💕 နတ်စည်းစိမ်နှင့်မလဲပါ 💕
====================
Part-17
======"ဖိုးနု..ဘုံ ဘာကူလုပ်ပေးရမှာလဲ.."
"နေ နေ..ပြီးတော့မယ်..ဗိုက်ဆာနေပြီလား.."
ဖိုးနုက..ခေါက်ဆွဲကြော်..ကြော်နေရင်းမှ ဖြေသည်။
"မဆာပါဘူး..ဖိုးနုရယ်..ဘုံတစ်ခုခုလုပ်ပေးမယ်လေ.."
ဘုံက ပြောပြီး ကြက်သွန်နီ..လှီးလက်စကို လှမ်းကိုင်လိုက်သည်။
"မလုပ်ပါနဲ့..မမလေးရယ်..သခင်လေးမြင်ရင်..ကျွန်တော်အဆူခံနေရလိမ့်မယ်"
"အို မဆူစေရပါဘူး ဘုံလုပ်တာပဲဟာ"
"ဟုတ်ပါပြီ ဒါဆိုလဲ နောက်တခါကျ ကူလုပ်ပေးပါခင်ဗျာ..ဟုတ်ပြီလား"
"ဟုတ်"
ဘုံ ရယ်ကျဲကျဲနဲ့ ကျေနပ်စွာ..ခေါင်းညိတ်လိုက်သည်။ထို့နောက်လဲ...ဖိုးနုကြော်နေတဲ့နားတွင်..မခွာပဲ...
"မွှေးလိုက်တာ..ဖိုးနုတို့တော့ ဘာလုပ်လုပ်..တော်ပြီးသား"
"အဟတ်.."
"တကယ့်ပြောတာ ဘုံ ချက်တတ်ချင်တယ် သင်ပေးပါလားဟင်.."
"ဗျာ အဲ့ဒါက..သခင်လေး..ကြိုက်ပါ့မလား"
"ဟုတ်ဘူးလေ ဖိုးနုရယ်..ဦးစေနဲ့မဆိုင်ဘူး ဘုံသင်ချင်တာ"
"အဲ့ဒါကလဲ သခင်လေး ခွင့်ပြုမှ"
"ဖိုးနုကလဲကွာ သင်ပေးပါဆို"
ထိုစဉ့်...
"ဖိုးနုကို ဘာတွေ ဂျီကျနေတာလဲ ဘုံ"
ထမင်းစားခန်းထဲကို ဝှီးချဲကြီးနဲ့..စေက ဝင်လာရင်း မေးသည်။
"ဦးစေကလဲ ဂျီကျရအောင်..ဘုံက ကလေးလား"
"ကလေးဟုတ်လား၊မဟုတ်လားတော့မသိဘူး..မျက်နှာတော့ ခေါက်ဆွဲကြော်အိုးထဲပြုတ်ကြတော့မယ်.."
"ဟင်ဦးစေနော်..."
ဘုံက ဖိုးနုအတိုင်း ခေါက်ဆွဲကြော်အိုးထဲငုံ့ကြည့်နေရင်းမှ ဖျက်ခနဲ့..လှည့်လိုက်သည်။
"ဘုံက..ချက်တာတွေ စိတ်ဝင်စားလို့"
"မင်းကလား..အဟွန်း..."