9

2.7K 95 2
                                    

He is my man - 9

အံ့သြတကြီးဖြစ်နေတဲ့ဦးလေးဖြစ်သူကိုကြည့်ပြီးဘုန်းရှိန် မျက်နှာလွှဲလိုက်သည်။အမြဲတစေ ဘုန်းရှိန်ကို လူတွေနဲ့ ယဥ်ပါးဖို့အတွက် ကြိုးစားနေတဲ့ အဖေ၊ တစ်လောကလုံးမှာ အကောင်းဆုံးဝန်ကြီးတစ်ယောက်ဆိုပြီး နာမည်တွင်တဲ့ အဖေက အသတ်ခံခဲ့ရသည် ဆိုတာကို ဘုန်းရှိန်မယုံကြည်နိုင်သေး။သူအလေးစားရဆုံး သူ့တစ်ဘဝလုံးမှာ တစ်ယောက်တည်းသာရှိမည့် ဖခင်အား အသတ်ဝိဥာဥ်နှုတ်ယူသွားသည့်သူက သူသိပ်ချစ်ခဲ့ရတဲ့ယောက်ျားဖြစ်နေပြန်သည်။

ဘုန်းရှိန် ထိုအရှုပ်အထွေးတွေကြား လုံးလည်ချာလည်လိုက်လျက်ပင်။ သွေးကြွေးဆပ်ရမယ်... ဖခင်ကိုသတ်တဲ့သူကို သတ်ပစ်ချင်လောက်မုန်းတီးစိတ် အငြိုးအတေးတွေ ဖြစ်သလားလို့မေးရင် ဖြစ်မိပါသည်။ အဖေ့ကိုသတ်ခဲ့သလိုပြန်သတ်ချင်သည်။ အဖေနာကျင်ရသလို ပြန်နာကျင်စေသည်။

ထိုသို့ပြုလုပ်ရမည့်သူက ချစ်ရသူဖြစ်နေတယ်။ဖခင်တစ်ယောက်တည်းရှိသလို ချစ်ရသူကလည်း အုပ်စိုးရှင် ဆိုသည့်သူတစ်ယောက်တည်းပဲ။

"အစ်ကိုကြီးနေရာကိုဆက်ခံပြီး မင်းက Ricardo ကိုပြန်သတ်ရမယ် သား...ဒါကအခွင့်အရေးပဲ Ricardo ဘယ်မှာလဲဆိုတာသားသိလား"

"ဟင့်အင်း.... သူထွက်သွားတာ တစ်လနီးပါးကြာနေပြီ..."

"အဆက်အသွယ်ကရော...."

ဘုန်းရှိန် ခေါင်းကိုခါယမ်းလိုက်သည်။ အဆက်အသွယ် တဲ့လား နှုတ်ဆက်စကားတောင် မပြောခဲ့ဘဲ သာတစ်စောင်ပဲချန်ခဲ့တဲ့သူလေ။ ပြန်မဆုံနိုင်တော့ဘူးဆိုပြီး ပြတ်ပြတ်သားသားပြောပြီးထားသွားခဲ့တာ...

ဒီလူ့နဲ့ပြန်ဆုံနိုင်ဖို့ကတစ်လမ်းပဲရှိတယ်။ အဲ့လမ်းကို ဘုန်းရှိန်သေချာပေါက်လျှောက်ရမှာပေါ့...

                           ※※※※

5 year later...

"သူတို့ဘက်ကစစ်ဆင်ရေးစ တယ် ... ဟုတ်လား..."

"ဟုတ်ပါတယ် boss ဦးဘုန်းထွန်းမြတ် ရဲ့သားက သူ့အ‌ေဖနေရာကို ဆက်ခံလိုက်ပြီး စစ်တပ်ရဲ့ လက်နက်အဝယ်တော်အနေနဲ့ လုပ်နေတယ်"

He is my man(Complete)Where stories live. Discover now