12

2.4K 89 1
                                    

He is my man - 12

အုပ်စိုး မနက်စာစားဝိုင်းသို့ရောက်သည့်အခါ အိမ်က စားပွဲအတွင်း အဖွဲ့ထဲက ကလေးတွေနဲ့ ပြည့်လို့နေပြီ။အိမ်မှာ အားလုံးစုပြီး နေကြသည်မို့  မနက်စာ စားချိန် ညစာစားချိန်ဆို လူစုံပြီး ထမင်းလက်စုံစားကြရတာ မြိန်လှသည်။ အုပ်စိုးရောက်လာတိုင်း သူတို့ကတော့ လုပ်နေကြအတိုင်း အုပ်စိုးကို ဝိုင်းပြီး အလေးပြုကြတော့ ထိန်းရသေးသည်။ဒီလောက်ထိ စည်းစည်းလုံးလုံး လုပ်နေတာ ကုမ္ပဏီ မှာလည်း အကျင့်တွေပါပြီး လုပ်နေမှာစိုးလို့ အုပ်စိုးမှာ အမြဲ အကျင့်ကိုပြင်ဖို့ပြောနေရသည်။

"မင်းတို့ကလည်းကွာ အခုထိ လူမိုက်တွေလိုလုပ်နေဦးမှာလား..."

"ကျွန်တော်တို့က လူမိုက်တွေမဟုတ်ပါဘူးဗျာ.."

"အေးပေါ့ မင်းတို့ကလူမိုက်တွေမဟုတ်ဘူးလေ တခြားသူတွေကတော့ လူမိုက်တွေ ရာကူဇာ တွေလို့ထင်လိမ့်မယ် ကျက်ကျက်လုပ်.."

"ဟီး boss ကလည်း မနက်စာစားချိန်ကြီးကိုဆူနေတော့မှာလား "

"အာလူးက မင်းကလေ စားဖို့ပဲသိတာ.."

"အစ်ကိုကြီးကလည်း သားကဗိုက်ဆာနေပြီ ဟီး.."

"ကယ်ကယ် စားကြတော့ နှုတ်ဆက်တဲ့အကျင့်ကြီးဖျောက်ကြစမ်းပါကွာ.. ကုမ္ပဏီ မှာ အလုပ်လုပ်ရတာ အဆင်ပြေကြတယ်မလား.."

"ပြေပါတယ် Boss "

"ကောင်းတယ် ဟေ့ကောင်တွေရေ ဒါဆို မင်းတို့လည်း ကိုယ်ပိုင် Condo  ဝယ်ချင်တဲ့လူတွေ မိုက်ကယ့် ဆီကိုစာရင်းပေးထားလိုက် ငါမင်းတို့ကို ဝယ်ပေးမယ် ပြီးရင် မင်းတို့စော်တွေနဲ့ပဲနေနေ မိဘတွေနဲ့ပဲနေနေ ရပြီ အဲ့တာ မင်းတို့အပိုင်ဖြစ်ပြီ ကြားကြလား.."

"ဟုတ် boss ကျေးဇူးတင်ပါတယ် "

"လုပ် လုပ်စားကြ  ဒီနေ့လစာရမှာမလား ကောင်းကောင်း ပျော်ခဲ့ကြဦး..."

"Boss လစာက ကျွန်တော်တို့က ဘာအတွက်ရမှာလဲ.."

" Miguel ဆီကရော Company ဆီကပါရမှာ တွေးပူမနေနဲ့"

"ယေး... ဒီညကလပ်သွားမယ်.."

"ကျွန်တော်လည်းလိုက်မယ်"

He is my man(Complete)Where stories live. Discover now