He is my man - 5
အုပ်စိုး နိုးလာသည်နှင့် ဘုန်းရှိန်ကို မတွေ့ရတော့ပေ။ စာမေးပွဲသွားဖြေနေမှန်းသိပေမဲ့ ကျောင်းပိတ်ရက်အတွင်း အိမ်မှာပဲ နေသွားတော့ အတူရှိချိန်များသွားတာကြောင့် တစ်ယောက်တည်းပြန်ဖြစ်သွားတဲ့အချိန် စိတ်ထဲတစ်မျိုးပင်။ မျက်နှာသစ်သပ်ပြီး မီးဖိုချောင်အတွင်းဝင်တော့ ကိုယ့်အတွက် မနက်စာနဲ့နေ့လည်စာကိုပြင်သွားပေးမှန်းသိလိုက်ရသည်။
အုပ်စိုးတစ်ယောက်တည်းနေရတာပျင်းလာတာမို့ အပြင်ထွက်ဖို့စဥ်းစားမိပေမဲ့ ရာသီဥတုက ပူတာကြောင့် အိမ်ထဲမှာပဲ လှည့်ပတ်နေမိ၏။
Ting......Ting....
"...."
"Diego ပါ boss "
"Diego.... မင်းအဆင်ပြေရဲ့လား..."
"ပြေပါတယ် ဒီဘက်အခြေအနေကတော်တော်လေးတော့ငြိမ်သွားပြီ boss ဒါပေမဲ့ သွေးရောင် တို့အဖွဲ့ကအကြီးအကဲတွေနဲ့ချိတ်ဆက်ထားလို့ ...ကျွန်တော်တို့အနေနဲ့ တော်တော်လေးရှောင်တိမ်းနေရပါသေးတယ်"
"အင်း... တခြားလူတွေရော အခြေအနေကောင်းရဲ့လား..."
"ကောင်းပါတယ် boss. ... ဒါပေမဲ့ ကောင်းခန့်ကတော့... ကျသွားပါတယ်..."
အုပ်စိုး လက်သီးကတင်းကနည်းပင်၊ ကောင်းခန့်ဆိုတဲ့ကလေးကပျော်ပျော်နေတတ်ပြီး အဖွဲ့ထဲမှာ အငယ်ဆုံးလည်းဖြစ်သည်။ သူတို့ အဖွဲ့ရဲ့ ဆည်းလည်းလေးဆိုပြီးတောင် စနောက်ပြီး သူ့ကိုယ်သူ ပြောတတ်သည့်ကလေးပင်။ အငယ်လေးကတည်းက အုပ်စိုးဆီရောက်လာပြီး အတော် ခင်တွယ်မိခဲ့တဲ့ကလေးတစ်ယောက်...
"တောက်......!"
"Boss အခြေအနေရော .. အဆင်ပြေရဲ့လား..."
"ငါ့ကိုမပူနဲ့ Diego ကျန်တဲ့ကလေးတွေနေရတာအဆင်ပြေရဲ့လား လိုအပ်တဲ့ ပိုက်ဆံထက်ပိုပေးလိုက် နောက်ပြီး လုံလုံခြုံခြုံနေ... အခြေအနေငြိမ်သွားတာနဲ့ ငါလာခဲ့မယ် အခုတော့ မင်းတို့ လုံခြုံအောင်သာနေကြ"
"ဟုတ်ကဲ့ boss အကြာကြီးမဆက်သွယ်လိုက်မိလို့တောင်းပန်ပါတယ်...."
"ထားတော့.... မင်းတို့တွေအကုန်လုံခြုံတယ်ဆိုရင် ငါတစ်ဖက်ကနေလှုပ်ရှားတော့မယ် စိတ်မပူနဲ့... အရင်လိုပြန်ဖြစ်အောင် ငါကြိုးစားမယ် diego ကြားလား..."
YOU ARE READING
He is my man(Complete)
FantasySky💙 * Warning * "ဒီထက်ပိုပြီး မချစ်မိအောင် ကြိုးစားတော့မှာမလို့ ဒီတစ်ရက်က နောက်ဆုံးပဲ..."