He is my man - 22(Final)
မင်္ဂလာပွဲကျင်းပသည့်နေရက်သို့ရောက်လာခဲ့သည်။ ပွဲချိန်မစ ခင်မှာပဲ ခမ်းမနှင့် အိမ်တော်တွေတစ်ခုလုံး၌ လူတွေကစည်ကားသိုက်မြိုက်စွာရှိသည်။အနက်ရောင် Suitကို ပြင်ဆင်နေရင်း ဆံပင် Stylist က ဘုန်းရှိန်ကို သေချာပြင်ဆင်ပေးနေ၏။ ပုံကျကျ ပြင်တင်ပြီးသည့်အခါ ဘုန်းရှိန်မျက်နှာအမူအရာကိုမှန်ထဲကတဆင့်ကြည့်ရင်း
"သူတို့သားက ဘာလို့မပြုံးဘဲတောင် ခန့်ညားနေလဲမသိပါဘူး.."
"ဟဲ့ .... နင်ပေါက်ကရတွေမပြောနဲ့နော်"
ဘေးနားက လူက အကြောင်းသိစွာနှင့်ကြိုတားပုံရသည်။ တကယ်လည်းဘုန်းရှိန်ထက်မြတ်ဆိုတဲ့ယောက်ျားက တစ်ရေးနိုးထကြည့်ရင်တောင် ရင်ဖိုစရာကောင်းတဲ့ယောက်ျားမျိုးပဲ။ ဒီမျက်လုံး ဒီနှုတ် ခမ်းတွေကို ဘုရားသခင်ဖန်ဆင်းခဲ့တုန်းက နှစ်ပေါင်း တစ်ထောင်လောက်ကြာလေမလားတောင်တွေးမိသည့်တိုင် လှပလွန်းသည်။ အခြား ဘက်ပေါင်းစုံကနေ ကြည့်ရင်လည်း အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အထင်ကြီးစရာကောင်းတာထက်ပိုတဲ့သာလွန်မှုတွေရှိနေတာပဲကိုလေ ဒါ့ကြောင့် ဒီယောက်ျားကို ရတဲ့သူက နတ်ဘုရားရဲ့ကောင်းချီးပေးတာကိုခံယူရပဲဖြစ်လိမ့်မည်။
ပြင်ဆင်မှုတွေပြီးသွားသည့်အခါ ဘုန်းရှိန်က မင်္ဂလာခမ်းမ အလယ်မှာ သတို့သမီးအလာကိုရပ်စောင့်နေခဲ့သည်။
※※※※
"မသွားပါနဲ့ boss ရာ ကျွန်တော်သွားခွင့်မပေးနိုင်ဘူး"
"မိုက်ကယ် မင်းလိုက်မပို့ရင် ငါကိုယ်တိုင်ကားမောင်းပြီးသွားမယ် ဖယ်နေလိုက်"
"မသွားပါနဲ့ကျွန်တော့်ကို ထိုးချင်ထိုးလိုက် ကျွန်တော်လုံးဝပေးသွားမှာမဟုတ်ဘူး... အဲ့မင်္ဂလာပွဲကို Boss တက်စရာမလိုဘူး အဲ့ကောင်မျက်နှာကိုလည်းကြည့်စရာမလိုဘူး.. ကျွန်တော်ပြောတာ တစ်ခါလောက်ပဲလက်ခံပေးပါ boss ရာ..."
မိုက်ကယ်က ငိုနေရင်း နာနာကျင်ကျင်ပြောနေတာဖြစ်သည်။ အုပ်စိုးလည်း နေ့ရက်ဆက်ကတိုက် ငိုကြွေးနေခဲ့ပြီး အစာရေစာပါပြတ်တောက်ထားသည်ကြောင့် ပိန်လီနေသည်။ မျက်ဝန်းတွေကနီရဲနေလျက် မိုက်ကယ်နဲြ Diego က တားထားဆဲဖြစ်ရာ
YOU ARE READING
He is my man(Complete)
FantasySky💙 * Warning * "ဒီထက်ပိုပြီး မချစ်မိအောင် ကြိုးစားတော့မှာမလို့ ဒီတစ်ရက်က နောက်ဆုံးပဲ..."