Part -9

3.7K 57 1
                                    

💕 နတ်စည်းစိမ်နှင့်မလဲပါ 💕
====================
Part-9
=====

စေနဲ့ဘုံ ညစာစားပြီး..ကားဆီကို..လျှောက်လာခဲ့ကြသည်။သို့သော်...ဘုံက ခြေစုံရပ်လိုက်ပြီး..ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။

ဒီနေ့က..လပြည့်ညမို့ထင်၊လမင်းကြီးက ထိန်ထိန်သာနေသည်။

စေက ဘုံရပ်နေတာကို လှည့်ကြည့်ပြီး...

"လမ်းလျောက်ကြမလား..."

"ကားကရော.."

"နောက်မှ လာယူခိုင်းလို့ရတာပဲ..."

"အင်း.."

ဘုံ ခေါင်းညိတ်ပြီး စေရှေ့ကနေ ဖြတ်လျောက်လာခဲ့သည်။

ညရဲ့အလှ အလင်းရောင်နဲ့လက်ဆက်တဲ့လေကို တဝကြီးရှူသွင်းပြီး ဘုံ ကျေနပ်နေသည်။

စေကတော့ ဘုံနောက်ကနေ သူ့စတိုင်အတိုင်း ဘောင်းဘီအိတ်ထဲ..လက်နှစ်ဖက်စလုံးထည့်သွင်းပြီးလျောက်လာခဲ့သည်။

စေဆံပင်က ရှည်သည်မမည်ပေမယ့်ဂုတ်ကိုထောက်နေပြီဖြစ်သည်။အတွင်းအင်္ကျီတွေသာအရောင်စုံဝတ်ပေမယ့်..စေကကုတ်အင်္ကျီကိုတော့ အနက်နဲ့အရောင်မှိုန်တာလေးတွေဝတ်တတ်သည်။

မြင့်မားသောအရပ်နဲ့ ဘော်ဒီမိုက်လွန်းသဖြင့်..ဘယ်စတိုင်ဝတ်ဝတ်..စေကကြည့်ကောင်းသည်။

"ဦးစေ မြန်မြန်လာလေ..."

ဘုံက ပြောပြီး..နောက်ပြန်လှည့်လျှောက်၏။မျက်နှာသွယ်သွယ်လေးနဲ့ရွှေဝါရောင်ဆံပင်နဲ့ ဘုံက နုသစ်စွာချစ်ဖို့ကောင်းနေသည်။

"အားးး..."

ဘုံ နာကျင်စွာ..အော်ပြီး..ထိုင်ချလိုက်သည်။

"ဘုံ ဘာဖြစ်တာလဲ..."

စေ အပြေးအလွှား..ရောက်လာတော့..ဘုံက စေလက်ကို ပုတ်ချ၏။

"မကိုင်နဲ့..ရှင့်ကြောင့်..."

"ဟမ်..ဘယ်လိုဖြစ်လို့..ကိုယ်ကြောင့်ဖြစ်သွားရတာလဲ..."

"ဦးစေ ပဲတစ်ခွဲသားနဲ့နောက်ကနေ လိုက်နေတာလေ ဘုံက လှမ်းခေါ်လို့ ခြေခေါက်သွားတာ.."

"အဲတော့..."

"ဦးစေကြောင့်ပေါ့..."

"ကဲပါ..ဆေးခန်းသွားရအောင်..."

နတ်စည်းစိမ်နှင့်မလဲပါWhere stories live. Discover now