1

12.5K 211 3
                                    

He is my man - 1

ဝမ်းဗိုက်အတွင်း နစ်ဝင်နေသည့် ဓားချက်ကြောင့် ပြေးရသည်မှာ ခရီးမတွင်ကျယ်ပေ။
တဖြည်းဖြည်း သွေးဆုံးရှုံးမှုဒဏ်ကြောင့် အုပ်စိုး အနေနဲ့ အတော်လေအားအင်ကုန်ခမ်းပြီးပြီး ပင်ပန်းနွမ်းနယ်လာ၏။အတော်လေးလွတ်မြောက်ဟန်ရှိနေပြီဖြစ်သည့် အကွာအဝေးကြောင့် ပုန်းအောင်းနိုင်မည့် တစ်ထောင့်တစ်နေရာကိုရှာပြီး ထိုနေရာမှာပဲလှဲလျှောင်းချလိုက်သည်။ ဓားဒဏ်ရာက နက်ပြီး အတော်လေးကိုပြင်းထန်သည်နေပေမဲ့ ထိုအချင်းအရာကို အုပ်စိုး စိတ်မပူပါ။ သူ့နောက်မှာကျန်ခဲ့သည့် သူ့လူတွေအတွက်ပဲစိုးရိမ်နေတာဖြစ်သည်။

တစ်ဖက်က ကောင်တွေရဲ့သစ္စာမရှိမှုကြောင့် အခုလိုပြသနာစဖြစ်ခဲ့ပြီး ကြိုတင်ကြံစည်ခြင်းခံလိုက်ရတာမို့ အုပ်စိုး တို့ဘက်က အခွင့်မသာဘဲ ရှုံးနိမ့်သွားခဲ့ရတာ။ အသေအချာ ခံစစ်ပြင်ထားရင်း အုပ်စိုး ဓားဒဏ်ရာရသွားခဲ့သည်။တစ်ဖြည်းဖြည်း ရှုံးနိမ့်လာတဲ့ အခြေအနေမှာ  Diego ရဲ့ကာကွယ်မှုနှင့်အတူ အဝေးကို ပြေးထွက်နိုင်ခဲ့တာဖြစ်သည်။ ဒီအတောအတွင်းတော့ အုပ်စိုး တကယ်ဒုက္ခခံရဦးမည်ဖြစ်သည်။

လက်ချောင်းတွေကြားမှာ စိမ့်ထွက်လာတဲ့သွေးတွေကြောင့် အင်္ကျီစကို ဖြဲပစ်ကာ ဝမ်းဗိုက်ကို စည်းနှောင်လိုက်၏။ မောပန်းနေသည်ကြောင့် အသက်ကို အလုအယက်ရှူနေရသလို ဒေါသစိတ်ကြောင့် ရှူးရှူးရှားရှားဖြစ်လျှက်

အုပ်စိုး မျက်လုံးများက ခဏအတွင်းမှေးစင်းလာ၏။ဒီနေ့အတော်လေးကို ပင်ပန်းသွားခဲ့တာမို့ ခန္ဓာကိုယ်က ဒဏ်ကိုမခံနိုင်တော့မှန်း သူသိပါသည်။ လူခြေတိတ်နေသည့် လမ်းကြား၌ ခြေသံတစ်ခုထွက်ပေါ်တဲ့အခါ အုပ်စိုး မျက်ခုံးကိုကျုံ့လိုက်၏။ထို့နောက်မကြာပါဘူး ထိုလူက အုပ်စိုး ဆီသို့တည့်တည့် မတ်မတ်ကိုရောက်ချလာတော့သည်။

"အာ... ဘယ်သူကြီးလဲ.... သွေးတွေနဲ့ပါလား... ဟေ့လူ ခင်ဗျား အဆင်ပြေရဲ့လား... ဟေ့လူ...."

ထိုကောင်လေးကအတော်လေးငယ်ရွယ်မှန်းသတိထားမိလိုက်သည်။ ကျောပိုးအိတ်တစ်လုံးအပြင် လက်ထဲမှာလည်းစာအုပ်များစွာဖြင့် ငယ်ရွယ်သည့်ပုံပန်း သဏ္ဌာန် ကြောင့်အထက်တန်းကျောင်းသားလားဟု အုပ်စိုး တွေးလိုက်သေးသည်။သို့ပေမဲ့ သူဘာကိုမှ မတုံ့ပြန်နိုင်တော့ပေ။ မျက်လုံးတွေဟာ လုံးဝကို တိတိပိတ်ကျသွားခဲ့တော့သည်။

He is my man(Complete)Where stories live. Discover now