Part -3

5.2K 79 1
                                    

💕 နတ်စည်းစိမ်နှင့် မလဲပါ 💕
=====================
Part -3
=====

ဘုံ..စေ နမ်းလိုက်တာကြည့်ပြီး..ကြက်သေ သေသွားရသည်။တကယ်ဆို..ဘုံ အဲလို အတွေ့အကြုံမရှိ။ခဏကြာမှ...သတိဝင်သွားရကာ..

"ရှင်..ဒါဘာလုပ်တာလဲ"

"မင်း အော်မှာစိုးလို့.."

"ရှင့်လက်ကျိုးနေလို့လား"

"မကျိုးပါဘူး ကောင်းသားပဲ"

ဘုံ ပူးကပ်နေတဲ့အနေအထားကနေ စေကို မျက်စောင်းတချက် ထိုးပြီး ထရပ်လိုက်သည်။

သို့သော်..

"အား"

စေက သူမလက်ကို ဆောင့်ဆွဲလိုက်တာကြောင့့််ဘုံတစ်ပတ်လည်ပြီး စေရင်ခွင်ထဲ ပုံလျက်သား လဲကျသွားရသည်။

"ရှင်နော်.ဘာလုပ်ပြန်ပြီလဲ."

"ဟိုမှာ လူလာလို့ ဒီလိုနှစ်ယောက်မိသွားရင် တမျိုးထင်သွားမှာစိုးလို့"

"ထင်ထင်ပေါ့"

"ဒါဆို ငါ့အပေါ်ကနေ ထလိုက်တော့"

ဒီလိုဆိုတော့လဲ..ဘုံက မဟုတ်သေး။တကယ်တွေ့သွားရင် ဘယ်လိုလုပ်မလဲ"

"သူတို့သွားပြီလား"

"မသွားသေးဘူး ဒီဖက်ကို လာနေတယ်"

"ဘာ"

ဘုံ စေ ရင်ခွင်ထဲ ပုနေအောင်ထိ ဝင်ပုန်းလိုက်သည်။စေ..ဘုံ အမူအရာကိုကြည့်ပြီး..ရယ်ချင်သွားရသည်။

"မျက်နှာကို ရင်ဖက်နဲ့ကပ်နေအောင်..ဝှက်ထားလိုက်ရင်..လုံခြုံသွားပြီပေါ့"

"လုံလုံ မလုံလုံ..ရှင့်အပူပါလား"

ဘုံ ထရပ်ပြီးမှ စေခြေထောက်ကို တမင်ပင် တတ်နင်းပြီးပြေးလာခဲ့သည်။

"အား..သေပါပြီ"

နောက်က စေအသံကြောင့် ဘုံ ကျေနပ်စွာပင််မျက်နှာလေးကို ခပ်မော့မော့ပင့်ချီထားလိုက်သည်။

"ဒါတောင် စလစ်ပါအပါးလေးမို့..ဟွန်း..ငါရဲ့ ပထမဆုံးအနမ်းလေး ဒင်းကြောင့်"

💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕

"ညနေ..၅နာရီ..သတို့သမီး..ရွေးမည်မို့..ညနေ ၄နာရီတွင်..နတ်စည်းစိမ်ခန်းမထဲသို့..လာရောက်ကြပါ"

နတ်စည်းစိမ်နှင့်မလဲပါWhere stories live. Discover now