Part -13

3.6K 49 1
                                    

💕 နတ်စည်းစိမ်နှင့်မလဲပါ 💕
=====================
Part-13
======
မနက်ခင်း....

စေ..ထမင်းစားခန်းထဲ ဝင်ပြီး..ကော်ဖီဝိုင်းတွင်..ဝင်ထိုင်လိုက်သည်။

ဖိုးနုက..အလိုက်သိစွာပင် ခွက်ထဲကို ကော်ဖီထည့်ပေးသည်။ထို့နောက် ယိုသုတ်ထားတဲ့ ပေါင်မုန့်ကင်ကို..စေရှေ့ကိုချပေးလိုက်သည်။

"ကျေးဇူးပဲ..ဖိုးနု.."

ဒါက ဖိုးနုတစ်ခုခုလုပ်ပေးတိုင်း စေပြောနေကြ စကား။

စေ ကော်ဖီသောက်ပြီး ထရပ်လိုက်သည်တွင်...ဘုံက ထမင်းစားခန်းထဲကို ဝင်လာသည်။

"ဦးစေ..."

"နှိုးလာပြီလား..."

"အင်း..အလုပ်သွားတော့မှာလား"

"အင်းလေ..ထူးထူးဆန်းဆန်း..မင်းအစောကြီးနိုးနေတာပဲ.."

"ဟုတ်တယ် ကျောင်းပိတ်တာတောင် အစောကြီးနှိုးနေတော့..ပျင်းစရာကြီး..."

"ပျင်းတယ်..?ဘာလို့လဲ"

"မသိဘူး..တစ်ခုခုသွားချင်တယ် ဦးစေနဲ့လိုက်လို့ရလားဟင် "

"ကုမ္ပဏီကိုလား..."

"ဟုတ်.."

"ကိုယ် အလုပ် လုပ်နေရင် မင်းပျင်းနေမှာပေါ့.."

"ရတယ်..ပျင်းရင်ပြန်လာမှာပေါ့.."

"ကိုယ်ပြန်လိုက်ပို့ဖို့..အားချင်မှအားမှာ..."

"ပြန်တတ်ပါတယ်ဆို..ဘာလဲ..မလိုက်စေချင်တာလား"

"မဟုတ်ပါဘူး..."

"ဒါဆို..."

"လိုက်မယ်ဆို..အင်္ကျီသွားလဲလေ..အတိုအပြတ်ဝတ်မလာနဲ့နော်.."

"ဟုတ်"

ခါတိုင်းဆို ဆန့်ကျင်ဖက်ပြော၊ လုပ်နေကြပေမယ့်..ဒီတစ်ခါတော့..ဘုံ ကျေကျေနပ်နပ်ပင်ခေါင်းညိတ်လိုက်သည်။

💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕

"ဝါးးး..."

ဘုံ..ရုံးခန်းထဲမှာ..ထိုင်ပြီး..တဝါးဝါးသမ်းနေမိသည်။

စေက ရောက်ကတည်းက ကွန်ပြူတာကို တတောက်တောက်နိုပ်နေတာ..ခုထိမပြီးသေး။

နတ်စည်းစိမ်နှင့်မလဲပါWhere stories live. Discover now