15

2.7K 109 0
                                    

He is my man - 15

ချိန်းတဲ့နေရာကလည်း သူ့ရဲ့မြေ ဘေးက စားသောက်ဆိုင်မှာချိန်းတာဖြစ်သည်။VIP ခန်းဖြစ်တာမို့ နှစ်ယောက်သည်းသန့်ခန်းထဲတွင် မျက်နှာချင်းဆိုင်ရင်း ဖောင်တွေကို ဘုန်းရှိန်ထံသို့ကမ်းပေး၏။ထိုအခါ အုပ်စိုးလက်ထဲက ယူသွားပြီး သေသေချာချာစစ်ဆေးပြီးနောက်

"မဆိုးပါဘူး ဒါဆို ဆောက်လုပ်ရေးအတွက်ဘယ်တော့လောက်စ မှာလဲ"

"ကုန်ကျစရိတ်ကိုသေချာစစ်ဆေးပေးပါ"

"ရတယ် ဒီလောက်ကုန်ကျ နိုင်တယ်ဆိုတာ အခြေခံအနေနဲ့တော့ ကျွန်တော်လည်းသိတာ မလို့"

"အိုကေလေ လက်မှတ်ထိုးလို့ရပြီ"

ဘုန်းရှိန်က စာချုပ်ကိုကြည့်မနေဘဲ အုပ်စိုးကိုသာကြည့်နေရင်း လက်မှတ်ထိုးဖို့ လုပ်နေသည်။ဒါကိုအုပ်စိုးလည်းဒါကိုသိသည်။သို့ပေမဲ့ မသိဟန်ဆောင်ပြီး ခပ်တည်တည်သာ သူလက်မှတ်ထိုးမည်ကိုထိုင်စောင့်နေလိုက်သည်။လက်မှတ်ရေးထိုးပြီးနောက် အုပ်စိုးလည်း လက်မှတ်လိုက်ထိုးသည့်အခါ

"မသိရင် လက်ထပ်စာချုပ်မှာ လက်မှတ်အတူထိုးနေရသလိုပဲနော်"

"ပြောင်သလို နောက်သလိုလုပ်မနေနဲ့ ဘုန်းရှိန် အခုက အလုပ်ချိန်"

"ဟွန်း.... ဒါဆိုရင် စီမံကိန်းက နောက်အပတ်စမှာပေါ့"

"စာချုပ်ထဲမှာပါတယ်"

"သိတယ်လေ အဲ့တာကြောင့်မေးကြည့်တာလေ"

"...."

စကားမရှိစကားရှာနေသည်ကြောင့် အုပ်စိုးကလည်း သိပ်ပြီး အဖက်လုပ်မနေပါဘူး။ ထိုအခါ သူ့စကားအဆက်ကိုဆက်ပြောလာ၏။

"ဆောက်လုပ်ရေးလုပ်နေတဲ့အချိန်အတွင်း ခင်ဗျားက ဘယ်နေ့တွေလာစစ်ဆေးမှာလဲ"

"စစ်ဆေးဖို့ကို မိုက်ကယ်လုပ်ပါလိမ့်မယ် တစ်ခါတစ်လေ အတွင်းရေးမှူး လာလိမ့်မယ် ကိုယ်ကတော့ အားတဲ့အချိန်ကျ သေချာသွားကြည့်ပေးပါ့မယ်"

"အဲ့လိုမဟုတ်ဘဲ ဒီဆောက်လုပ်ရေးအတွက် တစ်ပတ်တစ်ခါ လာကြည့်ပေးဖို့ request လုပ်ချင်တယ်"

He is my man(Complete)Where stories live. Discover now