💕 နတ်စည်းစိမ်နှင့်မလဲပါ 💕
=====================
Part-8မနက်ခင်း.......
"ဝါးးးခေါင်းကိုက်လိုက်တာ.."
ဘုံ အိပ်ယာက ခေါင်းကို ဖိနှိပ်ပြီး..လိမ့်ထလိုက်သည်။ထို့နောက်..ရေချိုးခန်းဆီသို့.. .လျောက်လာခဲ့သည်။
ရေချိုးခန်းထဲက မှန်ရှေ့ရောက်တော့ ထုံးစံအတိုင်း အပေါ်အင်္ကျီအရင် ချွတ်ပြီး...
"ဟင်.."
"အားးးး..ဦးစေ လူဆိုးကောင်.."
မှန်ထဲတွင် မြင်နေရတဲ့ လည်ပင်းတစ်လျောက်..အနီရောင်အရာလေးတွေ...
သူမ လည်ပင်းဟိုက်တဲ့အင်္ကျီတွေ ဝတ်တာ ဦးစေမကြိုက်ပါ၊
"ဒါ တမင်လုပ်တာ.."
"ဘာကို တမင်လုပ်တာလဲ.."
"ဟမ်"
ဘုံ နောက်က စေကို အလန့်တကြား..မော့ကြည့်ပြီး ချွတ်ထားတဲ့အင်္ကျီနဲ့.ရင်ဖက်တစ်ခုလုံးကို ဖိအုပ်ထားလိုက်သည်။
"ဘာလို့ဝင်လာတာလဲ..အလုပ်မသွားဘူးလား"
"ဒီနေ့ တနင်္ဂနွေ.."
"အော်.."
ဟုတ်မှာပါ..ဦးစေက သူမအိပ်ယာကနိုးတိုင်း..အိမ်မှာ မရှိတော့တာက များသည်။
"ရေချိုးမလို့လား..အတူချိုးရအောင်..."
"ဟင့်အင်း ဘုံ နောက်မှ ချိုးမယ်.."
ဘုံ နောက်ပြန်ဆုတ်တော့စေက ဘုံလက်လေးကို ဆွဲထားလိုက်ပြီး ဘုံပုခုံးလေးကနေ ဖမ်းဆုပ်လိုက်သည်။
"ညက မင်းမူးနေတာ ချစ်ဖို့ကောင်းတယ်.. "
"ဟင်"
ဘုံ ထိုအခါမှ..ညက အဖြစ်အပျက်ကို..မှတ်မိသွားရသည်။ထို့ကြောင့် မျက်နှာလေး..တင်းသွားရကာ...
"ဖယ်စမ်းပါ"
"မျက်နှာက ဘာဖြစ်နေတာလဲ..."
"ဟင့်အင်း.."
"ဒီနေ့ တစ်နေ့လုံး..မင်းအတွတ်..ပေးမယ်.."
ညဖက်တွေသာ တွေ့ရတတ်တဲ့ စေစကားကြောင့်..ဘုံမျက်နှာလေး မော့လာခဲ့သည်။
"ဦးစေ မကြိုက်တာတွေချည်း ဘုံလုပ်ခဲ့ရင်ရော..."
"ဒီနေ့တစ်ရက်လုံး မင်းအတွက်ပါဆို..."