10

2.9K 104 0
                                    

He is my man - 10

တင်းကြပ်စွာ နမ်းရှိုက်ခံနေရသည့်တိုင် အုပ်စိုးရုန်းမထွက်နိုင်ခဲ့ဘူး။ အနမ်းတွေအောင်မှာ ခြေချုပ်မိနေရင်း ရုန်းကန်လိုစိတ်တွေကုန်ခမ်းလာခဲ့တော့သည်။ အနမ်းတွေကြာရှည်လာလည်း လွမ်းမောမှုအောက်မှာနစ်မြုပ်ကုန်ပြီး အရူးလိုတုံ့ပြန်မိသည်။ မင်းကိုလွမ်းနေတာ ဒီနှုတ်ခမ်းတွေကို လွမ်းနေတာလို့ ဝန်ခံတာမျိုးကိုတော့ အုပ်စိုးအနေနဲ့လုပ်မှာ မဟုတ်ပေမဲ့....

"ဟင်း...."

အနမ်းရှည်ကြီးပြီးဆုံးသွားတဲ့အခါ ဘုန်းရှိန်ကသူ့ရဲ့ မျက်ဝန်းလှလှလေးတွေနှင့် ဆူးရဲစွာကြည့်လာခဲ့သည်။ နှစ်ယောက်သား ပင့်သက်ရှိုက်ရင်း ခဏတွင်းမှာပဲ ပူးကပ်နေသည့်ခန္ဓာကိုယ်နှစ်ခုကကွာဟသွား၏။

အုပ်စိုးသူ့နှုတ်ခမ်းတွေအား သူ့ဘာသာပွတ်သပ်ပြီး မျက်နှာလွှဲလိုက်သည်။သူဘာကြောင့်များ အနမ်းတွေကိုသဘောကျမိတာလည်းစဥ်းစားလို့ကိုမရဘူး။ကောင်လေးက ရင့်ကျက်သွားသည့်ပုံပေါ်နေပေမဲ့ အခုထိလှပနေဆဲပဲ။

"ဘုန်းရှိန်.... မင်းဘာဖြစ်ချင်တာလဲ..."

"အခုကစပြီး ကျုပ်နဲ့ခင်ဗျားက ရန်သူတွေပဲ.... Miguel ကိုသေချာကာကွယ်ထားပါ ... ကျုပ်လုယူပြီးမှ မတရားဘူးဆိုပြီးမပြောနဲ့..."

"မင်းလိုလက်တောက်လောက်ကောင်လေးက ငါ့ကိုခြိမ်းခြောက်နေတာလား.... ဟာ့..."

အုပ်စိုး နှုတ်ခမ်းထောင့်ကိုပွတ်သပ်နေရင်း ကောင်လေးကိုလှောင်ရယ်လိုက်သည်။ထို့နောက် ကျောခိုင်းလိုက်သည့်အခါ ကောင်လေးဘက်က တိတ်ဆိတ်နေ၏။အုပ်စိုးကားပေါ်သို့တက်ဖို့အလုပ်မှာ အုပ်စိုးဆီသို့ပြေးလာသည့် ခြေသံကိုကြားလိုက်၏။တစ်ဆက်တည်းမှာပဲ ခါးကို ရစ်ပတ်ပြီး ကျော်ဘက်ကနေ ဖက်တွယ်ထားခြင်းကိုခံလိုက်ရ၏။ကျောပြင်တစ်ဝိုက် စိုစွတ်မှုတစ်ခုကိုခံစားရပြီးနောက် ဂုတ်ပိုးထပ် အနမ်းတစ်ခုကျရောက်လာခဲ့သည်။

"ဒီထက်ပိုပြီး မချစ်မိအောင် ကြိုးစားတော့မှာမလို့ ဒီတစ်ရက်က နောက်ဆုံးပဲ..."

ထို့နောက် အုပ်စိုးတစ်ယောက်တည်းကျန်ရစ်ခဲ့တော့သည်။ကားထဲသို့ဝင်လိုက်ပြီး တည်နေရာသို့မောင်းထွက်လာခဲ့လိုက်၏။ အုပ်စိုးကျောပြင်ဟာ အခုထိနွေးနေဆဲဖြစ်သလို စိတ်ထဲမှာ တစ်မျိုးတစ်မည်ခံစားနေရပြန်သည်။

He is my man(Complete)Where stories live. Discover now