💕 နတ်စည်းစိမ်နှင့်မလဲပါ 💕
=====================
Part-18
======နေရောင်ခြည်က..ခပ်နွေးနွေးလေး လောကကြီးတစ်ခွင် ဖြန့်ကျက်ထားသည်။
ဘုံ ခြံနောက်ဖေးရှေ့နှင်းဆီခင်းလေးရှေ့တွင် ရပ်ပြီး ဝေ့ကြည့်လိုက်သည်။
ပန်းခင်းကသိပ်မကြီးပေမယ့်..အဖူးလေးတွေငုံနေကြပြီဖြစ်သည်။
နှင်းဆီပန်းလေးတွေက..သိပ်မပွင့်သေးပေမယ့်ရေမွှေးနှင်းဆီမို့..တော်တော်လေးမွှေးသည်။ဘုံက နှင်းဆီပန်းကြိုက်တာမို့ စေက ဘုံရောက်လာမှ ပန်းပျိုးတဲ့ဥယှဉ်မှူးခေါ်ကာ..တကူးတက စိုက်ပျိုးထားခြင်းဖြစ်သည်။
ပထမဆုံး..ပွင့်တဲ့ပန်းလေးတွေမို့ ဘုံ ဘုရားလှူရန် လာခူးခြင်းဖြစ်သည်။
ဘုံ နှင်းဆီပန်း အလုံအလောက်ခူးပြီးသွားတော့ ကျေနပ်စွာ အိမ်ဖက်ပြန်လှည့်သည်။
"ဟင်"
ဘုံခြေလှမ်းလေး ရပ်သွားသည်။အဘယ်ကြောင့်ဆိုသော် မာယာက ဘုံနောက်တွင် ကျောခိုင်းရပ်နေသည်မလား။
"မမာယာ"
"အဲနှင်းဆီပန်း ငါလိုချင်တယ်"
"ဟင်..ဟုတ်ကဲ့"
ဘုံ အံသြသလိုဖြစ်သွားပြီးမှ..ခေါင်းညိတ်လိုက်သည်။လက်ကလဲ..နှင်းဆီပန်းတစ်ပွင့်ကို မာယာကို ကမ်းပေးလိုက်သည်။
"အဟင်းးး..."
မာယာ နှာခမ်းကို..အကျဉ်းတန်စွာ မဲ့လိုက်ပြီး..ဘုံကမ်းပေးတဲ့နှင်းဆီပန်းကို ဆက်ခနဲ့ပုတ်ထုတ်လိုက်သည်။
"ဘုတ်"
"မမာယာ ဘာလို့ ဒီလိုလုပ်ရတာလဲ.."
"တစ်ပွင့်တည်းလိုချင်တာ မဟုတ်ဘူး အကုန်လိုချင်တာ"
"ဒီပန်းတွေက..ဘုရားလှူမလို့..မမာယာလိုချင်တယ်ဆိုရင်..ကောင်လေးတစ်ယောက်ယောက်ကို ဝယ်ခိုင်းလိုက်ပါ"
ဘုံ..လှည့်ထွတ်သွားတော့..မာယာ စိတ်တိုသွားရကာ..ဘုံလက်ကို..ဖြတ်ခနဲ့လှမ်းဆွဲလိုက်သည်။
"နင် နေဦး..အဲပန်းတွေ ငါ့ကိုပေးလို့ပြောနေတာ မကြားဘူးလား.."