💕နတ်စည်းစိမ်နှင့်မလဲပါ💕
===================
Part-21
======"ဒါဆို...ဘွားပြန်တော့မယ်..."
ဒေါ်နန်းစံ..အိမ်ပြန်ဖို့ ထရပ်လိုက်သည်နဲ့..ဘုံပါ ထရပ်သည်။
"ဘုံလဲ..လိုက်မယ်"
"ဘုံ"
စေ မယုံနိုင်သလို ခေါ်လိုက်မိသည်။ဒေါ်နန်းစံလဲ ဘုံကို..မမြင်ဖူးသူလိုငေးကြည့်ကာ...
"ဘုံဘုံ ဘယ်လိုပြောလိုက်တာလဲ သွေးနုသားနုနဲ့..ဘာကိုလိုက်မယ်ပြောနေတာလဲ"
"ဘုံက အစကတည်းက ကလေးမွေးပြီးရင်..ထွတ်သွားမလို့ပဲ..အဲဒါ ဘွားနဲ့အတူလိုက်သွားမလားလို့"
စေ ထရပ်ပြီး ဘုံကို သူ့နောက်ကျောကို..ဆွဲပို့လိုက်သည်။
"မဟုတ်ဘူး..ဘွား..ဘုံက သွေးနုသားနုမို့လျောက်ပြောနေတာ...ကျွန်တော်အဲလိုစကားမျိုးတစ်ခါမှမကြားဖူးဘူး.."
စေ ပုံစံက..ဘုံကို..အဘွားဖြစ်သူ ဆွဲခေါ်သွားမှာစိုးလို့အတင်းလုဝှက်နေသလိုလို၊
"ဒီမှာ..ရှင်..အတိတ်မေ့ချင်ယောင်ဆောင်မနေနဲ့..ကျွန်မပြောပြီးသား.."
"ကိုယ်ခေါင်းညိတ်လက်ခံဖူးလို့လား.."
"မရဘူး လိုက်သွားမှာပဲ..."
"ကိုယ်ခွင့်မပြုဘူး"
"ရှင့်ဆီက ဘယ်သူ ခွင့်ပြုချက်တောင်းနေလို့လဲ ဖယ်.."
"ဟေ့နင်တို့ ဘာပြောနေကြတာလဲ...ရန်ဖြစ်နေကြတာလား.နောက်မှ..အိမ်လာချင်ဆိုလဲ..မိသားစု..စုံစုံလင်လင်နဲ့လာကြ."
"ဟင့်အင်း..."
"ဟုတ်ကဲ့..အဘွား ကောင်းကောင်းပြန်ပါ.."
"ဘွား.."
ဘုံ..လိုက်သွားမှာစိုးသောကြောင့်..စေ ဘုံလက်တို့ကိုဆုပ်ကိုင်ပြီး နောက်ကနေ သိမ်းဖက်ထားလိုက်သည်။
"ရှင်..ဘာလုပ်တာလဲ..လွှတ်စမ်း.."
"ဟင့်အင်း.."
"မမလေး သားသားလေး..ငိုနေလို့..အယ်..."
ဝါဝါက..စေတို့ကို မြင်သည်နဲ့ စကားတစ်ပိုင်းတစ်စနဲ့ရပ်တန့်သွားသည်။