💕 နတ်စည်းစိမ်နှင့်မလဲပါ 💕
=====================
Part-19
======"အမလေး."
ဘုံ..ခြေမခိုင်တော့ပဲ..အောက်ကိုပြုတ်ကျသွားရသည်။ကြောက်လန့်စိတ်ကြောင့်...မျက်လုံးအစုံကို..ဘုံ..စုံမှိတ်ချလိုက်ပြီး...
"ကိုကိုရယ်..ကယ်ပါ"
တကယ်လဲ စေက လှေကားရင်းကိုရောက်နေပြီမို့..လေးထစ်ကပြုတ်ကျလာတဲ့ ဘုံကိုယ်လေးက စေဆီကို..တန်းတန်းမတ်မတ်..ပြုတ်ကျသည်။
"ဝုန်းးဒုန်း..."
စေ..ဘုံကို..ဖမ်းထားရင်း..ထိုင်လျက်သားနောက်လန်ကျသွားသည်။လူက ဘယ်နားက..နာမှန်းမသိ..အီစလန်ဝေသွားရသည်။
"ကိုကို..ဘာဖြစ်သွားလဲဟင်..အရမ်းနာသွားလား.."
စေ ခါးကိုလက်နဲ့ထောက်လိုက်ထိုင်လိုက်ပြီး...
"မင်း..ဘာဖြစ်သွားသေးလဲ..ဘာလို့ပြေးဆင်းရတာလဲ သေမယ်..မင်း"
စေ..ဘုံပါးလေးကို..လက်သီးနဲ့ကပ်ကျိန်းလိုက်သည်။မာယာကတော့ သူတို့နှစ်ယောက်ကို ကျောခိုင်းပြီး..အပေါ်တတ်သွား၏။
"ဘုံက..ကိုကို..ခြေထောက်ကောင်းသွားလို့ အရမ်းဝမ်းသာသွားတာ..ဒါနဲ့..ကိုကို..မတ်တပ်ရပ်ကြည့်ပါလား"
စေခေါင်းညိတ်လိုက်ပြီး ထရပ်လိုက်သည်။
"အားးး"
"ကိုကို"
စေပြန်ထိုင်ကျသွားသည်။ဘုံ..အလန့်တကြား..ဖြစ်သွားရကာ...
"ဖိုးနုရေ...လာပါဦး ကိုကိုဘာဖြစ်သွားတာလဲမသိဘူး"
💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕
သူရိန်..စေကို အကိုက်အခဲပျောက်ဆေး ထိုးပေးလိုက်ပြီး...
"ကဲ..စေ ခြေထောက်ကို မလှုပ်ခြားနဲ့တော့ တစ်ပတ်လောက်နားရမယ်..."
"အင်းပါ မင်းကလဲ"
"အင်းပါ လုပ်မနေနဲ့..ထောက်လို့ရခါစခြေထောက်က ပြန်ပြီးအလေးပိသွားသလိုဖြစ်သွားတာ ပေါ့လို့မရဘူး"
သူရိန်စကားတွင်ဘုံမျက်နှာလေး ငယ်သွားရသည်။သူမကြောင့်..စေက ပြန်ပြီးအိပ်ယာပေါ်လှဲသွားရသည်မဟုတ်လား။