19

2.8K 95 3
                                    

He is my man - 19

အုပ်စိုးအသားတွေတဆတ်ဆတ်တုန်နေသည်။လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေသည်ကြောင့် အရှေ့က မိုက်ကယ်နှင့် Diego ကလည်း အသံတစ်သံမှပင်မထွက်ပေ။ပါတီကျင်းပနေသည့် အိမ်၏ အရှေ့၌ ကားကိုရပ်တန့်ပြီး အမှောင်ဘက်မှာ အခြေအနေကိုစောင့်ကြည့်လျှက်။ ပွဲကျင်းပပြီးစီးသည့်အခါ ဧည့်သည်တွေပြန်နေကြသလိုနောက်ဆုံးတော့ ပွဲရဲ့ အဓိက ဇာတ်ကောင်ဖြစ်သည့် ဘုန်းရှိန်ကလည်းထွက်လာပြီဖြစ်သည်။ ဘုန်းရှိန်ကားအနောက်သို့မသိမသာကပ်လိုက်လာရင်း  လူခြေတိတ်ပြီး ကားရှင်းသည့်နေရာအရောက် ဘုန်းရှိန်ကားကို ကျော်တက်ပြီး တားစီးလိုက်သည်။

"သွား... အဲ့ကောင်ကို ရိုက်ပြီးခေါ်ခဲ့.."

"ဟုတ်ကဲ့ပါ Boss.."

Diego က ကားပေါ်ကနေဆင်းသွာစာ့်အခါ ဘုန်းရှိန်ကပါ ကားအောက်ကိုဆင်းလာသည်။ဘာကိစ္စလဲဆိုသည့် စကားမဆုံးမှာခင် ဘုန်းရှိန်ရဲ့ခေါင်းကို သစ်သားတုတ်ဖြင့် ဆော်ချပစ်လိုက်တော့သည်။ချက်ချင်းဆိုသလို  ဘုန်းရှိန်လဲကျသွားသည့်အခါ ဘုန်းရှိန်ကို အုပ်စိုးအနားသို့ပို့ပေးပြီး Diego က ဘုန်းရှိန်ကားကိုမောင်းပြီး အနောက်ကနေလိုက်လာခဲ့သည်။

အိမ်သို့ပြန်ရောက်သည့်အခါ  သတိလစ်နေသည့်ဘုန်းရှိန်ကို ကားထဲက ထုတ်ပြီး အုပ်စိုးက သူကိုယ်တိုင်ပဲပွေ့ချီပြီး အခန်းထဲသို့ခေါ်သွင်းသွားတော့သည်။

ဒေါက် ဒေါက်...

"Boss ဒါလေး...."

အုပ်စိုး တံခါးဖွင့်ဖွင့်ချင်း ကမ်းပေးလာတဲ့ ကွန်ဒုံးနှင့် ဂျယ်ကြောင့် အုပ်စိုးပင်ခပ်အမ်းအမ်းဖြစ်သွားလျက်

"ရူးနေလားမင်း..."

"ဗျာ.. ဟို... ဟို... ပြန်..ပြန်ယူသွားလိုက်.."

"ကျစ် ပေးပေး....သွားတော့ ငါဆင်းမလာမချင်းတက်မလာနဲ့"

Boss ရှေ့မှာ မထိန်းနိုင်စွာ ရယ်လိုက်သည့်အခါ Boss က Diego နဖူးကိုလှမ်းခေါက်၏။

အုပ်စိုး ကွန်ဒုံးနှင့်ဂျယ်ဘူးကိုကြည့်ရင်း  စားပွဲပေါ်သို့ပစ်တင်လိုက်သည်။ကွဲသွားတဲ့နေရာက သေးလို့သာတော်သေးတယ်။ Diego လက်စ လက်နကိုဒီထက်ပိုလျော့ဖို့ မမှာလိုက်မိတာ နည်းနည်း တော့နောင်တရမိပါသည်။ လက်နှင့် ကုတင်တိုင်ကို ပူးချည်လိုက်ပြီးနောက် ခေါင်းဒဏ်ရာကို ဆေးထည့်ပေးသည်။ပတ်တီးစည်းပြီးသည်နှင့် ညစ်နေသည့် စိတ်ကို ရေချိုးရင်း လျှော့ချရပြန်သည်။ဘာပဲဖြစ်ဖြစ် သတိပြန်လည်လာတဲ့ အချိန်ထိစောင့်ရမည် ထင်သည်။

He is my man(Complete)Where stories live. Discover now