်းကို စောင့်နေရင်..ကိုယ်တော့ အလုပ်နောက်ကျလိမ့်မယ်"
စေ ဒီလိုနဲ့..ရေချိုးခန်းထဲ..ဝင်လာခဲ့သည်။စေ အင်္ကျီချွတ်လိုက်တော့.မှန်ထဲမှာ သွယ်လျကျစ်လစ်ပြီး..ယောက်ျားပီသတဲ့..စေ ပုံရိပ်လေး ပေါ်လာသည်။
"အဟွန်း..."
ရိုးရာမပျက်တဲ့ ဘုံလက်သည်းရာတွေကြောင့်လဲ..စေ ပြုံးသွားပြန်သည်။
"တကယ့်..အကြမ်းပရမ်းလေး"
💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕
"ဝါးး.."
"ကျွီ"
ဘုံ..လက်လေးဆန့်..သမ်းလိုက်ပြီးမှ..ရေချိုးခန်း တံခါးဖွင့်သံကြောင့်.ရပ်သွားရသည်။
ထို့နောက်..အိပ်ယာပေါ်..ပြန်လှဲချပြီး..မျက်လုံးကို စုံမှိတ်ချလိုက်သည်။
"ဒုက္ခပဲ..ဦးစေ ခုထိ မသွားသေးဘူးပဲ..."
စေက ပုဝါနဲ့ဆံပင်တွေကို သုတ်လာရင်းက...
"ဘုံ မင်းနှိုးနေပြီမလား.."
ဟင့်အင်း...ဘုံ အသံမထွတ်ပေမယ့် ခေါင်းက ခါယမ်းပြီးသား..ဖြစ်သွားသည်။
စေ ဘုံပုံစံလေးကြည့်ပြီး လှစ်ခနဲ့တစ်ချက်ပြုံးသွားသည်။ထို့နောက်..အိပ်နေတဲ့ ဘုံမျက်နှာလေးကို ငုံ့ကြည့်ပြီး...လက်နဲ့ပုတ်လိုက်၏။
"အားးး..အေးလိုက်တာ..."
ဘုံ မျက်လုံးအစုံပွင့်ပြီး..အော်လိုက်သည်။မြင်လိုက်ရတဲ့ စေ ရင်အုပ်ဖွေးဖွေးကြောင့်လဲ..မျက်နှာလေးနီသွားရကာ...
"အလုပ်..မသွားသေးဘူးလား.."
"မင်း ရှက်နေတာလား.."