He is my man - 17
မိုက်ကယ်က ဘုန်းရှိန်ကို မယုံပါသို့ပေမဲ့ ဘုန်းရှိန်ဦးဆောင်လာသည့်နောက်သို့ လိုက်လာပေးပြီး သူတို့တွေအတူပူးပေါင်းကာ အုပ်စိုးကို ရှာဖွေခဲ့သည်။ ခြေရာခံစက်အကူအညီနဲ့အတူ လျို့ဝှက်ခန်းတွေကို ရှာဖွေပြီးနောက် အုပ်စိုးကို ချုပ်နှောင်ထားသည့်နေရာကိုတွေ့လိုက်လျှင်
ဝမ်းဗိုက်အတွင်းသွေးများစိုရွှဲနေပြီး ထိုသွေးများအားထပ်မထွက်စေရန် အင်္ကျီစတစ်ခုဖြင့် ပတ်၍ချည်နှောင်ထားသည်။ ဝါယာရှော့ခ်တိုက်သည့်နေရာမှာ ဖမ်းချုပ်ထားပြီး သူတို့လိုချင်တာမရသည့်အခါ ရှော့ခ်တိုက်ပြီးခြိမ်းခြောက်ဖို့ပြင်ဆင်ထားပုံ့ပေါ်၏။ ဒီမြေအောက်ခန်းက ဖုန်းလှိုင်းအဆက်အသွယ်မရသည့်နေရာမျိုးဖြစ်တာကြောင့် ဘုန်းရှိန် တည်နေကို ရရှိသွားတယ်ဆိုတဲ့အကြောင်း ဒီကနေလူတွေမသိသေးတာကံကောင်းသည်။ဦးလေးလည်း ဒီကိုမရောက်သေးတာဖြစ်မည်။
အုပ်စိုးကိုသူတို့မြင်နေရပေမဲ့ ဒီဖန်လုံခန်းထဲကို ဝင်ဖို့အတွက် Password လိုအပ်တယ်။တစ်လုံးလေးတောင် မှားလို့မရဘဲ မှားယွင်းမိတာနဲ့ လျှပ်စစ်ဓာတ်တွေက အလိုအလျောက်စီးဝင်ကုန်မှာပင်...
"မင်း password သိလား"
"မြေပုံမှာ ဖော်ပြထားတဲ့ password ကိုဖျက်ဆီးထားတယ်"
"ဒါဆိုဘယ်လိုလုပ်ကြမလဲ..."
"မိုက်ကယ်... Luis ကိုဆက်သွယ်မှဖြစ်မယ်"
"အာ... ဒါဆိုငါဆက်သွယ်ဖို့အပေါ်ကိုသွားလိုက်မယ်"
မိုက်ကယ်သွားဖို့လုပ်သည့်အခါ ဘုန်းရှိန်ကလှမ်းတား၏။
"တစ်ယောက်တည်းဆို အန္တရာယ်များတယ် အကုန်လုံးကိုခေါ်သွားလိုက် "
"မင်းကို ငါတို့... မယုံဘူး..."
"ကျွန်တော်က ခင်ဗျားအန္တရာယ်ရှိလို့ပြောနေတာ .... သူက...သူက ခင်ဗျားတို့ကိုမထိခိုက်စေချင်ဘူး ပွန်းရာလေးတောင်လိုချင်မှာမဟုတ်ဘူး..."
ပြောနေရင်း ဘုန်းရှိန်မျက်ဝန်း၌ မျက်ရည်တို့ဝေသီလာသည်။ သူသိတဲ့ Ricardo က အဲ့လိုလူပဲဆိုတာကိုသိတယ်။ သူ့လူယုံတွေအပေါ် ဘယ်လောက်ပြည့်ဝတဲ့သူဆိုတာကိုသိတယ်။ဘယ်လောက်ဂရုစိုက်ပြီးခင်တွယ်လဲဆိုတာကို ဘုန်းရှိန်သိတယ်။ဒီလိုလူကောင်းကို ဒီလိုလုပ်ရပ်တွေနဲ့ ပေးတွေ့တဲ့ ဘုရားသခင်ကို ဘုန်းရှိန်မေးခွန်းတွေအကြိမ်ကြိမ်မေးမိမတတ်ဘဲ။
YOU ARE READING
He is my man(Complete)
FantasiSky💙 * Warning * "ဒီထက်ပိုပြီး မချစ်မိအောင် ကြိုးစားတော့မှာမလို့ ဒီတစ်ရက်က နောက်ဆုံးပဲ..."