8

2.8K 108 2
                                    

He is my man - 8

နည်းနည်းမူးပြီးရီဝေဝေဖြစ်နေသည့်ကောင်လေးကို ကုတင်ပေါ်သို့ချီသယ်ပေးပြီးသိပ်လိုက်၏။ထို့နောက် အုပ်စိုးကတော့ Luis ကိုဆက်သွယ်နေခဲ့သည်။ Luis က Diego ကိုအဖွဲ့တွေနဲ့အတူ Miguel မှာရှိနေပြီဖြစ်ကြောင်းသတင်းပို့လာ၏။ထို့နောက် Diego အားဖုန်းဆက်ပြီး

"ငွေသားရှိသေးလား Diego.."

"ဟုတ် boss သိန်းတစ်ရာလောက်ရှိပါတယ်"

"သိန်းတစ်ရာလုံးယူပြီး ငါအခုပို့လိုက်မဲ့လိပ်စာကိုလာခဲ့တော့..."

"ဟုတ် Boss. ... Jet အဆင်သင့်ပြင်ထားပြီးပါပြီ..."

"အင်း ...."

အုပ်စိုးမှာ ယူစရာဆိုလို့ Laptop နှင့် ဖုန်းသာရှိသည်။ ပထမနေ့ကဝတ်လာခဲ့သည့်အဝတ်တွေကလည်း မကောင်းတော့တာမို့လွှတ်ပစ်တဲ့အထဲပါသွားပြီဖြစ်၏။ Luis နဲ့ Diego တို့ရောက်လာတော့မှာ ဖြစ်တာကြောင့် ကောင်လေးရဲ့ စားရေခုံက စာအုပ်နှင့်ဘောပင်ကို ယူပြီီး အမှာစာချန်ခဲ့ဖို့လုပ်ရသည်။

ကောင်လေးကို လှည့်ကြည့် လှည့်ကြည့်နှင့် ထားခဲ့ရမှာ နှမျောပေမဲ့.. လည်း

*ဘုန်းရှိန် ဒီကာလတစ်လျှောက်လုံး ကိုယ့်အပေါ်ကောင်းပေးခဲ့လို့ကျေးဇူးတင်ပါတယ်။ မင်းကကိုယ့်ကိုအများကြီးအကူအညီ ဖြစ်စေခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရောပေါ့... အဲ့အတွက် ကိုယ်မင်းကိုကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ .... ကောင်လေးကိုယ်တိုင်နှုတ်ဆက်စကားမပြောဘဲ စာတစ်စောင်ပဲချန်ခဲ့ရတဲ့အတွက် ကိုယ်တကယ် စိတ်မကောင်းပါဘူး... ကိုယ်တို့ပြန်ဆုံဖို့ဆိုတာ မဖြစ်နိုင်တော့တာမို့ ကိုယ်တကယ်ဝမ်းနည်းမိတယ်။ ဒီငွေတွေက ကိုယ့်အတွက်ကုန်ကျခဲ့တဲ့ငွေတွေအပြင် မင်းရဲ့ကြင်နာမှုတွေအတွက် ကိုယ်ပေးနိုင်တဲ့ တုံ့ပြန်မှုလေးပါ ။ အရာရာအတွက် ကျေးဇူးတင်ပါတယ် ကောင်လေး....

Ricardo..*

ထို့နောက် ဝရံတာဘက်မှ ကျလာသည့် ကြိုးလှေကားတစ်ခု ။ ထိုလှေကားမှ အရပ်ထောင်ထောင်မောင်းမောင်းနဲ့လူက ဆင်းလာ၏။ပိုက်ဆံအပြည့်ထည့်ထားတဲ့အိတ်ကိုကမ်းပေးလာသည့်အခါ ထိုပိုက်ဆံအိတ်ကိုစယ်ကာ အခန်းအတွင်းသို့ပြန်ဝင်လာခဲ့သည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်ကောင်လေးကြည့်ရင်း နဖူးပြင်လေးထက်သို့အနမ်းလေးပေးလျက်ပင်

He is my man(Complete)Where stories live. Discover now